ရွေးကောက်ပွဲနှင့် အမျိုးသမီး

ရွေးကောက်ပွဲနှင့် အမျိုးသမီး

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ ဝင်ရောက် ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများလည်း ပြင်ဆင်မှုများကို စတင် ပြုလုပ်နေပြီဖြစ်သည်။ သို့ဖြစ်၍ မဇ္ဈိမ၏ ရွေးကောက်ပွဲနှင့် အမျိုးသမီး အစီအစဉ်တွင်  ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြ မည့် ကိုယ်စားလှယ်လောင်း အမျိုးသမီးနှစ်ဦးနှင့် ဆွေးနွေးထားပြီး ရွေးကောက်ပဝင်သည့် ရည်ရွယ် ချက်များ၊ ပါတီများတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပါဝင်မှု၊ အမျိုးသမီး ကိုယ်စားလှယ် လောင်းများ၏ အခက်အခဲများ စသည်တို့ကို မေးမြန်း ဆွေးနွေးထားသည်။

ပါဝင်ဆွေးနွေးပေးကြသူများမှာ ကရင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းအဖြစ် ဝင် ရောက်ယှဉ်ပြိုင်မည့် နန့်ရှူဂေးခလိန် နှင့် ကရင်ပြည်သူ့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် နန့်ခင်အေး ဦးတို့ဖြစ်ပြီး စီစဉ်တင်ဆက်သူမှာ ပျိုးလက်ဟန် ဖြစ်သည်။  ၎င်းတို့နှစ်ဦးသည် ယခုတစ်ကြိမ် ရွေး ကောက်ပွဲတွင် ပထမဦးဆုံးအကြိမ် ဝင်ရောက် ရွေးချယ်ခံကြမည့် သူများဖြစ်သည်။

ပျိုးလက်ဟန်

ဆရာမ (နန့်ခင်အေးဦး) ဆိုလို့ရှိရင်လဲ တက္ကသိုလ်ကျောင်းမှာ ဆရာမ လုပ်ခဲ့တယ်။ ဆရာမနန့် ရှူဂေးခလိန် ဆိုလို့ရှိရင်လဲ ရှေ့နေလုပ်ခဲ့ဘူးတယ်။  ဆရာမတို့ ရွေးကောက်ပွဲမှာ ရွေးချယ်ခံဖို့အတွက် ဘယ်လိုဆုံးဖြတ်ခဲ့တာလဲဆိုတဲ့ ဆရာမတို့ အတွ့အကြုံလေးကို ကျန်တဲ့လူတွေလည်း သိသွားအောင် လို့ ပြောပြပေးပါဦး။

နန့်ခင်အေးဦး

ဆရာမကတော့ ကျောင်းသူဘဝတည်းက ဒီတက္ကသိုလ်ဆိုင်ရာမှာ ပါဝင်လှုပ်ရှားခဲ့တာပေါ့။ အကတွေရော နောက်ကျန်တဲ့  activities တွေမှာ လှုပ်ရှားခဲ့တယ်။ ဆရာမဖြစ်လာတဲ့ အခါမှာလဲထောက်လျှောက်ဘဲ လုပ်ခဲ့ပါတယ်။ ပုသိမ်ကောလိပ် ၊ ရန်ကုန်တက္ကသိုလ် ၊ နောက်ဒဂုံတက္ကသိုလ် နောက်ပြည်တက္ကသိုလ်ပေါ့နော် နောက်ဆုံး ထမ်းဆောင်ခဲ့တာ။ အဲဒီမှာ လုပ်တဲ့အခါမှာ ဆရာမအနေနဲ့ အဓိကကတော့ ကိုယ့်ကရင် အမျိုးသားတွေရဲ့ အားနည်းနေတ ဲ့အချက်ကလေးတွေကို ဖြည့်ဆည်း ပေးဖို့အတွက် အဓိကပါ။ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရည်စူးထားပါတယ်။ အဲ့ဒီအတွက်  ၂၀၁၀ တုန်း က မိတ်ဆွေတွေက ခေါ်သော်လည်းဘဲ ဖွံ့ဖြိုးရေးမှာဘဲ နေဦးမယ်ဆိုပြီးတော့ နေခဲ့ပါတယ်။ သို့သော် လည်းဘဲ ကြည့်တဲ့အခါမှာ ဆရာမတို့ ကရင်အမျိုးသားတွေဟာ ကရင်ပြည်နယ်ရဲ့ပြင်ပ မှာ ဒုနဲ့ထည်နဲ့ ရှိတယ်။ ပြီးတော့  ဆရာမတို့ အမျိုးသမီး တစ်ယောက်အနေနဲ့ ပါဝင်ခြင်းအားဖြင့် ကျန်တဲ့အမျိုးသား ထုကော အမျိုးသမီးထုတွေကိုကော အားပေးချင်တဲ့ စိတ်လဲပါပါတယ်။ အဲ့ဒါကြောင့် မို့လို့ နိုင်ငံရေး လောကထဲကို ၂၀၁၄ နောက်ပိုင်းမှာ ဝင်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ပျိုးလက်ဟန်

ဆရာမကလည်း ရှေ့နေတစ်ယောက် ဖြစ်တယ်ဆိုတော့ ဆရာမရဲ့ ရှေ့နေ အတွေ့အကြုံလေး ကရော ဆရာမ လွှတ်တော်ကိုယ်စာလှယ်လောင်း တစ်ယောက်ဖြစ်လာတဲ့အခါမှာ ဘယ်လိုမျိုး အထောက် အကူပြုလဲရှင်။

နန့်ရှူဂေးခလိန်

ကျွန်မက ချိန်ဘာဆင်းလိုက်တဲ့ အချိန်မှာ  ဆရာတွေနဲ့ လိုက်သွားပြီး လေ့လာတဲ့အခါကျတော့ ဒီအမှုတွေမှာ မတရားခံရတဲ့ သူတွေဆင်းရဲပြီးတော့ ရှေ့နေမငှားနိုင်တဲ့သူတွေ အဲ့ဒါတွေကို တွေ့လာ တဲ့အခါကျတော့ ဒီအလုပ်ကတော့ ကုသိုလ်လည်းရမယ်။ ဝမ်းလည်းဝမယ်။  အဲဒီလို တွေးတယ်။ ပြီး တော့ ဆရာမက ဒါမျိုးတွေ ကူညီချင်စိတ်ရှိတယ်ဆိုတော့  ရှေ့နေအလုပ်ကို လုပ်လိုက်တယ်။   ဒီရှေ့ နေအလုပ်ကို လုပ်နေရင်းနဲ့  ကရင်အမျိုးသားပါတီကို ထူထောင်မယ်လို့ ကျွန်မကိုပြောတယ်။ ဒီမှာ ပြည်သူ့လွှတ်တော် စဖြစ်တဲ့ အချိန်ပေါ့။ ဖြစ်ခါစ သူတို့ လာပြောတဲ့အခါကျတော့ ဒီပါတီမှာ  ကရင်အမျိုးသမီး တစ်ယောက်အနေနဲ့ ဝင်ပြီးတော့ ပါဝင်ပြီးတော့ ဆောင်ရွက်ပေးပါ ။ အဲဒီလိုမျိုးပြော တယ်။  အဖေတို့နဲ့လဲ တစ်အားရင်းနှီးတယ်ဆိုတော့ ဟုတ်ကဲ့ပါ ကျွန်မဝင်ပါပါ့မယ် ဆိုပြီးမှ ကျွန်မ ဝင်ပါလိုက်တယ်။ အဲ့ဒီဝင်ပါလိုက်တဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ကျွန်မဒီအပြင်မှာ ရှေ့နေ တစ် ယောက်အနေနဲ့ပေါ့နော် တစ်ယောက်ထည်း လိုက်ပြီးတော့ ပံ့ပိုးမယ်၊ ကူညီမယ် ဆိုတာထက် ဒီလိုပါ တီတစ်ခုမှာ ဝင်ရောက်ပြီးတော့ ဒီဆင်းရဲတဲ့လူတွေ ၊ ငွေကြေးမတတ်နိုင်တဲ့ လူတွေအတွက်ကို  ပိုပြီး တော့ ကျွန်မဆောင်ရွက်ပေးနိုင်မယ် လို့ထင်တယ်။ ဒါကြောင့်မို့လို့ ကျွန်မ အဲဒီလို ဝင်ပါလိုက်တယ် ။ နောက်တစ်ခါ ကျွန်မနကိုကတည်းက  ကရင်တိုင်းရင်းသားဆိုရင်လဲ  ကျွန်မတို့ ငယ်ငယ်ကတည်းက ကရင်လိုဘဲပြောခိုင်းတော့ ကရင်တိုင်းရင်းသားဆိုရင် တစ်အားချစ်တယ်။ နောက်တစ်ခြား လူတွေကို လဲ ဒီတစ်ခြားလူမျိုးပေါ့နော် အဲ့လို တောရွာကလူတွေကိုလည်း ကျွန်မတအား သနားတတ်တယ်။ ဂဃနဏပေါ့ ။ အဲ့ဒါမျိုးသူတို့ကို ကူညီချင်တာပေါ့။  

ပျိုးလက်ဟန်

နောက်ထပ် သိချင်တာလေးတွေကတော့ ဆရာမတို့ ဒီပါတီအနေနဲ့ပေါ့နော် ကရင်လူမျိုးပါတီ တွေနဲ့ရော ကရင်အမျိုးသားပါတီတွေနဲ့ရောပေါ့။ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စာလှယ်အ လောင်း အနေနဲ့ ဘယ်လောက်လောက် ရှိသလဲရှင့်။

နန့်ခင်အေးဦး

ကျွန်မတို့ ကရင်ပြည်သူ့ပါတီပါတော့ ၁၁၀ လောက်ရှိပါတယ်။ ဧရာဝတီတိုင်း၊ ရန်ုကုန်တိုင်း၊ ပဲခူးတိုင်း ၊ နောက်ကရင်ပြည်နယ်မှာ တစ်ချို့လည်း ပါပါတယ်။ အားလုံးစုစုပေါင်းတော့ ၁၁၀ ပေါ့။ ဒါပေမဲ့  သူတို့ နည်းနည်းလေး အလျှော့အတင်းတော့ ရှိနိုင်တာပေါ့။ ဘာလို့လဲဆိုတော့ ဖိုင်နယ်က  ၈ ရက်နေ့ ၈ ရက် ၈ လမှာ (မူလ သတ်မှတ်ထားသည့်ရက်) နောက်ဆုံး ပြောရမယ်ဆိုတော့ နည်းနည်း လေးတော့  စီစဉ်နေတာလေးတော့ ရှိတာပေါ့နော်။ ၁၀၀ အထက်မှာ ရှိလိမ့်မယ်လို့ ကျွန်မယူဆပါ တယ်။  

နန့်ရှူဂေးခလိန်  

ကျွန်မတို့ ပါတီအနေနဲ့ကျတော့ ပါတီခွင့်ပြုချက်ရတာက ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှ ကျွန်မ တို့ ရလိုက်တာ အဲဒီလို ရလိုက်တဲ့ အခါကျတော့ ဒီပါတီမှာ ဝင်ရောက်ယှဉ်ပြိုင်မဲ့ အရေအတွက် ပါတီ ဝင်အင်အား အဲ့ဒါတွေ အားလုံးကို အပြည့်အဝ ဖော်ထုတ်ပြလို့ မရသေးဘူး။ ရထားတာလေးတော့ရှိ တယ်။ ဆက်တိုက် ဝင်ရောက်နေတာတွေလည်း ရှိတယ်။

ပျိုးလက်ဟန်  

ဆရာမတို့ ပါတီမှာ အမျိုးသမီးပေါ့နော်။ ဆရာမတို့လိုမျိုးဘဲ လွှတ်တော် ကိုယ်စားလှယ် လောင်း အရေအတွက် ဘယ်လောက်လောက် ရှိလဲ။

နန့်ခင်အေးဦး

ကျွန်မတို့ပါတီမှာကတော့ အခု ၁၀၀ ကျော်မှာ အမျိုးသမီးက ၈ ယောက်ဘဲ ရှိပါတယ်။

နန့်ရှူဂေးခလိန်  

ကျွန်မတို့ပါတီမှာ ကျွန်မတစ်ယောက်ဘဲ ရှိတယ်။

ပျိုးလက်ဟန်  

အဲဒါဆိုရင်တော့ တကယ့်ကို ပြောပလောက်အောင်ကို အမျိုးသမီး အရမ်းနည်းနေတယ်။ အဲ့ဒီ တော့ ဆရာမအနေနဲ့ရော ဘာကြောင့် အမျိုးသမီးလွှတ်တော် ကိုယ်စာလှယ်လောင်းတွေ နည်းနေရတာလဲ နည်းနေတဲ့လို့ ထင်တယ်ပေါ့။ ဘာအခက်အခဲတွေများ ရှိလဲဆရာမ။

နန့်ခင်အေးဦး

အခက်အခဲကတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့တိုင်းပြည်ရဲ့ ဒီမြန်မာနိုင်ငံရဲ့ အခြေအနေ ကိုက culture (ယဉ်ကျေးမှု ) အရပေါ့နော်။ ကိုယ့်ရဲ့ ယဉ်ကျေးမှုအရကို အမျိုးသမီးတွေ က တစ်ဆင့်ချင်း နည်းနည်း နိမ့်နေတဲ့ သဘောရှိပါတယ်။ အဲ့တော့ ဒီပြင်ပကို သွားမဲ့ကိစ္စမျိုးတွေ နိုင်ငံ ရေးကိစ္စမျိုးတွေဆိုတာ ဒါအမျိုးသမီးတွေ လုပ်ဖို့မလိုဘူး။ ဒါအမျိုးသားတွေရဲ့ ကိစ္စဆိုတာမျိုးက အမျိုး သမီးတွေ တော်တော်များများရဲ့ ခေါင်းထဲမှာဘဲ စွဲတယ်။ ပြီးတော့ အမျိုးသမီးတွေကလည်း    အထူး သဖြင့် ကျေးရွာတွေမှာပေါ့  ဒီအတိုင်းကြီးဘဲ။ အခုနည်းနည်း ခေတ်ပညာတတ်လာတဲ့ အမျိုးသမီးတွေ ကသာပင်လျှင် နိုင်ငံရေးကိစ္စတွေမှာ အခုခေတ်ဆိုရင် တော်တော်လေး စိတ်ဝင်စားလာကြပြီ။ သို့သော် လည်း နိုင်ငံရေးပါတီတွေမှာ ဝင်တဲ့ အားနည်းတယ်ဆိုတာ သူတို့ ဝင်ရမယ့်ပါတီရဲ့အခြေအနေကို သူ တို့ သေချာမသိသေးတာ။ .. ပြီးတော့ သူတို့က အိမ်မှုကိစ္စတွေ လုပ်တဲ့အခါကျတော့  အပြင်ကို သိပ်မ ထွက်ကြဘူး ။ တစ်ချို့ပါလာတယ် နာမည်လေး လောက်ဘဲရှိတယ်။ အဲ့ဒါလေးတွေကတော့ ဆရာမအ မြင်ဆိုရင်တော့ တစ်ဖြည်းဖြည်း ပြုပြင်ပြောင်းလဲ ရမဲ့အချက်ပါ။ ဆရာမတို့ ကိုယ်တိုင်လည်း သိပါ တယ်။ ပါတီမှာ အမျိုးသမီးအင်အား ၃၀ ရာခိုင်နှုန်း ပါရမယ်ဆိုတာ   သူတို့ကို ရှင်းပြရမယ်။  သို့သော် လည်း အခုအချိန်အထိ ဆရာမရဲ့ အတွေ့အကြုံအရ ကျေးလက်ဒေသက လူတွေရဲ့ အတွေးအမြင် တွေက မဲပေးဖို့စနစ်ကအစ နိုင်ငံရေးကို ဝါသနာပါဖို့ကအစ အမျိုးသမီးတွေက အနောက်မှာ တော် တော်လေး ကျန်ခဲ့ပါပြီ။  ဒါကတော့ အဓိကဖြစ်တယ်။ သူတို့ကိုယ်တိုင် သူတို့စိတ်ဓာတ်ရှိလာဖို့ ဆရာမတို့ တော်တော်လေးကို အင်အားပေး ရမှာဖြစ်ပါတယ်။

ပျိုးလက်ဟန်

ဆရာမတို့ ပါတီအနေနဲ့ကကော ဒီအမျိုးသမီးတွေ စုဆောင်းတဲ့နေရာမှာ ဘယ်လိုမျိုး အခက် အခဲတွေ စိန်ခေါ်မှုတွေ ရှိလဲရှင့်။

နန့်ရှူဂေးခလိန်  

သူတို့က နယ်ကနေ ရန်ကုန်တက်လာဖို့ အဲ့လိုမျိုး သူတို့က အရမ်းကြောက်ကြတယ်။ ပထမ ဆုံးက အဓိက တရားခံကတော့ ဟိုးရှေးရှေးက မိဘတွေ အဘိုးအဘွားတွေပေါ့နော်။ သူတို့က တအား ရိုးတဲ့အခါကျတော့ သူတို့ သားသမီးတွေကို စိတ်မချဘူး။ ဒီပြင်ပကို လွတ်တဲ့အခါကျတော့ အတွေ့အ ကြုံအရမ်းနည်းသွားတယ်။ နောက်ဆုံး အခုအချိန်အထိ ရန်ကုန်မရောက်ဘူးသေးဘူးတဲ့ လူတွေရှိ တယ်။ တစ်ခါသူတို့ မြောင်းမြရွာ ကနေပြီးတော့ မြောင်းမြမြို့ကိုလည်း မရောက်ဘူးတဲ့သူရှိတယ်။ အဲ့လိုမျိုးတွေဆိုတော့ ပါတီဆိုတာကြီးကို နိုင်ငံရေးလုပ်ငန်း ကြောက်စရာကြီး။

သူတို့က မြင်တယ်။  မြင်တဲ့အခါကျတော့ သူတို့က သူတို့ကိုယ်တိုင် ဝင်ရောက်လာဖို့ မဝံ့ရဲကြဘူး။ သူတို့ဒါကို မစွမ်းဆောင် နိုင်ဘူးလို့ဘဲ သူတို့ ယူဆကြတယ်။ အဲ့ဒါကြောင့်မို့ ကျွန်မကနေပြီးတော့ ဒီအမျိုးသမီး တစ်ယောက်အ နေနဲ့ ကဏ္ဍ တစ်ခုခုပေါ်ကနေပြီးတော့ ဘယ်ရှု့ထောင့်ကဘဲ ဖြစ်ဖြစ် ပညာတတ်သည်ဖြစ်စေ မတတ် သည်ဖြစ်စေ နိုင်ငံအတွက် တစ်ခုခုတော့ရတယ်လို့ ကျွန်မကပြောရတယ်။ တို့ကရင်တွေ ရှေ့နေလုပ်ဖို့ လူတွေတော်တော်ကို နည်းပါတယ်။ မရှိဘူး အဲ့ဒါကို ကျွန်မအနေနဲ့ ကရင်အမျိုးသမီး တစ်ယောက်အ နေနဲ့ ဒါတွေဒါတွေ လုပ်လို့ရတယ်။ ဒီလိုလဲရတယ် သိစေချင်တယ်။ အဲ့လိုသိစေချင်တဲ့ အခါမှာ သူတို့ စိတ်ထဲမှာ ဟိုပိုပြီးတော့ ကျွန်မတို့လို သတ္တိတွေရှိလာမယ်လို့ ကျွန်မ ယူဆတယ်။ အဲ့ဒါကြောင့်မိုလို့ သူတို့ကလည်း ပါဝင်လာအောင် သူတို့ကို တွန်းအားပေးချင်တာပေါ့။ ယောင်္ကျားလေး တွေလိုဘဲ မိန်းကလေးတွေလဲ ဒါတွေစွမ်းဆောင်နိုင်တယ် ဒါစွမ်းဆောင်ရမဲ့အချိန်လဲ ရောက်နေပြီ ။ ဒါလေး ဒီလိုမျိုးလေး သူတို့ကို သိစေချင်တယ်လေ။

နောက်တစ်ပတ် ဆက်လက် ဖတ်ရှုပါရန်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags