ဒိုင်ဘာလာကို ယူရို ၈၅ သန်းအပြင် ကိုဗာဆစ်အား အလိုက်ပေးကာ ရီးယဲလ်အသင်း ခေါ်ယူရန် အသင့်ရှိ

ဒိုင်ဘာလာကို ယူရို ၈၅ သန်းအပြင် ကိုဗာဆစ်အား အလိုက်ပေးကာ ရီးယဲလ်အသင်း ခေါ်ယူရန် အသင့်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂျူဗီတပ်စ်ကွင်းလယ်ကစားသမား ဒိုုင်ဘာလာကို ယူရို ၈၅ သန်းအပြင် ကွင်းလယ်လူ ကိုဗာဆစ်အား အလိုက်ပေးကာ ခေါ်ယူရန် အသင့်ဖြစ်နေကြောင်း နောက်ဆုံးရ သတင်းများအရ သိရှိရပါတယ်။

ဒိုင်ဘာလာကို ဘာစီလိုနာနှင့် မန်ယူအသင်းတို့ကလည်း ခေါ်ယူဖို့ စီစဉ်နေပေမယ့် ဒိုုင်ဘာလာအား ရောင်းချမှာ မဟုုတ်ကြောင်း ဂျူဗီတပ်စ်နည်းစနစ်ဒါရိုက်တာ ဂစ်စပီမိုရာတာက မကြာသေးခင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဘာစီလိုုနာအသင်းက အသင်းမှထွက်ခွာသွားတဲ့ တိုက်စစ်မှူး နေမာနေရာအစားထိုးရန် ဒိုင်ဘာလာအား မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ယူရိုု သန်း ၁၂၀ဖြင့် ခါ်ယူရန် စီစဉ်နေတာလည်းဖြစ်ပါတယ်။

လာလီဂါချန်ပီယံဟာလည်း တိုက်စစ်မှူးအသစ်တစ်ဦးအတွက် အပြောင်းအရွှေ့စျေးကွက်ထဲမှာ လှုပ်ရှားနေပြီး မိုနာကိုမှ အမ်ဘတ်ပီကိုမူ အခုထိ ခေါ်ယူနိုင်သေးတာ မတွေ့ရပါဘူး။

ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့ရာသီ ပြိုင်ပွဲစုံမှာ (၁၉)ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၇)ကြိမ်ပြုလုပ်ခဲ့ပါတယ်။

Ref; The Sun

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags