မခင်မေနဲ့့ ခင်ခင်မေ

မခင်မေနဲ့့ ခင်ခင်မေ

ဒီနေ့ခေတ်မှာ အမျိုးသမီးနဲ့ ပညာရေးအခန်းကဏ္ဍကို ကျယ်ကျယ်လောင်လောင် ဆွေးနွေး ကြတာကို တွေ့ရ၊ ကြားရတော့ ကျွန်မတို့ခေတ်မှာရော ဒီလိုဆွေးနွေးခဲ့ကြရဲ့လားလို့ စဉ်းစားမိတဲ့အခါ ဆွေးနွေးခဲ့ ကြတာပေါ့။

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က မှတ်မှတ်ရရပြောရရင် ၁၉၈၁ ခုနှစ် ဒေသကောလိပ် ဒုတိယ နှစ်ဖြေအပြီး ကျောင်းကလွှတ်လို့ မင်္ဂလာဒုံ ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာ နိုင်ငံရေးသင်တန်းတစ်ခု တက် ရပါတယ်။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ တက္ကသိုလ်ကောလိပ် ပေါင်းစုံက လာတက်ခဲ့ကြပြီး သင်တန်း ကာလအတွင်းမှာ သင်တန်းသား၊ သင်တန်းသူတွေအချင်းချင်း တကယ့်နှစ်ပေါင်းများစွာက သူငယ် ချင်းတွေလို၊ မောင်နှမချင်းတွေလို ပြောမနာဆိုမနာနဲ့ ခင်မင်ခွင့် ရခဲ့ကြပါတယ်။

အထူးသဖြင့်တော့ တစ်ဆောင်တည်း၊ တပ်စုတစ်ခုထဲမှာ နေကြရတဲ့ သင်တန်းသူ အချင်းချင်းပေါ့။ ဒီအချိန်မှာ အသက် တွေက ၂၀ ပတ်ဝန်းကျင်တွေပဲ ရှိနေသေးပေမယ့် ရင်းနှီးခင်မင်လာကြတဲ့ အခါမှာ ရောက်တက်ရာရာ ပြောခဲ့ကြ ပေမယ့် ခေါင်းဆောင်သင်တန်း လာတက်သူတွေပီပီ မိမိတက်ရောက်နေတဲ့ တက္ကသိုလ် ကောလိပ် ဘာသာရပ် အကြောင်းတွေ၊ ကျောင်းပြီးသွားတဲ့အခါ လုပ်ငန်းခွင်ထဲရောက်ရင် တာဝန်တွေ ယူရတဲ့အပေါ်မှာ ဘယ်လိုလုပ်ကြမယ်ဆိုတာတွေ၊ ကြီးကြီးကျယ်ကျယ် ပြောရရင် နိုင်ငံအတွက် ဘာတွေလုပ် ကြမယ် ဆိုတာတွေချည်းပါပဲ။

ဒီလိုပြောရရင် ကျွန်မတို့စကားဝိုင်းထဲမှာ အမျိုးသမီးနဲ့ ပညာရေးအကြောင်း ရောက်သွားပါ တယ်။ ရန်ကုန်စက်မှုတက္ကသိုလ် နောက်ဆုံးနှစ် မန္တလေးသူ၊ မသူဇာညွန့်က နိုင်ငံတိုးတက်ဖို့အတွက် ပညာရေး ဟာ အရေးကြီးပြီး အမျိုးသမီးတွေလည်း ပညာသင်ယူခွင့်ရဖို့ အရေးကြီးတယ်လို့ ပြောတဲ့ အခါ ဟင်္သာတကောလိပ်မှာ၊ သချာၤအဓိကနဲ့ ကျောင်းတက်နေတဲ့ ချိုချိုက “မြို့ပေါ်က အမျိုးသမီး တွေတင် ပညာသင်ခွင့် ရရုံတင်မဟုတ်ဘဲ ကျေးလက်တောရွာက အမျိုးသမီးတွေလည်း ပညာသင်ရ ရင် သိပ်ကောင်းမှာပဲ။ ချိုချိုကျောင်းတက်ဖို့ကို မနည်းပြောဆိုလို့ ကြိုးစားရုန်းကန်ပြီး ကျောင်းတက်ရ တာ” လို့ ပြောပါတယ်။ ချိုချိုက ဧရာဝတီတိုင်းထဲက တောရွာလေးတစ်ရွာကနေ ဟင်္သတာမြို့ပေါ်မှာ ကျောင်းလာတက်ရသူပါ။ ရန်ကုန်ဆေးတက္ကသိုလ်က မဝါက သူတို့လေ့လာရေး သွားတဲ့အခါ ကျေး လက်က အမျိုးသမီးတွေ ပညာသင်ခွင့်၊ စာဖတ်ခွင့်တွေ မရကြတဲ့အတွက် အခြားကိစ္စတွေထက် ကိုယ် ဝန်ဆောင်တဲ့ မိခင်(အမျိုးသမီး) တွေ သေဆုံးရတာ စိတ်မကောင်းစရာပဲလို့ ပြောပါတယ်။

မဝါပြောတာကို နားထောင်ရင်း ကျွန်မဖတ်ခဲ့ဘူးတဲ့ ဂျာနယ်ကျော်မမလေးရဲ့ ဝတ္ထုနဲ့ အပြင် ဘက်က ကြုံခဲ့ရဖူးတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို ပြောပြမိတယ်။ ဂျာနယ်ကျော် မမလေးရဲ့ ဝတ္ထုတွေဟာ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ပြီး ဂျပန်တွေအုပ်စိုးနေ တဲ့ ခေတ်ကာလကို ရေးဖွဲ့ထားတာပါ။ သူ့နာမည်ကို ကျွန်မမမှတ်မိတော့လို့ မခင်မေပဲ ဆိုပါတော့။ မ ခင်မေဟာ အင်္ဂလိပ် အုပ်စိုးချိန် မှာမွေးပြီး ဂျပန်အုပ်စိုးတဲ့ကာလမှာ ကြီးပြင်းလာသူမို့ ခေတ်အခြေအနေ အရ ပညာသင်ခွင့် မရခဲ့ပါဘူး။ အမေနဲ့ သမီး နှစ်ယောက်တည်းရှိပြီး နှစ်ယောက်တစ်အိမ်မက် မဟုတ် ဘဲ ဆင်းရဲလွန်းလို့ နှစ်ယောက်ထဘီ တစ်ထည်တည်းပဲ ရှိပါတယ်။

သူ့အမေဟာ ပန်းနာရင်ကြပ်နဲ့ အိပ်ယာထဲလဲပြီး ဆောင်းတွင်းမှာ ခြုံစရာစောင်မရှိလို့ မခင်မေက သူ့အမေအတွက် ရွာထိပ်ချစ်တီး စပါးဂိုဒေါင်ထဲက ဂုံနီအိတ်ခွံကို ညသန်းခေါင်မှာ သွားယူရင်း ဂိုဒေါင်မှာစောင့်နေတဲ့ ကူလီတွေရဲ့ စော်  ကားခြင်းကို ခံရပါတယ်။ မခင်မေ အိမ်ပြန်ပြေးလာတော့ သူ့အမေက အေးလွန်းလို့ သေနေပါပြီ။ ဒီအ ခါမှာ မခင်မေက သူ့အိမ်ခြေရင်းက သူ့လိုပဲ ထမီတစ်ထည်ပဲရှိတဲ့ သူ့သူငယ်ချင်းအိမ်ရှေ့မှာ သူ့ထမိန် လေးချွတ်ထားခဲ့ပြီး အဲဒီညသန်းခေါင်မှာပဲ ရွာလယ်ချောင်း တံတားပေါ်ကနေ ခုန်ချပြီး သေသွားတယ်။

နောက်တစ်ယောက်က အပြင်မှာတကယ်ရှိခဲ့တဲ့ (နာမည်လွှဲ) ခင်ခင်မေပါ။ ခင်ခင်မေဟာ နယ်မြို့လေးတစ်မြို့ကနေ ရန်ကုန်မှာရှိတဲ့ အစ်မအိမ်မှာလာနေပြီး တက္ကသိုလ်တက်ရသူပါ။ ခင်ခင်မေ ဟာ စာကြိုးစားတဲ့အပြင် စာပေတွေကိုလည်းဖတ်တဲ့ စာပေဝါသနာရှင် တစ်ယောက်ဖြစ်တော့ ဗဟုသု တ အတွေ့အကြုံလည်း အတော်အသင့် သိရှိနားလည်ပါတယ်။ ခင်ခင်မေလည်း ဝတ္ထုထဲက မခင်မေ လိုပဲ အစ်မယောကျ်ားဖြစ်သူရဲ့ စော်ကားခြင်းကို ခံရပါတယ်။ ဒီအခါမှာ ခင်ခင်မေဟာ ဝတ္ထုထဲက မခင် မေလိုတော့ ကိုယ့်ကိုကိုယ် သတ်မသေခဲ့ပါဘူး။

အတွေ့အကြုံ ဗဟုသုတရှိသူ ဖြစ်တဲ့အတွက် တရားဥ ပဒေနဲ့အညီ တိုင်ကြားပါတယ်။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပါတယ်။ ဘွဲ့တစ်ခုရအောင်သာမ က ဘွဲ့လွန်ပါရအောင်လုပ်ပြီး သူ့ဘဝမြင့်မားအောင် လုပ်သွားနိုင်တယ်လို့ ပြောပြတဲ့အခါ နားထောင် နေတဲ့ ကျွန်မသူငယ်ချင်းတွေက ဝတ္ထုထဲက မခင်မေရဲ့ အဖြစ်အပျက်က တိုင်းတစ်ပါးလက်အောက်မှာ ဥပဒေစိုးမိုးမှုမရှိတာ၊ ပညာသင်ခွင့် မရတာတွေကြောင့် ဖြစ်ရတာလို့ ကောက်ချက်ချကြပါတယ်။ ခင်ခင်မေကတော့ လွတ်လပ်တဲ့ နိုင်ငံဖြစ်လာတဲ့အတွက် ဥပဒေ စိုးမိုးမှုရှိတာကြောင့်ရယ်၊ ပညာတက် သလို စာဖက်တဲ့အတွက်လည်း ဘဝကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သိတာကြောင့် သူ့ဘဝကို သူ အဆင်ပြေအောင် ဖန်တီးယူနိုင်တာလို့ ဆွေးနွေးကြပါတယ်။

အခုချိန်မှာတော့ သင်တန်းအတူတက်ခဲ့တဲ့ သူငယ်ချင်းတွေဟာ နိုင်ငံ့တာဝန်ထမ်းဆောင်နေ တဲ့ ပါမောက္ခတွေ၊ ဆရာဝန်မကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ ဖြစ်နေပြီး မခင်မေ နဲ့ ခင်ခင်မေတို့ တစ် ခါတစ်ရံမှာတော့ သတိရမိကြလိမ့်မယ်လို့ ထင်ပါတယ်။ အမျိုးသမီးများ ပညာသင်ယူခွင့်၊ စာဖတ်နိုင်ခွင့် ရရှိပြီး ကြုံခွင့်ရတဲ့ ဘဝကို ရင်ဆိုင်အနိုင်ယူနိုင် ကြပါစေ။

Mizzima Weekly

Tags