လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက် မရသေးတာကြောင့် ပီအက်စ်ဂျီမှာ နေမာပွဲထွက်ဖို့ ကြန့်ကြာနေ

လာလီဂါဘောလုံးအဖွဲ့ချုပ်ရဲ့ ခွင့်ပြုချက် မရသေးတာကြောင့် ပီအက်စ်ဂျီမှာ နေမာပွဲထွက်ဖို့ ကြန့်ကြာနေ

သြဂုတ် ၉၊ စပိန် ။             ။ လာလီဂါဘောလုံးအဖွဲ့ချုပ်က နိုင်ငံတကာပြောင်းရွှေ့ခွင့်လက်မှတ်(ITC) မထုတ်ပေးသေးတာကြောင့် ဘရာဇီးတိုက်စစ်မှူးနေမာဟာ ပီအက်စ်ဂျီအသင်းမှာ ပွဲထွက်ကစားဖို့ ကြန့်ကြာလျက်ရှိနေပါတယ်။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ကြားမှာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် လာလီဂါဘောလုံးအဖွဲ့ချုပ်က လက်ရှိအချိန်အထိ ITC ထုတ်ပေးဖို့ ငြင်းဆန်ထားဆဲ ဖြစ်ပါတယ်။

နေမာအနေနဲ့ လာလီဂါရဲ့ ခွင့်ပြုချက်ရရှိမှသာ ပွဲထွက်ကစားနိုင်မှာ ဖြစ်ပါတယ်။ ITC မရရှိတာကြောင့် ပြီးခဲ့တဲ့အပတ်က ပြင်သစ်လိဂ်အဖွင့်ပွဲစဉ်ကို လွဲချော်ထားပြီး ဖြစ်ပါတယ်။ တကယ်လို့ နေမာအနေနဲ့ ကြာသပတေးနေ့အမီ ITC မရပါက ယခုတစ်ပတ် ဂူအင်ဂမ့်အသင်းနဲ့ ကစားရမယ့် ပွဲစဉ်ကိုလည်း လွဲချော်ဦးမှာ ဖြစ်ပါတယ်။

လာလီဂါဘောလုံးအဖွဲ့ချုပ်က ပီအက်စ်ဂျီအသင်းပေးချေခဲ့တဲ့ နေမာရဲ့စာချုပ်ပါလျော်ကြေးငွေဟာ ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းဆိုင်ရာ ပြဿနာရှိလာနိုင်တာကြောင့် ITC ထုတ်ပေးဖို့ကို   ငြင်းဆန်နေတာ ဖြစ်ပါတယ်။ ဒီလိုကြန့်ကြာတာကလည်း ပုံမှန်ပဲလို့ တုန့်ပြန်ထားပါတယ်။

ပြင်သစ်လိဂ်ကော်မတီနဲ့ ပီအက်စ်ဂျီအသင်းဘက်ကတော့ လာလီဂါအဖွဲ့ချုပ်အနေနဲ့ ITC ကို အချိန်မီ မထုတ်ပေးပါက ဖီဖာကို တိုင်ကြားမယ်လို့ သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required