ဆန်းချက်ဇ် ၀မ်းဗိုက်ဒဏ်ရာရရှိသည်ဆိုခြင်းကို အာဆင်နယ်ပရိသတ်များ ယုံကြည်မှုမရှိ

ဆန်းချက်ဇ် ၀မ်းဗိုက်ဒဏ်ရာရရှိသည်ဆိုခြင်းကို အာဆင်နယ်ပရိသတ်များ ယုံကြည်မှုမရှိ

သြဂုတ် ၉၊ အင်္ဂလန် ။              ။ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်သည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က လေ့ကျင့်ရေးကွင်းတွင် ၀မ်းဗိုက်ကြွက်သားဒဏ်ရာ ရရှိခဲ့သောကြောင့် လက်စတာနှင့်ကစားရမည့် အာဆင်နယ်အသင်း၏ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း နည်းပြအာစင်ဝင်းဂါးက အတည်ပြုပြောဆိုခဲ့သည်။

၀င်းဂါးက ထိုကဲ့သို့ ပြောဆိုခဲ့ပြီးနောက်တွင် အာဆင်နယ်အသင်းပရိသတ်များက ထိုသတင်းကို အယုံအကြည်မရှိကြောင်း လူမှုကွန်ယက်စာမျက်နှာများတွင်ရေးသားခဲ့ကြသည်။

ပရိသတ်တစ်ဦးကဆိုလျှင် ဆန်းချက်ဇ်သည် ပုံမှန်ဆိုလျှင် ဒဏ်ရာရှိနေလျှင်တောင် အနာခံပြီး ပါ၀င်ကစားသည့်ကစားသမားဖြစ်ပြီး ယခု ၀မ်းဗိုက်ဒဏ်ရာလေးရရုံဖြင့် အဖွင့်ပွဲကို လွဲချော်မည်ဆိုခြင်းမှာ အမှန်တကယ်လားဟု မေးခွန်းထုတ်ခဲ့သည်။

ဆန်းချက်ဇ်သည် ချန်ပီယံလိဂ်ကစားလိုသောကြောင့် အသင်းမှထွက်ခွာမည်ဟု ပြောဆိုထားသူဖြစ်သည်။ အာစင်ဝင်းဂါးက ဆန်းချက်ဇ်ကိုရောင်းချမည်မဟုတ်ဟု ပြောဆိုထားသော်လည်း လက်ရှိတွင် ၎င်းကို မန်စီးတီးအသင်းက ခေါ်ယူရန် ကြိုးပမ်းလျက်ရှိသည်။

ဆန်းချက်ဇ်သည် ပြီးခဲ့သည့်အပတ်ကမှ အာဆင်နယ်အသင်းသို့ ပြန်လည်ရောက်ရှိလာပြီး ကွန်မြူနတီဒိုင်းပြိုင်ပွဲကို ပွဲကြည့်စင်မှသာ အားပေးခဲ့သူ ဖြစ်သည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required