H1N1 တုပ်ကွေးရောဂါ ပြန့်နှံ့မှု ထိန်းချုပ်ရေး တရုတ်က မြန်မာကို ကူညီမည်

H1N1 တုပ်ကွေးရောဂါ ပြန့်နှံ့မှု ထိန်းချုပ်ရေး တရုတ်က မြန်မာကို ကူညီမည်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

သြဂုတ် ၅ ။                 ။ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေလျက်ရှိသည့် H1N1 ရာသီတုပ်ကွေးရောဂါ ပြန့်နှံ့မှုကို ထိန်းချုပ်ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကို တရုတ်က အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

H1N1 ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်နေရသည့် မြန်မာနိုင်ငံအတွက် တရုတ်အစိုးရဘက်မှ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးပို့မည်ဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ မြန်မာနိုင်ငံတွင် အားချင်းလိုအပ်နေသည့် ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ အကူအညီများ အမြန်ဆုံး ပေးပို့သွားနိုင်ရေးအတွက်လည်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက အခြားသော အစိုးရဌာနများနှင့် လက်တွဲလုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်မှ သြဂုတ် ၄ ရက်အထိ မြန်မာနိုင်ငံတွင် H1N1 တုပ်ကွေးပိုးတွေ့သူ လူနာစုစုပေါင်း ၁၃၂ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၅ ဦးထိရှိကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required