ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည်ဟု သံသယရှိရသော ယာဉ်မောင်းကို ဘရက်ဆဲလ်ရဲက ဖမ်းဆီး

ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည်ဟု သံသယရှိရသော ယာဉ်မောင်းကို ဘရက်ဆဲလ်ရဲက ဖမ်းဆီး

ဘရက်ဆဲလ်၊ သြဂုတ် ၉  ။           ။ ဘယ်လ်ဂျီယံနိုင်ငံ ဘရက်ဆဲလ်မြို့မှ ရဲတပ်ဖွဲ့ဝင်များသည် အင်္ဂါနေ့က မိုလန်ဘိခ်ခရိုင်အတွင်းရှိ ယာဉ်တစ်စီးကို စစ်ဆေးပြီးနောက်တွင် ဖောက်ခွဲရေးပစ္စညး်များ သယ်ဆောင်လာသည်ဟု သံသယရှိသောကြောင့် ယာဉ်မောင်း ဖြစ်သူကို ဖမ်းဆီးခဲ့ပြီး ထိုနေရာအား လုံခြံုရေးအပြည့်ချထားပြီးနောက် လူပေါင်း ၄၀၀ ခန့်ကို ယာယီထိန်းသိမ်း ထားခဲ့ကြောင်း ဒေသတွင်း သတင်းများ၌ ဖော်ပြခဲ့သည်။

RTL သတင်းကွန်ယက်၏အဆိုအရ ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ထိုယာဉ်ကို စစ်ဆေးကြည့်ရှုနေစဉ်အတွင်း သေနတ်ပစ်ဖောက်ခဲ့ကြောင်းနှင့် ယာဉ်မောင်းသည် ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာသည်ဟု သံသယ ရှိရသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

နောက်ပိုင်းစစ်ဆေးချက်များအရ ထိုယာဉ်မောင်းသည် ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်လာခြင်းမရှိဟု သိရသည်။

ယာဉ်မောင်းသည် ၁၉၈၁ ခုနှစ်တွင် မွေးဖွားခဲ့သော ရဝမ်ဒါနိုင်ငံသားဖြစ်ပြီး ဘယ်လ်ဂျီယံနိုင်ငံ၌ ၂၀၀၉ ခုနှစ် အထိနေထိုင်ခဲ့ပြီး လက်ရှိတွင် ဂျာမနီ၌ နေထိုင်နေသူဖြစ်ကြောင်း Belga သတင်းဌာနက တင်ပြခဲ့သည်။

ထိုအမျိုးသားသည် ဘယ်လ်ဂျီယံ၌နေထိုင်စဉ်က ရာဇဝတ်မှုမှတ်တမ်းများ မရှိခဲ့သော်လည်း ရှေ့နေချုပ်ရုံး၏ ထွက်ဆိုချက်အရ သူသည် စစ်ဆေးခံရချိန်၌ စိတ်မမှန်သော အပြုအမှုများဖြင့် တုံ့ပြန်ခဲ့ကြောင်း သိရသည်။

အာဏာပိုင်များသည် ထိုသူ၏ယာဉ်ကို ဆက်လက်ရှာဖွေခဲ့သော်လည်း ယာဉ်တွင်း၌ ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ခဲ့ရကြောင်း အတည်ပြုခဲ့ကြသည်။

အဆိုပါဖြစ်စဉ်သည် ဒေသစံတော်ချိန် ညနေ၅နာရီခန့်တွင် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ အဆိုပါအမျိုးသား၏ ယာဉ်ကို ရပ်ခိုင်းခဲ့သော်လည်း ထိုသူကမောင်းပြေးခဲ့ပြီး ရဲကားနှင့်တိုက်မိခဲ့စဉ်တွင် အခြေအနေဆိုးဝါးခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required