ဟင်းငပေါင်းသီး ပုဇွန်ကြော်ချက်

ဟင်းငပေါင်းသီး ပုဇွန်ကြော်ချက်

မင်္ဂလာပါ

ဒီတပတ်ပိတ်ရက်မှာတော့ ဟင်းငပေါင်းသီးလို့ခေါ်တဲ့ အသီးလေးကို ပုဇွန်လေးနဲ့ကြော်ထားပါတယ်။ ဟင်းငပေါင်းသီးက တောင်ငူဘက်မှာ ပေါပေါများများရနိုင်ပြီး အရသာချိုတဲ့ အသီးတစ်မျိုးပါ ၊တခြားဒေသတွေမှာလဲ ရတက်ပါတယ်။ ဟင်းငပေါင်းသီး (ခ)ဟင်းခမောင်းသီး (ခ) ရခိုင်ကြက်ဟင်းခါးသီး (ခ) ဂျင်းခါးသီး (ခ) ကြက်ဟင်းခါးသီးအချို ဆိုပြီး ဒေသအလိုက် အခေါ်အဝေါ် တွေ လဲ ကွဲပြားပါတယ်။ ဒီအသီးလေးကို ပုဇွန် မျှစ်တို့နဲ့ ကြော်ချက်  ချက်နည်းလေးပြောပြပေးပါမယ်။

ဟင်းချက်ဖို့လိုအပ်တာတွေကတော့

ဟင်းငပေါင်းသီး ၂၅သား (ပါးပါးလှီးထားပါ)

ပုဇွန် ၂၀သား (အခွံသင် ဆားနနွင်းနယ်ထားပါ)

COOK နေကြာဆီ ၅ကျပ်သားခန့်

ကြက်သွန်ဖြူနီငရုတ်သီးမှုန့် အနည်းငယ် ( ထောင်းထားပါ)

မျှစ် အနည်းငယ်

ကိုုိင်းခရမ်းချဉ်သီး ၁လုံးတို့ လိုအပ်ပါတယ်။

ဟင်းစချက်ဖို့ ဟင်းအိုးကို အပူပေးပါ။  ဟင်းအိုးပူလာပြီဆိုရင်  COOK နေကြာဆီကို ထည့်ပါ။ ငရုတ်သီးထောင်းထားတာကိုဆီသတ်ပါ။ အရောင်ရဲပြီး မွှေးလာပြီဆို ခရမ်းချဉ်သီးထည့် ကျေအောင်ချေပါ။ ပြီးရင်တော့  ပုဇွန်ကိုထည့် အညှီနံ့ ပျောက်တဲ့ အထိမွှေပေးပါ။

ပုဇွန်ရဲလာပြီဆိုရင်တော့ လှီးထားတဲ့ အသီးနဲ့ မျှစ်ထည့်ပေးပါ။

ပြီးရင်တော့ မီးအေးအေးနဲ့ ချက်ပါ။ ရေအများကြီးထည့်စရာမလိုတဲ့ အတွက်  ရေကို အနည်းငယ်ပဲထည့်ပါ။

ဆီပြန်လာပြီး အသီးနူးသွားရင်တော့ ဆား အပေါ့အငန်မြည်းပြီး အရသာကို လိုအပ်သလို ပြင်ဆင်နိုင်ပါတယ်။

အခုဆိုအရသာချိုချိုနဲ့ ဟင်းငပေါင်းသီး ပုဇွန်ကြော်ချက်လေးရပါပြီအသားကြီး ငါးကြီးတွေ စားရတာ ရိုးလာပြီဆိုရတင်ဒီလို ဒေသစာလေးတွေကို အပြောင်းအလဲလေး အနေနဲ့ချက်စားသင့်ပါတယ်။ ဟင်းငပေါင်းသီး ပုဇွန်ကြော်ချက်လေး ကတကယ့်ကို ထမင်းမြိန်စေမှာပါ။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly