ကော်တင်ဟိုအတွက် ပေါင်သန်း (၁၂၀)ဖြင့် ကမ်းလှမ်းလို့ မအောင်မြင်ပါက ဘာစီလိုနာရဲ့ နောက်ပစ်မှတ်က ဟာဇက်ဖြစ်ဖွယ်ရှိ

ကော်တင်ဟိုအတွက် ပေါင်သန်း (၁၂၀)ဖြင့် ကမ်းလှမ်းလို့ မအောင်မြင်ပါက ဘာစီလိုနာရဲ့ နောက်ပစ်မှတ်က ဟာဇက်ဖြစ်ဖွယ်ရှိ
(ဓာတ်ပုံ - အီးပီအေ)

ဘာစီလိုနာအသင်းဟာ နေမာကို ပီအက်စ်ဂျီအသင်းဆီ ရောင်းချခဲ့ပြီး နောက်ဆက်တွဲအနေဖြင့် ဘရာဇီး ကွင်းလယ်တိုက်စစ်ကစားသမား ဖိလစ်ကော်တင်ဟိုကို ခေါ်ယူနိုင် ပေါင်သန်း (၁၂၀)နဲ့ လီဗာပူးလ်အသင်းအား ကမ်းလှမ်းဖို့ ရှိတယ်လို့ သိရပါတယ်။

နည်းပြ ယာဂန်ကလော့ပ်က အသက် ၂၅ နှစ်ရှိ ကော်တင်ဟိုဟာ ရောင်းချဖို့ မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဟာ အင်္ဂလန်ကလပ်အသင်းအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၂၀ နဲ့ စမ်းသပ်ဖို့ အသင့်ရှိနေပါတယ်။

နေမာကို ရောင်းချရာကနေ ငွေကြေးအများအပြား ရရှိထားတဲ့ ကာတလန်အသင်းဟာ အင်္ဂလန်ကလပ် ၃ သင်းကလည်း အပြိုင်စိတ်ဝင်စားနေတဲ့ ဒေါ့မွန်ရဲ့ ဒမ်ဘီလီအတွက် ပေါင်သန်း (၇၀) ပေးချေဖို့ ရည်ရွယ်ထားပါတယ်။

လန်ဒန်အခြေစိုက် ၃သင်းဖြစ်တဲ့ စပါး၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတွေက အသက် ၂၀ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီကို အလိုရှိနေတာဖြစ်ပါတယ်။

အကယ်လို့ ဘာစီလိုနာအသင်းက ကော်တင်ဟိုကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့ရင် ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးအတွက် အကြပ်ရိုက်ဖွယ်ရှိနေပါတယ်။

ဒါကတော့ ဘာစီလိုနာရဲ့ နောက်ပစ်မှတ်ဟာ အသက် ၂၆ နှစ်ရှိ စတမ်းဖို့ဒ်ဘရစ်ချ် စတား ဟာဇက်ဖြစ်ဖွယ်ရှိနေလို့ပါ။

နေမာရဲ့ စိတ်လှုပ်ရှားဖွယ် ကမ္ဘာ့စံချိန်တင်နဲ့ ပီအက်စ်ဂျီဆီ  ပြောင်းရွှေ့သွားမှုက အင်္ဂလန်ကလပ်အသင်းများအတွက် အဓိကအပြောင်းရွှေ့ပြဿနာတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ရီးယဲလ်၊ မန်စီးတီးနှင့် ဥရောပအသင်းကြီးတွေလိုပဲ ဘာကာအသင်းဟာ အသက် ၁၈ နှစ်သာရှိသေးတဲ့ အမ်ဘတ်ပီကို ချိတ်ဆက်နေတယ်လို့ ခန့်မှန်းတွက်ဆကြပါတယ်။

စပိန်ကလပ်အသင်းဟာ PSG နှင့် ဂျာမန် ကွင်းလယ်တိုက်စစ်ကစားသမား အသက် ၂၃ ရှိ ဂျူလီယန် ဒရက်ဇလာကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး သူ့ရဲ့ အေဂျင့်ဟာ ဘာစီလိုနာကို ရောက်ရှိနေတယ်လို့ Bild က ဖော်ပြထားပါတယ်။

Ref; Daily Star, Bild

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required