အစာအိမ်ရောဂါကြောင့် ဆီးဂိမ်းပြိုင်ပွဲကို မျိုးကိုထွန်း လွဲချော်

အစာအိမ်ရောဂါကြောင့် ဆီးဂိမ်းပြိုင်ပွဲကို မျိုးကိုထွန်း လွဲချော်

သြဂုတ် ၄၊ ရန်ကုန်။      ။ မြန်မာယူ-၂၂အသင်းမှ အဓိက ကစားသမားတစ်ဦးဖြစ်သော မျိုးကိုထွန်းမှာ အစာအိမ်ရောဂါကြောင့် ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲဝင်အသင်းလူစာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

မျိုးကိုထွန်းမှာ အစာအိမ်ရောင််ဝေဒနာကို KBZ Bank Cup ဖိတ်ခေါ်ပြိုင်ပွဲမတိုင်မီကတည်းက ခံစားနေရခြင်းဖြစ်ပြီး ၂၀၁၈အာရှယူ-၂၃ချန်ပီယံရှစ်ပြိုင်ပွဲတွင် ပြန်လည်ကစားနိုင်ခဲ့သော်လည်း သြစတြေးလျနှင့်ပွဲတွင် ဝေဒနာပြန်လည်ခံစားခဲ့ရခြင်းဖြစ်သည်။ ''ကျွန်တော့်ရောဂါက အစာအိမ်ရောင်တာပါ။  လက်ရှိတော့အနားယူပြီး ကုသမှုခံယူနေပါတယ်။ ဘယ်လောက်နားရမလဲတော့မသိသေးဘူး။ ဆီးဂိမ်းမှာမကစားနိုင်တော့တဲ့အတွက်တော့ စိတ်မကောင်းပါဘူး" ဟု မျိုးကိုထွန်းကပြောသည်။

မျိုးကိုထွန်းမှာ မြန်မာယူ-၁၉အသင်းနှင့်အာရှချန်ပီယံရှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး ကွင်းလယ်နှင့်နောက်ခံညာအစွန်နေရာများတွင် ကစားနိုင်သူဖြစ်သည်။ ၂၀၁၇ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာယူ-၂၂အသင်းအနေဖြင့် ကစားသမား ၂၀ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီးလက်ရှိကစားသမား ၂၃ဦးစာရင်းမှ ကစားသမား ၃ဦးထပ်မံချန်ရစ်ထားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required