နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များ။ ကျွန်တော်တို့ အပတ်စဉ် တင်ဆက်ပေးနေကြ 4R Health Talk ကျန်းမာရေးရာအဖြေရှာ အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျ။ ဒီနေ့မှာတော့ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း (၁) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးမှာပဲ ဖြစ်ပါတယ် ခင်ဗျ။

မဇ္စျိမ - ပထမဆုံး မေးလာတာကတော့ May Myo Thu ဆိုတဲ့ တစ်ယောက်ပါ။ သူက ဘာမေးလဲဆိုတော့ လည်ချောင်းမှာ ခုလုခုလုဖြစ်ပြီး ချောင်းဆိုးတာ ၄ လရှိပါပြီ။ အထွေထွေကု သမားတော် ၂ ဦးဆီက Treatment ယူပါတယ်။ သလိပ်မထွက်ပါ။ အဆုတ်မှာလဲ Clear ပါတဲ့။ ချောင်းဆိုးတာကလည်း မပျောက်ဘူး ရင်လည်းကျပ်တယ်။ အဓိက ခံစားရတာက လည်ချောင်းမှာပါ အမြဲတမ်း သလိပ်ခပ်နေမိပါတယ်။ လေးလအတွင်းလည်း မဖျားပါဘူးတဲ့။ အဲဒါ ဘယ်လိုဖြစ်တာပါလဲတဲ့။

Prof: MMK - များသောအားဖြင့်တော့ ဒါမျိုးက လည်ပင်း ယားပြီး ချောင်းဆိုးတာပါ။ နှာစီးချောင်းဆိုးဖြစ်ပြီးတော့မှ ကျန်နေခဲ့တာမျိုး ဖြစ်တာများပါတယ်။ ပြီးတော့ အဓိကဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ ပတ်သက်ရင် လေအိပ်တွေမှာရှိတဲ့ အဲဒီက ထွက်လာတဲ့ အရည်တွေက အာခေါင်ထဲကို စီးကျတဲ့အခါမှာ လည်ပင်းယားပြီးတော့ ချောင်းဆိုးတာပါ။ အဲတော့ သူက စောစောကပြောသလို ပိုးသတ်ဆေးတွေသောက်ရသလို နှာခေါင်းရောဂါကိုလည်း ပျောက်အောင်ကုရမယ်ပေါ့နော်။ ဒါမှသာလျင် အရှင်းပျောက်မှာပါ။ အဲတော့ နှာခေါင်းဘေးမှာရှိတဲ့ လေအိတ်က ကျတဲ့အရည်တွေဟာ အာခေါင်ထဲကိုရောက်ရင် ယားပြီးတော့ ဆိုးတာပေါ့နော်။ အဲတော့ သူ့ကို သက်သာအောင်ဆိုရင် နှာခေါင်းရောဂါကို အရင် ပျောက်အောင် ကုမှပဲ ဖြစ်မှာပါခင်ဗျာ။

မဇ္စျိမ - နောက်တစ်ခုက ဦးခေါင်းမှာ နာတာလည်းမဟုတ်ဘူး ညောင်းတာလည်းမဟုတ်ဘူး လေးလေးကြီး ဖြစ်နေတာ အဲဒါ ဘာဖြစ်တာလဲ မသိဘူးခင်ဗျ။

Prof: MMH - ခေါင်းတစ်လျှောက်မှာ နောက်စေ့မှာ ထိုးတာကတော့ များသောအားဖြင့် ဖြစ်တတ်တာက သွေးတိုးရောဂါကြောင့် ဖြစ်တတ်တယ်။ လည်ပင်းမှာ အရိုးကျီးပေါင်းတတ် ရှိရင် ဖြစ်တတ်တယ်။

မဇ္စျိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ နောက်တစ်ယောက်ကတော့ ကိုကိုလွင် ဆိုတဲ့ တစ်ယောက်ပါခင်ဗျ။ သူက ဘာမေးထားလဲဆိုတော့ မကြာခဏ နှာခေါင်းပိတ် လည်ချောင်းနာ ချောင်းဆိုးဖြစ်တတ်လို့ ဘယ်လို ကာကွယ် ကုသရမယ်ဆိုတာ အကြံပေးပါဦး ခင်ဗျာတဲ့။

Prof: MMH -အဲတော့ အခုလိုမျိုး မိုးရာသီမှာ ဒါမျိုးက ခဏခဏ နှာခေါင်းလည်းပိတ်မယ် လည်ချောင်းလည်းနာမယ် ချောင်းလည်းဆိုးတယ်ဆိုတာ နှာစေချောင်းဆိုးတာပဲ။ ဒီဟာကတော့ များသောအားဖြင့် အခုခေတ် နှာခေါင်းကို လူထူထပ်တဲ့အထဲ မသွားဘူး။ သွားရင်လည်း နှာခေါင်းပိတ်ထားမယ်ပေါ့နော်။ နှာခေါင်းစည်းလေးတွေ အခုခေတ်မှာသုံးတဲ့ နှာခေါင်းစည်းလေးတွေ ကာထားမယ်ဆိုရင် ဒါ ကာကွယ်ပြီးသား ဖြစ်တယ်ပေါ့နော်။ နောက်တစ်ခါ မိုးရာသီထဲ သွားမယ်ဆိုရင် အပြင်မှာ မိုးစိုမယ်ဆိုရင် ထီးဆောင်းသွားမယ် ဦးထုပ်ဆောင်းသွားမယ် မိုးမစိုအောင် ဂရုစိုက်မယ်။ အအေးမိမခံဘူးဆိုရင် ဒီရောဂါတွေက ကာကွယ်ပြီးသားဖြစ်ပါတယ်။ နံပါတ် တစ်ကတော့ ဖုန်တွေ၊ အမှုန်အမွှားတွေ မရှူနဲ့၊ ရာသီဥတုဖြစ်တဲ့ အအေးမိမခံနဲ့ နောက်ပြီး နွေးနွေးထွေးထွေး နေလို့ရှိရင် ဒီရောဂါက ကာကွယ်ပြီးသားဖြစ်ပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်ကတော့ အပေါ်သွား နှုတ်ပြီးချိန်မှာ အကြောမလွတ်ဘူး ထင်ပါတယ်။ အရမ်းနာနေပါတယ်တဲ့။ အလွန် နာလွန်းပြီးတော့ အာသီးနာတာမျိုး ဖြစ်နေတယ်တဲ့ ဘယ်လိုလုပ်ရမယ်ဆိုတာ ဖြေပေးပါဦးခင်ဗျာတဲ့။

Prof: MMK -အဲတော့ အပေါ်သွားက နှုတ်တဲ့အခါမှာ သူ့မှာရှိတဲ့ သွားရဲ့အမြစ်မှာ အာရုံကြောလေးတွေရှိတယ်။ အဲဒါလေးတွေက တကယ်လို့ ကျန်နေမယ်ဆိုရင် အာရုံကြောယောင်တာ ဖြစ်တတ်တယ်။ ယောင်လို့ရှိရင် မေးရိုးမှာ ကိုက်တာတော့ ဖြစ်တတ်တယ်။ ဒါပေမယ့် ခုနကပြောတဲ့ အာသီးယောင်တာနဲ့တော့ နည်းနည်းတော့ သီးသန့်စီ တစ်ခုစီ ဖြစ်နေတယ်ပေါ့နော်။ အာသီးယောင်တာက ရောဂါတစ်ခု၊ စောစောက အပေါ်သွားနှုတ်လို့ အာရုံကြောတွေယောင်လို့ မေးရိုးတွေ ယောင်တာကတော့ ရောဂါတစ်ခုပါ။ သီးသန့်စီဖြစ်ပါတယ်။

မဇ္စျိမ - ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဆရာကြီး။ နောက်တစ်ခုက ခုနက ဆရာကြီး ပြောတဲ့အထဲမှာ ကွမ်းစားရင် ကင်ဆာဖြစ်တတ်တယ်တို့ ဆရာကြီးပြောသွားတဲ့အထဲမှာ လည်ပင်းကင်ဆာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဖြစ်များတယ်ပေါ့နော်။ ဒါကလည်း အရေးကြီးတဲ့ မေးခွန်းတစ်ခုလို့ ထင်ပါတယ်။ ကွမ်းစားရင် လည်ချောင်းကင်ဆာ ဖြစ်ပါသလားတဲ့။ ဘယ်လို ကာကွယ်ရမယ်ဆိုတာ ဆက်မေးပေးပါတဲ့။

Prof: MMK - ဟုတ်ကဲ့ ကွမ်းစားလို့ရှိရင် လည်ချောင်းတင်မကပါဘူး။ အစာရေမျိုဦးပိုင်း။ ပါးစောင်ကင်ဆာ၊ ခံတွင်းကင်ဆာ ဒါတွေလည်း ဖြစ်နိုင်ပါတယ်။ သူကတော့ ဘာပဲဖြစ်ဖြစ် ချက်ချင်းတော့ မဖြစ်ဘူးပေါ့။ ကွမ်းမှာပါတဲ့ ဓာတ်တွေရဲ့ ထုံးတို့ နောက်ပြီးတော့ ဆေးတွေရယ် ဆေးရွက်ကြီးတွေပါတယ်။ ဒီဟာတွေက အဓိက ကင်ဆာဖြစ်စေတယ်ပေါ့။ သူက ချက်ချင်းမဖြစ်တဲ့အခါမှာ လူတွေက သတိမထားမိဘူးပေါ့နော်။ နှစ်အကြာကြီးနေမှာ ဥပမာ ၅ နှစ် ၁၀ နှစ် တစ်ချို့ဆို အနှစ် ၂၀ လောက်နေမှ ဖြစ်ကြတယ်။ အထူးသဖြင့်တော့ ကွမ်းကို ငုံပြီးတော့မှ မထွေးပဲနဲ့ ကွမ်းကို ပါစပ်ထဲမှာ ငုံထားတဲ့သူတွေမှာ ပိုပြီးတော့ အဖြစ်များတယ်ပေါ့။

မဇ္စျိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်ထပ် မေးခွန်းတစ်ခုကတော့ လည်ပင်းမှာ ချွဲကပ်နေတဲ့ ပြဿနာပါ။ အဲဒါ ဘယ်လိုလုပ်ရမလဲ ဆရာကြီး ဖြေပေးပါဦးတဲ့

Prof: MMK - ဟုတ်ကဲ့ လည်ပင်းမှာ ချွဲကပ်နေတယ်ဆိုတာက စောစောကပြောသလို အဆုတ်ကြောင့်လည်း အချွဲထွက်တာဖြစ်တတ်တယ်။ နောက်တစ်ခုက လည်ပင်းရောင်လို့လည်း အချွဲထွက်တာ ရှိပါတယ်ခင်ဗျ။ အဲတော့ အဆုတ်ကြောင့် များလို့ရှိရင်တော့ ဓါတ်မှန်ရိုက်ကြည့်လို့ရှိရင် အဆုတ်မှာ ရောဂါရှိမရှိ ပေါ်နိုင်တယ်ပေါ့နော်။ အဲတော့ လည်ပင်းမှာ အချွဲကပ်တဲ့ဟာတွေကတော့ များသောအားဖြင့် အချိုတွေစားရင် ချွဲကပ်တဲ့ အစာတွေစားလို့ရှိရင် ဖြစ်တတ်ပါတယ်။ ဒီအစားအစာတွေကို ရှောင်လို့ရှိရင်တော့ ကောင်းနိုင်ပါတယ်။

မဇ္စျိမ - နောက်တစ်ယောက်ကတော့ ကိုသိန်းထွန်း ဆိုတဲ့လူက မေးထားတာပါ။ မနက်မနက်ဆိုရင် အိပ်ယာကထရင် ခါးနာတယ်တဲ့ ချက်ချင်း မထနိုင်ဘူးတဲ့။ လည်ပင်းမှ အလယ်မ ခါးအထိ နာပါတယ်တဲ့။ ဘယ်လိုကုသသင့်တယ်ဆိုတာကို မေးလာပါတယ် ဆရာကြီး။

Prof: MMK - အဲတော့ အိပ်ယာထတဲ့အချိန်မှာ လည်ပင်းတို့ ခါးတို့ နာတယ်ဆိုတာ ဒါကတော့ အရိုးအကြောနဲ့ ပိုပြီးတော့ သက်ဆိုင်တာပေါ့။ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့တော့ နည်းနည်းလေး ဝေးတာပေါ့။ ဒါကတော့ များသားအားဖြင့် ခန္ဓာကိုယ်ရဲ့ Position ပေါ် မူတည်ပြီးတော့ ညအိပ်တဲ့အချိန်မှာ ဘယ်လိုပုံစံမျိုး အိပ်တယ်ဆိုတဲ့ပေါ်မှာ မူတည်တယ်။ နောက် အိပ်ရာခင်းက ပျော့သလား မာသလားဆိုတဲ့အပေါ်မှာလည်း မူတည်သလို အအေးမိတဲ့အခါမှာလည်း လည်ပင်းနာတယ်၊ ခါးနတယ်၊ ကြွက်သားတွေနာတယ်ဆိုတာ ဖြစ်တတ်ပါတယ်ခင်ဗျာ။

မဇ္စျိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် နောက် တစ်ခုကတော့ အမေးများတဲ့ မေးခွန်းတစ်ခုပါပဲခင်ဗျ။ ခံတွင်းနံ့မကောင်း ဖြစ်နေတယ်တဲ့ ဘယ်လိုလုပ်ရမလဲုဆိုတာကို မေးလာပါတယ်။

Prof: MMK - ခံတွင်းအနံ့ မကောင်းတဲ့ဟာကတော့ များသောအားဖြင့်တော့ သန့်ရှင်းရေးပေါ့နော်။ ခံတွင်းသန့်ရှင်းရေးမှာ အားနည်းတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ အဲတော့ သွားနဲ့ သွားဖုံးနဲ့ သွား မှန်မှန်မတိုက်တဲ့သူတွေ သွားဖုံးရောင်ရောဂါ ရှိတဲ့သူတွေ သွားဖုံး ပြည်ယိုရောဂါ ရှိတဲ့သူတွေမှာ ခံတွင်း အနံ့ဆိုးတတ်ပါတယ်။ အဲလိုပဲ အာသီးမှာ ပြည်တည်နေတဲ့သူတွေ အာသီးမှာ အပေါက်ကလေးတွေ ရှိတယ်ပေါ့နော်။ အဲဒီထဲမှာ စားကြွင်းစားကျန်တွေ ကျန်ပြီးတော့ အောင်းနေတဲ့သူတွေမှာလည်း ခံတွင်းအနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ အဲတော့ အဲဒီဟာတွေက မထွက်အောင်ဆိုရင် ခံတွင်းသန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။ သွားမှန်မှန်တိုက်ရမယ်။ မနက်အိပ်ယာထ တိုက်ရသလို အိပ်ယာဝင်ရင်လည်း တိုက်ရမယ်။ နောက်တစ်ခုက သွားဖုံးတွေ ကျန်းမာအောင်လို့ အဟာရပြည့်စုံတဲ့ ဗိုက်တာမင် စီ တို့လိုမျိုး ပြည့်ဝအောင် စားပေးရမယ်။ နောက် အာသီးမှာ အပေါက်ကလေးတွေရှိမယ် စားကြွင်းစားကျန်တွေ ကျန်မယ်၊ အာသီးမှာ ပြည်ကျန်လို့ရှိရင်တော့ လိုအပ်တဲ့ သက်ဆိုင်ရာ ဆရာဝန်တွေကို ပြပြီးတော့ ပိုးသက်ဆေး သောက်သင့်ရင် သောက်ရမယ်။ ပလုတ်ကျင်းသင့်ရင် ကျင်းရမယ်ပေါ့။ အဲဒါလေးတွေတော့ လုပ်ရပါမယ်။

မဇ္စျိမ - ဟုတ်ကဲ့ ခင်ဗျ။ နောက်ထပ်မေးခွန်းတစ်ခုကတော့ ကျွန်တော်တို့ ငယ်ငယ်က ကြားဖူးတာပေါ့နော်။ လည်ပင်းကြီးရောဂါ လည်ပင်းကြီးရောဂါဆိုပြီးတော့ ကြားဖူးတယ်။ အဲဒါကျတော့ သူက ဘာဖြစ်တာလဲ။ အရင်တုန်းက တော်တော်အဖြစ်များတယ်လို့ ထင်ပါတယ်။ အခုတော့လျော့သွားပြီ ထင်တယ်။ အဲဒါကျတော့ ဘယ်လိုဖြစ်တာလဲ။

Prof: MMK - အဲဒါကတော့ လည်ပင်းကြီးရောဂါဆိုတာက အခုလည်း အဖြစ်များတုန်းပဲ။ မြန်မာပြည်အနေနဲ့က တော်တော်ကို အဖြစ်များတဲ့ရောဂါ ကျွန်တော်တို့ နား၊ နှာခေါင်း၊ လည်ချောင်းမှာဆိုရင် နေ့စဉ်နေ့စဉ် ခွဲစိပ်တဲ့အထဲမှာ လည်ပင်းကြီးရောဂါတွေက အနည်းဆုံး နှစ်ယောက်သုံးယောက် အမြဲပါပါတယ်။ အဲလို ဖြစ်တတ်တဲ့ အကြောင်းအရာတွေ အများကြီးရှိတဲ့အထဲမှာမှ အရင်တုန်းက အားလုံးလည်း သတိထားမိတယ် နိုင်ငံတော်အစိုးရအနေနဲ့ကို တာဝန်ယူဆောင်ရွက်တာကတော့ အိုင်အိုဒင်းဓာတ် ချို့တဲ့လို့ လည်ပင်းကြီးရောဂါ ဖြစ်တာပေ့ါနော်။ အဲဒီအတွက်ကိုလည်း အစိုးရကလည်း အိုင်အိုဒင်းဓာတ် ပြည့်ဝအောင် ဆားတွေကို တစ်နိုင်ငံလုံးကို ဝေပေးပြီးတော့မှ စားသုံးစေတဲ့အတွက် အိုင်အိုဒင်းဓာတ် ချိုးတဲ့တဲ့ ရောဂါကတော့ နည်းသွားတယ်ပေါ့။ သို့သော်လည်း အခြား အကြောင်းကြောင်း ကြောင့် လည်ပင်းကြီးရောဂါက ဖြစ်တတ်သေးတယ်ခင်ဗျာ။ ဥပမာအားဖြင့် လည်ပင်းကြီးစေတဲ့ ဂေါ်ဖီတို့ ပန်းဂေါ်ဖီတို့ အဲဒါတွေ အစားများလို့ရှိရင်လည်း လည်ပင်းကြီးစေတယ်။ နောက်တစ်ခါ ကင်ဆာအကြိတ်တွေဖြစ်ရင်လည်း လည်ပင်းကြီးစေပါတယ်။ အဲလို လည်ပင်းကြီးရောဂါက မြန်မာပြည်မှာ အခုထက်ထိကို အဖြစ်များတုန်းပဲ။ မပပျောက်သေးပါဘူး။

မဇ္စျိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုကတော့ အမျိုးသမီးတစ်ယောက်က မေးလာပါတယ်။ သူက ဘာမေးလဲဆိုတော့ နှုတ်ခမ်းဘေးမှာ ရေယုန် အဖုလေးတွေ ပေါက်နေပါတယ်တဲ့။ လက်တွေမှာလည်း ပေါက်တယ်။ အနာတွေဖြစ်နေတယ်။ ဘယ်လိုပျောက်အောင် ကုသပေးရမလဲဆိုတော အကြံပြုပေးပါဦးဆရာတဲ့။

Prof: MMK - ဟုတ်ကဲ့ခင်ဗျ။ ရေယုန် ရောဂါနဲ့ပတ်သက်လို့ ပြောရရင်တော့ ရေယုန် ရောဂါက အထူးသဖြင့်တော့ အရေပြား အထူးကုဆရာဝန်ကြီးတွေက ပိုပြီးတော့မှ ရှင်းလင်းနိုင်မယ်ပေါ့နော်။ ကျွန်တော်တို့ အကြမ်းဖျဉ်းအနေနဲ့ ပြောရရင်တော့ ရေယုန်ဖြစ်တယ်ဆိုတာက ခန္ဓာကိုယ်မှာ Resistance ကျတဲ့အချိန်မှာ သူက ပေါ်လာတယ်ပေါ့။ အဲတော့ Virus Infection ဖြစ်တဲ့အတွက် တစ်ပတ်အတွင်းမှာပဲ သူက ခန္ဓာကိုယ်က Resistance တွေ တတ်လာလို့ရှိရင် ပြန်ကောင်းသွားတဲ့ သဘော ရှိတယ်ပေါ့။ အဲတော့ ခနခန ရေယုန်မပေါက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတော့ ခုခံအား တတ်အောင်လို့ အိပ်ရေးပျက်ခံလို့ မရဘူး။ အစားအသောက်ကို ပြည့်ပြည့်ဝဝ စားရမယ်။ ကောင်းကောင်းမွန်မွန် အနားယူရမယ်။ အဟာရပြည့်ဝအောင် စားရမယ်။ ဒါဆိုရင်တော့ ပြင်ပက ဝင်လာမယ့် ရောဂါပိုးတွေ မဝင်နိုင်ပဲနဲ့ ရေယုန်ရောဂါ ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။

မဇ္စျိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ နောက်တစ်ယောက်ကတော့ မျိုးအောင်ခိုင်ဆိုတဲ့ တစ်ယောက်က မေးလာတာပါ။ သူက ဘာမေးလဲဆိုတော့ ဆရာခင်ဗျာတဲ့ အာခေါင်အပေါ်ပိုင်းမှာ တစ်စို့ ဖြစ်နေပါတယ်။ နှာရည်မထွက်ပါ ခိုးလို့ခုလု ဖြစ်နေလို့ သလိပ်ခက်ရင် အချွဲရည်တွေပဲ ထွက်တယ်။ အဲလို အဲလို လုပ်လိုက်ရင် နေလို့ကောင်းသွားတယ် ခနခန လုပ်ရပါတယ်တဲ့။ နှာခေါင်းထဲ ရေရှူထည့်ပြီး ညှစ်ရင် နှာရည် အခဲဖတ်တွေ ထွက်ပြီး သက်သာပါတယ်တဲ့။ ရပ်ကွက်ဆေးခန်း ပြတာလည်း မသက်သာပါဘူးတဲ့။ ခြောက်လလောက် ရှိပါပြီတဲ့ ကျေးဇူးပြု၍ ဖြေကြားပေးပါဦးတဲ့။

Prof: MMK - ဟုတ်ကဲ ့နှာရည်မထွက်ဘူး။ နှာခေါင်းထဲမှာ ပိတ်ပြီးတော့ ခိုးလိုခုလု ဖြစ်နေတယ်ဆိုတာက များသောအားဖြင့်ကတော့ နှာခေါင်းရောင် ရောဂါပေ့ါနော်။ မြန်မာပြည်မှာ အဖြစ်များနေတာကတော့ စောစောက ပြောခဲ့သလိုပါပဲ ဓာတ်မတည့် နှာခေါင်းရောင်ရောဂါ အဖြစ်များတယ်။ အဲတော့ ကျွန်တော်တို့ ဒီဘက်ခေတ်ကတော့ air evolution ကလည်း မကောင်းဘူးပေါ့။ အဲတော့ အပြင်ဘက်ကို ထွက်လိုက်တာနဲ့ လေထုက ညစ်ညမ်းနေတယ်ပေါ့။ အဲတော့ ညစ်ညမ်းနေတဲ့လေထုကို ရှူရတဲ့အခါမှာ လူတွေမှာသည် ဓာတ်မတည့် နှာခေါင်းရောင်ရောဂါက အဖြစ်များတယ်။ အဲလိုဖြစ်လို့ရှိရင် နှာခေါင်းက ပိတ်မယ် တစ်ဖက်စီလည်း ပိတ်လိုက်ပွင့်လိုက် ဟိုဘက်ကပိတ်လိုက် ဒီဘက်ကပိတ်လိုက် နှစ်ဖက်လုံး ပိတ်လိုက်လည်း ဖြစ်တတ်တယ်။   စောစောကပြောသလို   နှာရည်တွေကလည်း ကျတတ်တယ်။ နှာရည်က အရှေ့ကို ကျတဲ့ နှာရည်ရှိသလို အာခေါင်ထဲကို စီးကျတဲ့ နှာရည်လည်း ရှိတယ်။ နောက် နှာချီမယ် နှာခေါင်းတွေ မျက်စိတွေ အာခေါင်တွေ ယားတတ်တယ်ပေါ့နော်။ အဲတော့ အဲဒီဟာ မဖြစ်အောင်ဆိုရင် နံပါတ်တစ်က စောစောက အရင် ရှင်းပြခဲ့သလိုပဲ လူထူထပ်တဲ့နေရာတွေကို မသွားပဲနဲ့ ရှောင်နိုင်ရင် အကောင်းဆုံးဖြစ်တယ်။ ခန္ဓာကိုယ် ခုခံအားကောင်းအောင် အိပ်ရေးဝဝအိပ်မယ် နောက် အစားအသောက်ကို ပြည့်ပြည့်ဝဝ စားမယ်ဆိုရင် ဒါတွေကို တော်ရုံတန်ရုံရောဂါ မဝင်နိုင်ဘူးပေါ့။ နောက်တစ်ခုက နှာခေါင်းစည်းလေးတွေ စည်းထားမယ်ဆိုရင် သက်သာတယ်ပေါ့။ လူထူထပ်တဲ့ဆီကိုသွားမယ် ဖုန်တွေ အမှုန်အမွှားတွေရှိတဲ့နေရာကို သွားမယ်ဆိုရင် ဒါတွေက ဖြစ်တတ်တယ်ပေါ့။ အဲတော့ ဖြစ်လာပြီဆိုရင်တော့ ကျွန်တော်တို့က ပထမဆုံးက ကာကွယ်ခြင်းက အကောင်းဆုံးပဲပေါ့။ ကိုယ်ဖြစ်မယ့်ဟာတွေကို ကြိုတင်ရှောင်လိုက်ရင် အကောင်းဆုံးပဲ။ တကယ်လို့ မရှောင်နိုင်ဘူး ဖြစ်ပြီဆိုရင်တော့   ဆေးသောက်ရမယ်ပေါ့။ ဆေးသောက်တဲ့အခါမှာ စောစောက ပြောသလို မေးခွန်း ယှဉ်မေးထားသလိုပဲပေါ့နော် နော်မယ်ဆလိုင်းလို့ ခေါ်တဲ့ ဆေးရည်နဲ့ နှာခေါင်းကို   ဆေးပစ်လိုက်လို့ရှိရင်   နှာခေါငး်ထဲမှာရှိတဲ့ အချွဲတွေရော ဖုန်တွေ အမှုန်တွေ ရှင်းသွားမယ်ပေါ့နော်။ ဒါကတော့ လုပ်သင့်တယ်ပေါ့။ ပြီးတဲ့အခါမှာ ဆေးတွေကိုလည်း သောက်သင့်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲပေါ့။ ကာကွယ်ရမယ်။ လိုအပ်ရင် ဆေးသောက်ရမယ်ပေါ့နော်။

မဇ္စျိမ - နောက်တစ်ခုက ကျွန်တော်တို့ ခနခန အာသီးရောင်တတ်တဲ လူတွေအတွက် အန္တရာယ်ရှိနိုင်လား။ ဥပမာဆိုရင် အာသီးရောင်တယ် ဆေးသောက်လိုက်တယ်ဆိုရင် သက်သာသွားတယ်   ပျောက်သွားတယ် နောက်တစ်ခါ ပြန်ရောင်လာတယ် နည်းနည်းလေး ကိုယ်ခံအား ကျသွားတယ်ဆိုရင် ဒီဟာက ပြန်ရောင်လာတယ်ဆိုရင် သူ့အတွက် အန္တရာယ် ရှိနိုင်လား။

Prof: MMK - အဲတော့ အာသီးရောင်တယ်ဆိုတာက အာသီးဆိုတာကတော့ လူတိုင်းမှာ မွေးကတည်းက ပါလာတယ်ပေါ့နော်။ ခန္ဓာကိုယ်မှာ ပါလာတဲ့အရာတွေကတော့ အပိုတွေတော့ မဟုတ်ဘူးပေါ့နော်။ လိုအပ်လို့ ခန္ဓာကိုယ်ထဲမှာ ပါလာကြတာပါ။ အဲတော့ အာသီးကလည်း ခန္ဓာကိုယ်မှာ လူတိုင်းမှာပါတယ်။ သူတို့က ပြင်ပကနေပြီးတော့မှ ရောဂါပိုးတွေ ဝင်လာလို့ရှိရင် ရောဂါပိုးတွေ ခုခံတဲ့အနေနဲ့ အလုပ်လုပ်ရတယ်ပေါ့။ အဲတော့ အလုပ်လုပ်တဲ့အတွက် သူက အာသီးက ရောင်လာတယ်။ ကြီးလာတယ်၊ နာလာတယ်ပေါ့။ အဲ့တော့ အာသီးရောင်လို့ ဘယ်အချိန်မှာ ဖြတ်ကြမလဲဆိုတဲ့အခါမှာ အာသီးမှာ ခနခန ရောင်တယ် နာတယ် အလုပ်အကိုင်ပျက်တယ် တစ်နှစ်တစ်နှစ်ကို လေးကြိမ် ငါးကြိမ်လောက်ပဲ ဖျားတယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီးတော့ ပြသပြီးတော့မှ လိုအပ်ရင် ဖြတ်ဖို့အတွက် အကြံပေးပါတယ်။ ကင်ဆာဖြစ်ရင် ပြည်တည်တဲ့အနာဖြစ်ရင်လည်း ဆရာဝန်တွေနဲ့ တိုင်းပင်ပြီးတော့ ဖြတ်သင့်ဖို့လိုတယ်။ သာမာန်လူတွေကတော့ ဖြတ်ဖို့ မလိုပါဘူး။ စောစောက ပြောသလိုပဲပေါ့နော် ကိုယ်ခံအားကောင်းအောင်နေမယ်။ လူထူထပ်တဲ့နေရာတွေကို မသွားပဲနဲ့နေမယ် အစာအဟာရကို ပြည့်ပြည့်ဝဝ စားမယ်ဆိုရင် အာသီးရောင်ရောဂါ မဖြစ်နိုင်ပါဘူး။

ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် ဆရာ ..။

မဇ္စျိမ ပရိတ်သတ်များခင်ဗျာ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနဲ့ လည်ပင်း ခွဲစိပ် အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးမောင်မောင်ခိုင်နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းထားတာတွေကို အပိုင်း (၁) အနေနဲ့ ပြန်လည် ထုတ်လွှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ် ခင်ဗျ။ နောက်နေ့တွေမှာလည်း အပိုင်း (၂)၊ (၃)၊ (၄) တွေကို ဆက်လက် ထုတ်လွှင့်ပေးသွားဦးမှာလည်း ဖြစ်ပါတယ် ခင်ဗျ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly