အဆိုတော်ခိုင်ထူးကို ICU (အထူးကြပ်မတ်ကုသဆောင်) သို့ ပို့ဆောင်ကုသ

အဆိုတော်ခိုင်ထူးကို ICU (အထူးကြပ်မတ်ကုသဆောင်) သို့ ပို့ဆောင်ကုသ

အစာအိမ်သွေးကြောပေါက်လို ့ ရန်ကုန်ပြည်သူ ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတဲ့ အဆိုတော်ခိုင်ထူး၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတဲ့အတွက် သြဂုတ်၃ ရက် ညမှာတော့ ICU အထူးကြပ်မတ်ကုသဆောင်ကို ပို ့ဆောင်ပြီး ဆေးကုသမှု ဆက်လက်ခံယူနေရပါတယ်

အဆိုတော်ခိုင်ထူးရဲ့ ကျန်းမာရေးကိစ္စရပ်တွေကို အနီးကပ်လိုက်ပါကူညီနေသူတွေကတော့ စိုရိမ်ရတဲ့ အနေအထားရှိတာကြောင့် ခုချိန်မှာ အကောင်းဆုံးဆေးကုသမှုတွေ ပြုလုပ်နေပြီး အမြန်ဆုံးသက်သာစေရန် ဝိုင်းဝန်းဆုတောင်းနေကြကြောင်း သိရပါတယ်။

စတူရီယို တခေတ်မှာ ကိုယ်ပိုင်သံစဉ်တေးသီချင်းများစွာကို သီဆိုအောင်မြင်ခဲ့တဲ့ ခိုင်ထူး ကိုချစ်မြတ်နိုးတဲ့ ပရိသတ်အများနဲ ့ ဂီတ ညီအကိုမောင်နှမများကလည်း လူမှုကွန်ယက် Facebook စာမျက်နှာကနေ ဆုတောင်းမှုများနေ ့စဉ်ပြုလုပ်နေကြပါတယ်။

ဇူလိုင်လ ၃၁ရက် ညက ဆေးကုသမှုခံနေရတဲ့ ကိုခိုင်ထူးဟာ သြဂုတ် ၄ရက်ထိ ရန်ကုန်ပြည်သူ ့ဆေးရုံကြီးမှာ ဆေးကုသနေရတာ လေးရက်မြောက်နေ့လည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required