အီရန်စစ်အခြေစိုက်စခန်းတွင် အချင်းချင်းသေနတ်နှင့် မှားပစ်သောကြောင့် စစ်သား ၄ဦးသေဆုံး

အီရန်စစ်အခြေစိုက်စခန်းတွင် အချင်းချင်းသေနတ်နှင့် မှားပစ်သောကြောင့် စစ်သား ၄ဦးသေဆုံး

သြဂုတ် ရ ။           ။ အီရန်နိုင်ငံ တာရန်မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုတွင် တနင်္ဂနွေနေ့၌ တပ်သားတစ်ဦးက အချင်းချင်း သေနတ် နှင့် မှားယွင်းပစ်ခတ်မှုကြောင့် စစ်သား ၄ဦးသေဆုံးခဲ့ပြီး ၈ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း အီရန်စစ်တပ်မှ ထုတ်ပြန် ကြေညာခဲ့သည်။

အီရန်စစ်တပ်၏ ထုတ်ပြန်ကြေညာချက်အရ ထိုဖြစ်ရပ်သည် တာရန်မြို့ရှိ ကာရီဇတ်ခ်စစ်အခြေစိုက် စခန်းမှ သေနတ်ပစ်ကွင်း၌ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ဒါ့အပြင် ထိုကြေညာချက်ထဲ၌ သေနတ်မှားပစ်မှု ဖြစ်ရပ်သည် မတော်တဆဖြစ်ရပ်လား၊ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သည့် ဖြစ်ရပ်လားဆိုတာကို စုံစမ်းစစ်ဆေးမှုများ   ပြုလုပ်နေဆဲဖြစ်ကြောင်းနှင့်   သေနတ်ပစ်ခတ်ခဲ့သော တပ်သားသည် စိတ်ရောဂါ အခြေအနေတစ်ခုခုကို ကြံုတွေ့ခံစားနေရနိုင်ကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

အီရန်နိုင်ငံတွင် မဖြစ်မနေစစ်မှုထမ်းရသည့် ဥပေဒရှိပြီး သေနတ်ပစ်ခဲ့သော တပ်သားနှင့် အပစ်ခံခဲ့ရသည့် တပ်သားများသည် ဥပဒေပြဌာန်းချက်အရ စစ်မှုထမ်းနေသည့် တပ်သားများဖြစ်ကြသည်။

ယခုလိုဖြစ်ရပ်မျိုးသည် အီရန်စစ်တပ်ထဲ၌ ရှားပါးဖြစ်စဉ်ဖြစ်သော်လည်း စိတ်ရောဂါဝေဒနာ ခံစားနေရသော ဥပေဒအရ စစ်မှုထမ်းနေရသည့် တပ်သားတစ်ဦးက သူ၏ရဲဘော် ၃ ဦးကို သတ်ဖြတ်ခဲ့ပြီး ၆ဦးကို ဒဏ်ရာရရှိ စေခဲ့သော အလားတူဖြစ်စဉ်တစ်ခု အီရန်စစ်တပ်ထဲ၌ ဖြစ်ပွားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required