Facebook နှင့် Save the Children ပူးပေါင်းပြီးရေဘေး ကယ်ဆယ်ရေး အတွက်နိုင်ငံတကာမှ လှူဒါန်းနိုင်ရန်စီစဉ်

Facebook နှင့် Save the Children ပူးပေါင်းပြီးရေဘေး ကယ်ဆယ်ရေး အတွက်နိုင်ငံတကာမှ လှူဒါန်းနိုင်ရန်စီစဉ်

ရန်ကုန်၊ သြဂုတ် ၉ ။      ။ လူမှုကွန်ရက် Facebook နှင့် Save the Children တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေး အတွက် နိုင်ငံတကာမှ ငွေကြေးထည့်ဝင် လှူဒါန်းနိုင်မည့် အစီအစဉ်ကို  သြဂုတ် ၉ ရက်တွင် စတင် လိုက်ကြောင်း Save the Children ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

လှူဒါန်းလိုသူများအနေဖြင့် www.facebook.com/myanmarfloodrelife တွင် လှူဒါန်းလိုသည့် ပမာ ဏကို Visa, Master, American Express, Discover, Paypal ကဒ်တို့မှ တဆင့် လှူဒါန်းနိုင်ပြီး လက်ခံ ရရှိသည့် ငွေပမာဏအတိုင်း Save the Children မှတဆင့် မြန်မာနိုင်ငံ ရေဘေးကယ်ဆယ် ရေးများသို့ တိုက်ရိုက်လှူဒါန်းမည် ဖြစ်သည်။

Facebook ၏ အမှုဆောင်အုပ်ချုပ်ရေးအရာရှိ Sheryl Sandberg က  “အလှူငွေကောက်ခံရသမျှကို Save the Children နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေးမှာ သုံးစွဲဖို့ လှူဒါန်းသွားမှာပါ” ဟု ၎င်း၏ စာမျက်နှာတွင် ရေးသားထားသည်။

အလှူရှင်တစ်ဦးက ဒေါ်လာ ၁၀ လှူဒါန်းလျှင် Facebook က ဒေါ်လာ ၁၀ ပူးပေါင်း လှူဒါန်းမည်ဖြစ်ပြီး အများဆုံးဒေါ်လာ ၅ သိန်းသတ်မှတ်ထားကာ ဒေါ်လာ ၅ သိန်းကျော်ပါက Facebook က မပူးပေါင်းဘဲ တစ်ဦးတည်း အလှူရှင်ဖြစ်မည်ဟု Save the Children အဖွဲ့မှ အရာရှိတစ်ဦးက ရှင်းပြသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် ရေဘေးသင့်ပြည်သူ ရှစ်သောင်းကျော် ရှိနေသည်ဟု Save the Children စစ်တမ်းတစ်ရပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required