၀င်ငွေအကောင်းဆုံး ဒီဂျေပညာရှင်စာရင်း၌ ကယ်လ်ဗင်ဟားရစ် ငါးနှစ်ဆက်တိုက်ဦးဆောင်

၀င်ငွေအကောင်းဆုံး ဒီဂျေပညာရှင်စာရင်း၌ ကယ်လ်ဗင်ဟားရစ် ငါးနှစ်ဆက်တိုက်ဦးဆောင်

စကော့တလန်နိုင်ငံသား ဒီဂျေပညာရှင် ကယ်လ်ဗင်ဟားရစ်သည် Forbes မဂ္ဂဇင်းမှ နှစ်စဉ်ထုတ်ပြန်သော ၀င်ငွေအကောင်းဆုံး ဒီဂျေပညာရှင်စာရင်း၌ ဒတ်ချ်ဒီဂျေသမား တီယက်စ်တိုနှင့် The Chainsmokers တို့ကို ဖြတ်ကျော်ပြီး ထိပ်ဆုံးမှ ငါးနှစ်ဆက်တိုက် ဦးဆောင်နိုင်ခဲ့သည်။

အသက် ၃၃နှစ်အရွယ် ကယ်လ်ဗင်ဟားရစ်သည် လွန်ခဲ့သောဇွန်လ ၂၀၁၆ မှ ၂၀၁၇ ဇွန်လအထိ လာ့စ်ဗီးဂတ်စ် နှင့် ဒီဂျေပွဲတော်များမှ ၀င်ငွေ ၄၈.၅ သန်း ရရှိခဲ့ပြီး နောက်ဆုံးထွက်ရှိထားသော သူ၏ပေါက်သီချင်းဖြစ်သည့် Feels မှလည်း ၀င်ငွေများ ရရှိထားသူဖြစ်သည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ၀င်ငွေအကောင်းဆုံး ဒီဂျေသမားဖြစ်ခဲ့သော တီယက်စ်တိုက ယခုနှစ်အတွင်း ၀င်ငွေ ဒေါ်လာ ၃၉ သန်း ရရှိပြီး နံပါတ် ၂ နေရာကို ရရှိထားကာ Closer ၊ Something Just Like This တို့ဖြင့် သီချင်းဇယားများ၌ ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သော The Chainsmokers က ၀င်ငွေ ဒေါ်လာ ၃၈ သန်းဖြင့် တတိယနေရာမှ ကပ်လိုက်နေသည်။

Forbes ၏ ၀င်ငွေအကောင်းဆုံး ဒီဂျေပညာရှင်စာရင်းထဲ၌ ၀ါရင့်ပြင်သစ်ဒီဂျေသမား ဒေးဗစ်ဂတ်တာနှင့် ဂျာမန် ပရိုဂျူဆာ ဇက်ဒ်တို့လည်း ပါ၀င်လျက်ရှိသည်။

ယခုနှစ်၏ ၀င်ငွေအကောင်းဆုံး ဒီဂျေပညာရှင်စာရင်းကို Nielsen၊ Pollstar နှင့် Bandsintown တို့မှ အချက် အလက်များကို ကြည့်ရှုကာ စာရင်းပြုစုထားခြင်းဖြစ်ကြောင်း Forbes က ကြေညာခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly