အာရပ်နိုင်ငံများသို့ ဂျာမနီ လက်နက်ရောင်းချမှုများ ၅၀ ရာခိုင်နှုန်းမြင့်တက်လာ

အာရပ်နိုင်ငံများသို့ ဂျာမနီ လက်နက်ရောင်းချမှုများ ၅၀ ရာခိုင်နှုန်းမြင့်တက်လာ

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများသို့ ဂျာမနီနိုင်ငံမှ လက်နက်တင်ပို့ရောင်းချမှုသည် ၂၀၁၅ ပထမနှစ်ဝက်တွင် နှစ်ဆမြင့်တက်လာခဲ့သည်။ ဂျာမန်တင့်ကားများက လက်နက်တင်သွင်း သည့်နိုင်ငံများကြား ပိုရေပန်းစားလျက်ရှိသည်။

ဂျာမနီဒုတိယဝန်ကြီးချုပ် ဆစ်ဂမာဂါဘရီယယ်က နိုင်ငံခြားတိုင်းပြည်များသို့ လက်နက်တင်ပို့ခြင်းများကို လျှော့ချမည်ဟု အစောပိုင်းက ကြေညာထားသော်လည်း ယခုလိုမြင့်တက်နေခြင်းဖြစ်ကြောင်း ဂျာမနီအပတ်စဉ်ထုတ်သတင်းစာ Der Spiegel တွင် သြဂုတ် ၈ ရက်က ဖော်ပြသည်။

ဒုတိယဝန်ကြီးချုပ် ဂါဘရီယယ်၏ကတိရှိနေလင့်ကစား အာရပ်နိုင်ငံများသို့ ဂျာမနီလက်နက်များတင်ပို့မှုသည် ယခုနှစ်ဇန်နဝါရီမှစတင်ကာ ပထမနှစ်ဝက်ကာလသည် ယခင်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ဇန်နဝါရီမှ ဇွန်လအထိကာလသည် ၂၀၁၄က အလားတူကာလကထက် နိုင်ငံခြားသို့ လက်နက်တင်ပို့မှုသည် ပိုမိုများပြားလာကြောင်း အစိုးရကလည်း အတည်ပြုကြောင်း ယင်းသတင်းစာတွင်ဖော်ပြထားသည်။

စုစုပေါင်းလက်နက်ရောင်းချရမှုသည် ယူရိုငွေ ၃ ဒသမ ၃၁ ဘီလီယံအထိရှိခဲ့ကြောင်း အဆိုပါသတင်းတွင်ဖော်ပြထားသည်။

Ref: Press TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly