ဗီယက်နမ်တွင် ရေကြီးမြေပြိုမှုများကြောင့် ၂၆ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေ

ဗီယက်နမ်တွင် ရေကြီးမြေပြိုမှုများကြောင့် ၂၆ ဦးထက်မနည်းသေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေ

သြဂုတ် ရ ။           ။ ဗီယက်နမ်နိုင်ငံရဲ့ တောင်ကုန်းထူထပ်တဲ့ မြောက်ပိုင်းဒေသမှာ ယခုလအစောပိုင်းကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးမြေပြိုမှုများ ပေါ်ပေါက်ခဲ့ရာ အနည်းဆုံး ၂၆ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သြဂုတ်လ အစပိုင်းကတည်းက နိုင်ငံမြောက်ပိုင်း ဒေသတစ်ချို့မှာ ရုတ်တရက် ရေလွှမ်းမိုးမှုတွေနဲ့ ကြံုတွေ့နေရလျက်ရှိတယ်ဆိုပြီး ဟနွိုင်းအခြေစိုက် သဘာဝဘေးအန္တရာယ်ကာကွယ်ထိန်းချုပ်ရေးစင်တာက ထုတ်ပြန်ပါတယ်။

" ပြည်သူ ၂၆ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးပါတယ်၊ အခြား ၂၇ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရထားပါတယ်" လို့ ယင်းက ထပ်လောင်းထုတ်ပြန်ပါတယ်။

နိုင်ငံမြောက်ပိုင်း Yen Bai ဒေသမှာနေထိုင်တဲ့ မျက်မြင်တွေ့ရှိသူတွေရဲ့အဆိုအရ ရေလွှမ်းမိုးမှုဟာ မြန်ဆန်လွန်းလှပြီး ခဏအတွင်းမှာပဲ နေအိမ်အများအပြားကို ဖုံးလွှမ်းသွားတယ်လို့လည်း သိရပါတယ်။

နိုင်ငံမြောက်ပိုင်းစွန်း ဧရိယာတစ်ဝန်းမှာတော့ နေအိမ်ပေါင်း ၆၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီး သီးနှံဟက်တာရာနဲ့ချီ ဆုံးရှုံးခဲ့ရတယ်လို့လည်း အာဏာပိုင်တွေက ပြောသွားပါတယ်။

ယမန်နှစ်ကလည်း ယင်းနိုင်ငံမှာ ရာသီဥတုဆိုးရွားပြီး ရေကြီးမှုတွေကြောင့် လူပေါင်း ၂၃၅ ဦးထိ သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရသည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required