ရီးယဲလ်မက်ဒရစ်မှ ဂါရတ်ဘေးလ်ကို ခေါ်ယူရန် မန်ယူအတွက် 'ပြီးဆုံးသွားပြီ' ဖြစ်ကြောင်း မော်ရင်ဟို ပြော

ရီးယဲလ်မက်ဒရစ်မှ ဂါရတ်ဘေးလ်ကို ခေါ်ယူရန် မန်ယူအတွက် 'ပြီးဆုံးသွားပြီ' ဖြစ်ကြောင်း မော်ရင်ဟို ပြော
(ဓာတ်ပုံ - အီးပီအေ)

နည်းပြ မော်ရင်ဟိုက ရီးယဲလ်အသင်းမှာ ဝေးလ်ကစားသမား ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ မန်ယူရဲ့ မျှော်လင့်ချက်မှာ"ပြီးဆုံးသွားပြီ"လို့ ပြောဆိုလိုက်ပါတယ်။

မန်ယူနည်းပြ မော်ရင်ဟိုဟာ မက်ဒရစ်ဟာ ဘေးလ်ကို ရောင်းချဖို့ ဆန္ဒရှိပါက ကစားသမားကို ခေါ်ယူဖို့ ကြိုးပမ်းသွားမယ်လို့ အစောပိုင်းက ပြောကြားခဲ့ပေမယ့် ရီးယဲလ်က မန်ယူကို ၂-၁ ဂိုးနဲ့ အနိုင်ရတဲ့ ဥရောပါစူပါဖလားပွဲမှာ ဘေးလ်ဟာ စတင်ပွဲထွက်ခဲ့့တာကြောင့် အခုလို ဝန်ခံပြောဆိုခဲ့ပါတယ်။

"သူဟာ အသင်းမှာ ဆက်နေသွားမယ်ဆိုတာ အခု လူတိုင်း သိကြမယ်လို့ ကျနော် တင်ပါတယ်"လို့ မော်ရင်ဟိုက ပြောပါတယ်။

စပိန်ချန်ပီယံအသင်းဟာ "ဘေးလ်ကို ရောင်းချဖို့ အစီအစဉ်မရှိသေးကြောင်း" မက်ဒရစ်ဥကဌ ဖလော်တီနိုပီရက်ဇ်ရဲ့ နောက်ပိုင်း ပြောဆိုချက်ကို စပိန်သတင်းစာ မာကာက ကိုးကားဖော်ပြခဲ့ပါတယ်။

ဘေးလ်ကလည်း အသင်းမှ ထွက်ခွာရန် မပြောဆိုခဲ့ကြောင်း၊ ဘောလုံးပေါ်မှာသာ အာရုံစိုက်ပြီး ကျန်တဲ့အရာအားလုံး ဘာမှ နားမထောင်းကြောင်း ပြောဆိုခဲ့ပါတယ်။

"ကျနော်ဟာ ဘောလုံးကစားခြင်းကို နှစ်သက်ပြီး ဆုဖလားတွေ ဆွတ်ခူးဖို့ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ"လို့ သူက ပြောပါတယ်။

အသက် ၂၈နှစ်အရွယ်ရှိ ဘေးလ်ဟာ စပါးအသင်းမှ ရီးယဲလ်အသင်းသို့ ၂၀၁၃ က ပြောင်းရွှေခဲ့စဉ်က ကမ္ဘာ့စံချိန်တင်ကြေး ပေါင် ၈၅.၅ သန်းဖြင့် ရောက်ရှိခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ၂၀၂၂ ခုနှစ်အထိ အသင်းနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုထားသူဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required