ယူရိုချန်ပီယံ နယ်သာလန်အမျိုးသမီးအသင်းကို ထောင်ပေါင်းများစွာသော ပရိသတ်များ ဂုဏ်ပြုနှုတ်ဆက်

ယူရိုချန်ပီယံ နယ်သာလန်အမျိုးသမီးအသင်းကို ထောင်ပေါင်းများစွာသော ပရိသတ်များ ဂုဏ်ပြုနှုတ်ဆက်

သြဂုတ် ၈၊ ဟော်လန် ။                   ။ ၂၀၁၇ ယူရိုအမျိုးသမီးချန်ပီယံဆုကြီးကို ရယူနိုင်ခဲ့တဲ့ နယ်သာလန်အမျိုးသမီးအသင်းကို အုထရက်မြို့မှာ ထောင်ပေါင်းများစွာသော ပရိသတ်တွေက ဂုဏ်ပြုနှုတ်ဆက်ခဲ့ကြပါတယ်။

နယ်သာလန်အမျိုးသမီးအသင်းဟာ အုထရက်တူးမြောင်းတစ်လျှောက်မြို့ပတ်ပြီး အောင်ပွဲခံခဲ့ရာမှာ ကမ်းဘေးတစ်လျှောက်ပရိသတ်တွေက ဂုဏ်ပြုကြိုဆိုကြသလို အုထရက်မြို့လယ်မှာရှိတဲ့ စင်မြင့်ထက်ကို ရောက်ရှိချိန်မှာလည်း လူတစ်သောင်းကျော်ခန့် လာရောက်ဂုဏ်ပြုခဲ့ကြပါတယ်။

ဒိန်းမတ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ နယ်သာလန်အမျိုးသမီးအသင်းဟာ သူတို့ရဲ့သမိုင်းမှာ ပထမဆုံးနိုင်ငံတကာ အောင်မြင်မှုကို ရယူနိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

နယ်သာလန်အမျိုးသားအသင်းအနေနဲ့ အောင်မြင်မှုနဲ့ဝေးကွာနေတာကြောင့် အမျိုးသမီးအသင်းရဲ့အောင်မြင်မှုက ဒတ်ချ်လူမျိုးတွေကို ဂုဏ်ယူမဆုံးဖြစ်စေခဲ့ပါတယ်။

အသက် ၆၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘွားအိုတစ်ဦးကတော့ အခုလိုပြောခဲ့ပါတယ်။ “ကျွန်မတို့ ဒီအမျိုးသမီးလေးတွေအတွက် ဒီနေရာကို လာခဲ့ကြတာပါ။ သူတို့ဟာ တကယ်ကို ထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့ကြသူတွေပါ”

နယ်သာလန်အမျိုးသမီးအသင်းဟာ ပြိုင်ပွဲတစ်လျှောက်လုံး ပွဲတိုင်းအနိုင်ရကာ ချန်ပီယံဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူး ရရှိခဲ့တာ ဖြစ်ပါတယ်။

ရည်ညွှန်း ဒေးလီးမေးလ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required