ရာသီဥတုဆိုးရွားသဖြင့် ယာယီရပ်ဆိုင်းထားသည့် လှေစီးရွှေ့ပြောင်းသူ ၁၅၉ ဦးအား ဘင်္ဂလားဒေ့ရှ် ခေါ်ယူရန် စီစဉ်နေ

ရာသီဥတုဆိုးရွားသဖြင့် ယာယီရပ်ဆိုင်းထားသည့် လှေစီးရွှေ့ပြောင်းသူ ၁၅၉ ဦးအား ဘင်္ဂလားဒေ့ရှ် ခေါ်ယူရန် စီစဉ်နေ

လှေသင်္ဘောများဖြင့် ပင်လယ် ဖြတ်၍ အရှေ့အာရှနိုင်ငံများသို့ ရွှေ့ပြောင်းအခြေချရန် ကြိုးစားသည့် ဘင်္ဂါလီများကို ၁၅၉ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခေါ်ယူလက်ခံရန် စီစဉ်လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB နှင့် မြန်မာလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ယနေ့ သြဂုတ် ၁၀ ရက် နံနက် ၁၀ နာရီတွင် နိုက်ခါယန်ချာဟာဟီ ရှိ ဒဟမ်ဟမ်နယ်စပ်တွင် တွေ့ဆုံကြမည်ဟု BGB တပ်ရင်း ၁၇ မှ တပ်ရင်းမှူး ရာဘိုင်အစ္စလမ်က ပြောသည်။

မြန်မာနိုင်ငံက ပင်လယ်တွင်း တရားမဝင်ရွှေ့ပြောင်းသူများကို မေ ၂၁ ရက်က ၂၀၈ ဦးနှင့် မေ ၂၉ ရက် နောက်ထပ် ၇၂၇ ဦး ကယ်ဆယ်ခဲ့ရသည်။ ယင်းသို့ ပင်လယ်တွင်း ကယ်ဆယ်ရမိထားသူများကို ဘင်္ဂလားဒေ့ရှ်က သုံးကြိမ်ခွဲ၍ ပြန်လည်ခေါ်ယူခြင်းဖြစ်ပြီး ၃၄၂ ဦးရှိသွားပြီဖြစ်သည်။

ရာသီဥတုဆိုးရွားသဖြင့် နှစ်နိုင်ငံက နိုင်ငံသားစိစစ်ကာ နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်ရေး အစည်းအဝေးက ဇူလိုင် ၃၀ ရက်နှင့် သြဂုတ် ၅ ရက်တို့တွင် ရွှေ့ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly