တရုတ်နိုင်ငံမှ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအတွက် ကျပ်သိန်း သုံးသောင်းနီးပါးထောက်ပံ့

တရုတ်နိုင်ငံမှ ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံအတွက် ကျပ်သိန်း သုံးသောင်းနီးပါးထောက်ပံ့

ရန်ကုန်၊ သြဂုတ် ၅ ။             ။ ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်တည်ထောင်ခဲ့သည့် ဆေးရုံကို အဆင့်မြှင့်တင်မှုများပြုလုပ်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကန်ဒေါ်လာ ၂ သန်း (မြန်မာငွေ ကျပ်သိန်းသုံးသောင်းနီးပါး) ထောက်ပံ့ပေးခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးဖောင်ဒေးရှင်းက ကန်ဒေါ်လာ ၅ သိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်၏ ကူညီမှုဖြင့် ကန်ဒေါ်လာ ၁၅ သိန်း စုစုပေါင်း ကန်ဒေါ်လာ သိန်း ၂၀ (မြန်မာငွေ ကျပ်သိန်းသုံးသောင်းနီးပါး)ကို ထောက်ပံ့ခြင်းဖြစ်သည်။

အဆိုပါဆေးရုံကို ရှေးမှုမပျက်အောင် ပြန်လည်ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၅ရက်က ကျင်းပခဲ့ပြီး ဝန်ကြီးချုပ်က အဆိုပါအခမ်းအနားကို တက်ရောက်ကာ ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့ ဝန်ကြီးများ၊ တရုတ်ကူမြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ချို့တတ်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly