စာသင်ကျောင်း ၂၄၉၃ ကျောင်း ပိတ်ထားရဆဲ

စာသင်ကျောင်း ၂၄၉၃ ကျောင်း ပိတ်ထားရဆဲ
photo - မြန်မာ့အလင်း

သြဂုတ် ၁၀ ရက် ။          ။ နိုင်ငံတစ်ဝန်းရေကြီးနစ်မြုပ်မှုများဖြစ်ပွားခဲ့သဖြင့် စာသင်ကျောင်းပေါင်း ၂၄၉၃ ကျောင်း ပိတ်ထားရဆဲဖြစ်သည်ဟု သိရသည်။

သြဂုတ် ၈ ရက်နေ့အထိ ပိတ်ထားခဲ့ရသည့် ကျောင်းပေါင်း ၃၀၆၂ ရှိခဲ့ရာမှ ၅၆၉ ကျောင်းကို ပြန်ဖွင့်နိုင်ခဲ့သည်ဟု သြဂုတ် ၁၀ ရက်ထုတ် မြန်မာ့အလင်း၌ ဖော်ပြထားသည်။

ယခုအခါ ရေကျသွားသည့် ဒေသများမှ ကျောင်းများပြန်လည်ဖွင့်နိုင်ရေးအတွက် ဆေးကြောသန့်စင်ရေး လုပ်ငန်းများ ဆောင်ရွက်နေပြီး နိုင်ငံတစ်ဝန်းမှ သဘာဝဘေးအန္တရာယ်ခံခဲ့ရသော အခြေခံပညာကျောင်းများမှ ကျောင်းသူ/သားများအတွက် စာရေးကိရိယာများထောက်ပံ့ခြင်း၊ ပျက်စီးဆုံးရှုံးခဲ့ရသည့် ကျောင်းများအား ပြန်လည်မွမ်းမံခြင်းများကို ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးမည်ဟုလည်း သတင်းစာ၌ ဖတ်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required