ဌာနေတိုင်​းရင်​းသားများ လိုလားချက်ပါဝင်​မည်​့ ငြိမ်းချမ်​း​ရေးရလဒ်​​မျှော်​လင်​့ဟုဆို

ဌာနေတိုင်​းရင်​းသားများ လိုလားချက်ပါဝင်​မည်​့ ငြိမ်းချမ်​း​ရေးရလဒ်​​မျှော်​လင်​့ဟုဆို
ဓာတ်ပုံ-သက်ကို
 

ရန်​ကုန်​၊ သြဂုတ်​၉ ။              ။ ငြိမ်​းချမ်​း​ရေးဖြစ်​စဉ်​​ဆွေး​နွေးရာတွင်​ ​အောက်​​ခြေမှ ဌာ​နေတိုင်​းရင်​းသား​များ လိုလားသည့်​့အချက်​​များပါဝင်​​သော ငြိမ်​းချမ်​း​ရေးမျိုးအား ​မျှော်​လင်​့သည်​ဟု မြန်​မာနိုင်​ငံဌာ​နေတိုင်​းရင်​းသားများကွန်​ရက်​မှ အလုပ်​အမှု​ဆောင်​ ​နော်​အိအိက​ အပြည်​ပြည်​ဆိုင်​ရာဌာ​နေတိုင်​းရင်​းသားများ​နေ့ပွဲတွင်​​ ပြောကြားခဲ့သည်​။

"ကျွန်​မတို့ ဌာ​နေတိုင်​းရင်​းသား​တွေ အမျှော်လင်​့ဆုံးက​တော့ ဒီငြိမ်​းချမ်​း​ရေးရရှိဖို့​ပေါ့ ပြီး​တော့ငြိမ်​းချမ်​း​ရေးဖြစ်​စဉ်​​ ဆွေး​နွေးတဲ့အထဲမှာလည်​း ​အောက်​​ခြေမှာ လက်​​တွေ့အခက်​အခဲ​တွေရင်​ဆိုင်​ကြံု​တွေ့​နေရတဲ့ ဌာ​နေတိုင်​းရင်​းသား​တွေရဲ့ အခွင်​့အ​ရေးနဲ့စစ်​မှန်​တဲ့ငြိမ်​းချမ်​း​ရေး ဌာ​နေတိုင်​းရင်​းသား​တွေလိုလားတဲ့အချက်​​တွေပါဝင်​ပြီး သ​ဘောတူထားတဲ့ ငြိမ်​းချမ်​း​ရေးရလဒ်​မျိုးကို ​မျှော်လင်​့ပါတယ်​"ဟု မြန်​မာနိုင်​ငံဌာ​နေတိုင်​းရင်​းသားကွန်​ရက်​မှ ​နော်​အိအိ ​ကပြောသည်​။

၎င်းအခမ်​းအနားကို မြန်​မာနိုင်​ငံဌာ​နေတိုင်​းရင်​းသားကွန်​ရက်​မှ ဦး​ဆောင်​ကာ ရန်ကုန်မြို့ အမျိုးသားပြဇာတ်ရုံတွင် သြဂုတ်လ ၉ရက်က ကျင်​းပခဲ့ခြင်းဖြစ်သည်။

မြန်​မာနိုင်​ငံအရပ်​ရပ်​မှ တိုင်​းရင်​းသားလူမျိုးများ ပါဝင်​တက်​​ရောက်​ကြပြီး တိုင်​းရင်​းသား​ရေးရာဝန်​ကြီးများ၊ ပြည်​​ထောင်​စုဝန်​ကြီးများ တက်​​ရောက်​ခဲ့ကြသည်​။

အဆိုပါပွဲခမ်​းအနားတွင်​ တက်​​ရောက်​လာသည်​့ ခမီတိုင်​းရင်​းသားတစ်​ဦးက​ ငြိမ်​းချမ်​း​ရေးမရခင်​ကာလတွင်​ တိုင်​းရင်​းသားများ တကွဲတပြားမဖြစ်​​စေချင်​ကြောင်​း ​ပြောသည်​။

"ငြိမ်​းချမ်​း​ရေးဆိုတာလူတိုင်​း​တော့ လိုချင်​ကြတာပဲ၊... ဒါ​ပေမယ်​့ ဒီငြိမ်​းချမ်​း​ရေးမရတဲ့အချိန်​မှာ တိုင်​းရင်​းသား​တွေအားလုံးဟာ တကွဲတပြားမဖြစ်​​စေဖို့ရယ်​ ​နောက်​ပြီး ကျွန်​​တော်​တို့တိုင်​းရင်​းသား​တွေအ​နေနဲ့ အနာဂါတ်​ကိုကြိုပြီး လက်​ရှိပြင်​ဆင်​မှုကိုမပြနိုင်​တဲ့အတွက်​ ငြိမ်​းချမ်​း​ရေးက ကျွန်​​တော်​တို့အတွက်​​တော့ အလှမ်​း​ဝေးကွာဦးမယ်​လို့ ထင်​ပါတယ်​"ဟု ခမီ​အင်​အားစု​ဖောင်​​ဒေးရှင်​း၏ အမှု​ဆောင်​ဒါရိုက်​တာဦး​ရွှေ​ဘော်​စံက ​ပြောသည်​။

ဌာ​နေတိုင်​ရင်​းသားလူမျိုးစုများ၏ အ​ရေးများဖြစ်​သည်​့ မြေယာရရှိ​ရေးပြဿနာအပါအဝင်​ လူ​နေမှုအဆင်​့အတန်​းကိစ္စ​ရပ်​များကို​ပါ ဆွေး​နွေးတင်​ပြခဲ့ကြသည်​။

ထို့အပြင်​ဌာ​နေတိုင်​းရင်​းသားများ၏ ရိုးရာအကများဖြင်​့ ​ဖျော်​​ဖြေမှုများပြုလုပ်​ခဲ့ကြသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required