ရုရှ မိုင်းတွင်းတစ်ခု ရေလွှမ်းမိုးခံရပြီး မိုင်းလုပ်သား ၁၅၀ ကျော်ပိတ်မိ

ရုရှ မိုင်းတွင်းတစ်ခု ရေလွှမ်းမိုးခံရပြီး မိုင်းလုပ်သား ၁၅၀ ကျော်ပိတ်မိ

သြဂုတ် ၄ ။             ။ ရုရှနိုင်ငံ ဆိုက်ဘေးရီးယားဒေသ အရှေ့ပိုင်းမှာရှိတဲ့ ရွှေတွင်းတစ်ခုမှာ ရုတ်တရက် မြေအောက်ရေလွှမ်းမိုးမှုဖြစ်ပွားပြီးနောက် မိုင်းလုပ်သား ၁၅၀ ခန့် ပိတ်မိနေခဲ့ကြောင်း ရုရှ စိန်တူးဖော်ရေးကုမ္ပဏီ Alrosa က သြဂုတ် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ မိုင်းတွင်းမှာတော့ ရုတ်တရက် ရေလွှမ်းခံလိုက်ရတာဖြစ်ပြီး အခင်းဖြစ်ချိန်မှာ အထဲမှာ မိုင်းလုပ်သား ၁၄၈ ဦးထက်မနည်း ရှိနေခဲ့တယ်ဆိုပြီး Alrosa ကုမ္ပဏီက ယင်းရဲ့ ၀က်ဆိုဒ်ကနေတဆင့် ထုတ်ဖော်ထားပါတယ်။

ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အားချင်းလုပ်ဆောင်နေလျက်ရှိပြီး ကုမ္ပဏီ စီအီးအို Sergei Ivanov ကိုယ်တိုင် အဆိုပါမိုင်းတွင်းထိ သွားပြီး ကြီးကြပ်လုပ်ဆောင်နေလျက်ရှိကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဒေသမှာ ရှိတဲ့ သတ္ထုလုပ်ငန်းကယ်ဆယ်ရေးအဖွဲ့ကလည်း ပိတ်မိနေတဲ့ လုပ်သားတွေကို ကယ်ဆယ်နိုင်ဖို့လုပ်ဆောင်ပေးနေလျက်ရှိကြောင်း သိရပါတယ်။

ဒေသမှာရှိတဲ့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူတစ်ဦးရဲ့ အဆိုအရတော့ လက်ရှိအချိန်မှာ မိုင်းတွင်းထဲကနေ လူတွေကို ရွှေ့ပြောင်းပေးနေရကြောင်း ပြောဆိုတယ်လို့ သိရပါတယ်။ ယင်းအပြင် မတော်တဆမှု ဖြစ်စဉ်က အတွင်း၌ လူပေါင်း ၁၅၀ ထိ ပိတ်မိနေခဲ့ကြောင်း ၊ အသေအပျောက်မရှိသေးကြောင်းလည်း ပြောဆိုသွားတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required