ကင်မရွန်းတောင်ပံကစားသမား ချာပိုမိုတင်ကို စတုခ်စီးတီးအသင်းခေါ်ယူ

ကင်မရွန်းတောင်ပံကစားသမား ချာပိုမိုတင်ကို စတုခ်စီးတီးအသင်းခေါ်ယူ

သြဂုတ် ၈၊ အင်္ဂလန် ။                    ။ စတုခ်စီးတီးအသင်းသည် ရှော်လ်ကေးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် ကင်မရွန်းတောင်ပံကစားသမား အဲရစ်မာဇင် ချာပိုမိုတင်ကို သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်သည်။

အသက် ၂၈ နှစ်အရွယ်ရှိ ချာပိုမိုတင်သည် ဒါရင်းဖလက်ချာ၊ ဇူးမားနှင့် ဂျို့စ်တိုင်မွန်တို့ပြီးနောက် စတုခ်စီးတီးအသင်း၏ လေးယောက်မြောက် ကစားသမားခေါ်ယူမှု ဖြစ်သည်။

“အဲရစ်က နှစ်ပေါင်းများစွာ ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ ကစားသမားပါ။ လွန်ခဲ့တဲ့လေးနှစ်ကတည်းက သူ့ကို ခေါ်ဖို့ ကြိုးစားခဲ့တာပါ” ဟု စတုခ်အသင်း၏အမှုဆောင်အရာရှိချုပ် တိုနီစကိုးလ်က ပြောသည်။

ချာပိုမိုတင်သည် ဟမ်းဘတ်နှင့်မိန့်ဇ်တို့တွင်လည်း ကစားခဲ့ဖူးသူဖြစ်ပြီး ဘွန်ဒက်စ်လီဂါပွဲပေါင်း ၂၀၀ ကျော် ကစားခဲ့သူ ဖြစ်သည်။ ရှော်လ်ကေးနှင့်အတူ ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခဲ့ဖူးသူလည်း ဖြစ်သည်။

ဂျာမနီလူငယ်လက်ရွေးစင်အဖြစ် ကစားခဲ့ဖူးသော်လည်း ၂၀၁၀ ခုနှစ်မှာ ကင်မရွန်းလက်ရွေးစင်အသင်းကို ကိုယ်စားပြုရန် ရွေးချယ်ခဲ့သူ ဖြစ်သည်။

ကင်မရွန်းလက်ရွေးစင်အသင်းနှင့်အတူ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာပွဲ ၄၈ ပွဲတွင် ၁၃ ဂိုးသွင်းယူနိုင်ခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly