စစ်မှုထမ်းမည့်အချိန်အား ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် လီဂျောင်ဆုခ်

စစ်မှုထမ်းမည့်အချိန်အား ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် လီဂျောင်ဆုခ်

တောင်ကိုရီးယားမင်းသား လီဂျောင်ဆုခ်သည် လွန်ခဲ့သောဇွန်လကတည်းက လာမည့်သြဂုတ်လ ၁၀ရက်နေ့ တွင် စစ်မှုထမ်းရမည်ဆိုသည့် အကြောင်းကြားစာကို လက်ခံရရှိခဲ့သော်လည်း နောက်ဆုံးတွင် သူသည် စစ်မှုထမ်းဖို့ အချိန်ဆိုင်းငံထားရန် ဆုံးဖြတ်ခဲ့သည်။

သူ၏အေဂျင်စီဖြစ်သော YG Entertainment က “ လီဂျောင်ဆုခ်ဟာ စစ်မှုထမ်းဖို့ နိုင်ငံတော်က အကြောင်း ကြားတဲ့စာကို မကြာသေးခင်ကမှ လက်ခံရရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ မကြာခင်မှာ ထွက်ရှိတော့မယ့် သူခေါင်းဆောင်ပါ၀င်ထားတဲ့ ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲတွေအတွက် တာဝန်ရှိနေသေးတယ်လို့ ခံစားနေရပါတယ် ဒါကြောင့် စစ်မှုထမ်းတာဝန်ကို ဆိုင်းငံ့ထားဖို့ သူဆုံးဖြတ်ခဲ့ပါတယ်” ဟု သြဂုတ် ၄ ရက်နေ့တွင် ကြေညာခဲ့ သည်။

ဒါ့အပြင် လီချောင်ဆုခ်ကလည်း “ ကျနော်နဲ့ရွယ်တူတွေ စစ်မှုထမ်းနေချိန်မှာ ကျနော်က နောက်ကျနေတဲ့ အတွက် အပြစ်မကင်းသလို ခံစားရပါတယ်။ ဒါပေမယ့် ကျနော်လုပ်စရာရှိတဲ့ အလုပ်တွေအားလုံးကို အပြီးသတ် ပြီးတဲ့အခါမှာ ကျနော့်ရဲ့ စစ်မှုထမ်းတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာပါ” ဟု ပြောဆိုကာ သူ၏ ပရိသတ်များကို အသိပေးခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required