မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် တရုတ်က ကျပ်သန်း(၂၀၀)လှူဒါန်း

မြန်မာအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် တရုတ်က ကျပ်သန်း(၂၀၀)လှူဒါန်း

နေပြည်တော်(ဩဂုတ် ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အလှူငွေအဖြစ် ကျပ်သန်း(၂၀၀)လှူဒါန်းလိုက်သည်။

အဆိုပါ အလှူငွေ ကျပ်သန်း ၂၀၀ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သံအမတ်ကြီး H.E Mr. Hong Liang က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် ဩဂုတ်လ ၉ရက်၊ နံနက် ၉နာရီတွင် လာရောက် လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ ဒုတိယဥက္ကဌဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အလှူငွေကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required