မူရင်းဂေါ်ဇီလာဇာတ်ကားများ၏ ပင်တိုင်သရုပ်ဆောင်မင်းသားကြီး အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်

မူရင်းဂေါ်ဇီလာဇာတ်ကားများ၏ ပင်တိုင်သရုပ်ဆောင်မင်းသားကြီး အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်

မူရင်းဂေါ်ဇီလာဇာတ်ကားများနှင့် ၁၉၇၂ ခုနှစ်ကထွက်ရှိခဲ့သော “Godzilla vs. Gigan” ဇာတ်ကား၌ ဂေါ်ဇီလာ ၀တ်စုံဝတ်ဆင်ပြီး သရုပ်ဆောင်ခဲ့သော မင်းသားကြီး ဟာရူအိုနာကာဂျီမာသည် အသက် ၈၈နှစ်အရွယ်၌ ကွယ်လွန်သွားပြီဖြစ်သည်။

ဂျပန်ရုပ်ရှင်ကုမ္ပဏီ Toho က နာကာဂျီမာ၏ နာရေးသတင်းကို အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။

နာကာဂျီမာသည် ဆာမူရိုင်းရုပ်ရှင်နှင့် စစ်ကားများ၌ စတင်သရုပ်ဆောင်ရင်း အနုပညာလောကထဲသို့ ၀င်ရောက်လာသူဖြစ်သည်။ အထူးသဖြင့် နာမည်ကျော် Seven Samurai နှင့် Eagle of the Pacific တို့တွင် ပါ၀င်ရင်း လူသိများခဲ့သည်။

သူသည် ဂေါ်ဇီလာဇာတ်ကောင်နေရာတွင် ၁၉၅၄ ခုနှစ်က ထွက်ရှိခဲ့သော Godzilla, King of the Monsters ၌ စတင်သရုပ်ဆောင်ခဲ့သည်။

ပြီးခဲ့သောဧပြီလက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် နာကာဂျီမာက ၁၉၅၄ ခုနှစ်က ထွက်ရှိခဲ့သော Godzilla ရုပ်ရှင်၌ ဂေါ်ဇီလာဝတ်စုံကို မည်ကဲ့သို့ ဖန်တီးခဲ့ပုံအား ရှင်းပြခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်တွင် ရာဘာပစ္စည်းများ ပြတ်လတ်နေသောကြောင့် သူသည် ကီလို ၁၀၀ ခန့်လေးသော ဂေါ်ဇီလာဝတ်စုံကို ၀တ်ဆင် ပြီး ခက်ခက်ခဲခဲ သရုပ်ဆောင်ခဲ့ရကြောင်း ပြောခဲ့သည်။

ဒါ့အပြင် ထိုဂေါ်ဇီလာဇာတ်ရုပ်အတွက် ဒါရိုက်တာက သူ့ကိုအနည်းငယ်သာ လမ်းညွှန်ပြသပေးခဲ့ကြောင်းနှင့် သူ၏ ကိုယ်ပိုင်ဟန်ဖြင့် သရုပ်ဆောင်နိုင်ရန်အတွက် တိုကျိုတိရစ္ဆာန်ရုံသို့ သွားရောက်ပြီး သတ္တဝါများကို ကြည့်ရှု လေ့လာခဲ့ရကြောင်း နာကာဂျီမာက ပြောခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly