နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ဋ္ဌေးနှင့် တွေ့ဆုံခြင်း အပိုင်း (၂)

နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ဋ္ဌေးနှင့် တွေ့ဆုံခြင်း အပိုင်း (၂)

4R Health Talk Episode (3), Part-2 (ကျန်းမာရေးရာ အဖြေရှာ အစီအစဉ်)

မင်္ဂလာပါ မဇ္စျိမ ပရိသတ်များ။ 4R Health Talk ကျန်းမာရေးရာ အဖြေရှာ အစီအစဉ် ရဲ့ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို အပိုင်း ၂ အနေနဲ့ ဆက်လက် ထုတ်လွှင့်ပေးသွားမှာ   ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင် ဖြေကြားပေးမယ့် ဆရာဝန်ကြီးကတော့ နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မောင်မောင်ဋ္ဌေး ဖြစ်ပါတယ်။

မဇ္ဈိမ - ကျွန်တော်တို့ မဇ္စျိမပရိသတ်တွေ မေးတဲ့မေးခွန်းကို ပြန်ပြီးတော့ ဖြေကြားမယ့် အချိန် ရောက်လာပါပြီ။ ဆရာကြီး ခင်ဗျာ မသူဇာခိုင်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မေးလာပါတယ်။ သူ့အမေက အသက် ရ၅နှစ်ရှိပါပြီ။ နှလုံးသွေးကြော ဖောင်းတယ်ပြောတယ်တဲ့ ဘယ်လို ဆက်လုပ်ရမလဲ။ အသက်ကလည်း ကြီးတော့ ခွဲစိပ်မခံနိုင်မှာစိုးလို့ပါတဲ့။ သောက်ဆေး သောက်လို့ ရမလားတဲ့။ မေးလာပါတယ် ခင်ဗျ။

Prof: MMH -ဦးမျိုးသန့်ရေ အဲတာတော့ ဒေါ်သူဇာခိုင်ရဲ့ အမေပေါ့နော်။ ရ၅ နှစ် ဖြစ်တယ်။ သွေးကြောဖောင်းတယ်ဆိုတော့ ကျွန်တော်တို့ နှလုံးက ထွက်လာတဲ့ သွေးကြောပေါ့။ ကျွန်တော်တို့ အဲဒီသွေးကြောဖောင်းတဲ့ဟာက အရေးကြီးတာက ပေါက်ကွဲပြီးတော့ အသက်အန္တရာယ် ရှိနိုင်တယ်ပေါ့။ အဲတော့ ကျွန်တော်တို့ CT Scan တို့ ECHO တို့နဲ့ တိုင်းပါတယ်။ တိုင်းတော့ 6cm ကျော်သွားတယ်ဆိုလို့ ရှိရင် ကျွန်တော်တို့က ခွဲဖို့လိုပါတယ်။ 5.5cm နှင့် 6cm ဆို ခွဲစိပ်ကုသဖို့ လိုပါတယ်။ သို့မဟုတ် အခုနောက်ပိုင်းမှာဆိုရင် အောက်ပိုင်းကို ရောက်တဲ့ ဟာမျိုးတွေပေါ့။ Stent ထည့်ပြီးတော့ ကုလို့ ရပါတယ်။ အဲဒီအတွက်ကတော့ အခုက ပြောတဲ့ CT Scan တို့ ECHO တို့ အားလုံးကို ကြည့်ပြီးတော့ အားလုံး Review ပြန်လုပ်ဖို့ လိုပြီးတော့ ကျွန်တော်တို့ ခွဲဖို့လိုမလား Stent ထည့်ဖို့ လိုမလား အဲဒါတော့ ဆုံးဖြတ်လို့ ရပါတယ် ခင်ဗျ။

မဇ္ဈိမ - ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ခင်ဗျ။ သိန်းဆွေ ဆိုတဲ့တစ်ယောက်ကတော့ ဆရာကြီးရေ နှလုံးစက်ထည့်ရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ကလေးမီးဖွားလို့ ရနိုင်မလားတဲ့။ တကယ်လို့ မွေးလာမယ့် ကလေးအတွက် မိခင်ရော ကလေးပါ ဆိုးကျိုး ကောင်းကျိုး ဘာဖြစ်လာနိုင်သလဲတဲ့။ ဒီ မျိုးရိုးဗီဇကြောင့် ကလေးမှာ ချို့ယွင်းချက် မရှိအောင် ကာကွယ်ပေးလို့ ရမလားတဲ့။

Prof: MMH - အဲဒါကတော့ နှလုံးစက်နှင့် ကလေးမီးဖွားတာပေါ့။ မီးဖွားလို့ ရပါတယ်။ အဲဒါတော့ ပြဿနာ မရှိပါဘူး။ နောက်တစ်ခုက မွေးလာတဲ့ ကလေးပေါ့ စက်ထည့်ထားတဲ့အတွက် ပြဿနာတော့ မရှိပါဘူး။ သို့သော်လည်းပဲ Congenital Heartလို့ ခေါ်တာပေါ့နော်။ အဲဒါမျိုးလေးတွေတော့ ပါလာဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခု နိုင်ငံခြားမှာတော့ ဘယ်လိုလုပ်သလဲ ဆိုတော့ ကလေးတွေ အဲလို ပါလာတယ်ဆိုရင် ကိုယ်ဝန်ဆောင် သားအိမ် အတောအတွင်းမှာပဲ ခွဲစိပ်ကုသလို့ ရတဲ့ အဆင့်ကို ရောက်နေပါပြီ။ ကျွန်တော်တို့ဆီမှာတော့ လောလောဆယ် မလုပ်နိုင်သေးပါဘူး။ မကြာခင်တော့ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ် ခင်ဗျ။

မဇ္ဈိမ - အဲတော့ နည်းလမ်းတော့ ရှိတယ် လောလောဆယ်တော့ မရနိုင်သေးဘူးပေါ့နော်။ နောက်တစ်ခုက သက်ထွန်းဆိုတဲ့ တစ်ယောက်ကတော့ ညဘက်ဆိုရင် နှလုံးခုန်ပြီးတော့ လန့်နိုးလာတယ်တဲ့။ နှလုံးသွေးတိုး၊ ဆီးချို၊ ကျောက်ကပ်ရောဂါလည်း မရှိဘူးတဲ့။ အသက် ရ၃နှစ် ရှိပြီ အမျိုးသားပါ ကျန်းမာရေးလည်း ကောင်းမွန်ပါတယ် အဲတော့ ဘာလုပ်သင့်သလဲ လို့ မေးလာပါတယ် ခင်ဗျ။

Prof: MMH - ကျွန်တော်တို့ အသက် ရ၂ ပေါ့ နှလုံးခုန်လာတယ်ဆိုရင်တော့ ဖြစ်နိုင်တာ နှစ်ခု ရှိပါတယ်။ တစ်ကတော့ နှလုံးခုန်ခြင်း မမှန်တာမျိုးပါ။ နောက်တစ်ခုက ဘာလဲဆိုတော့ နှလုံးသွေးကြော ရောဂါမျိုးပေါ့။ အဲတော့ နှလုံးသွေးကြော ရောဂါမျိုး ရှိလာတယ်ဆိုရင်လည်း ဒီလိုပဲ နှလုံးခုန်တာလေး ဖြစ်တတ်ပါတယ်။ ဘာလုပ်သင့်လဲဆိုတော့ စမ်းသပ်စစ်ဆေးမှု လုပ်သင့်ပါတယ်။ နောက်တော့မှ တွေ့တဲ့ရောဂါကို ကုသင့်ပါတယ် ခင်ဗျ။

မဇ္ဈိမ - နောက် မေးခွန်း သုံးခုကို ပေါင်းပြီးတော့မှ မေးပါ့မယ်။ အဲဒီလူတွေကတော့ အောင်အောင်ဦး၊ မင်းစောမွန်၊ မင်းသူ မေးထားတဲ့ မေးခွန်းတွေပေါ့နော်။ နှလုံးသွေးကြောကျဉ်းတဲ့သူတွေကို ဘယ်လို လုပ်ရင် ကောင်းမလဲ ဆိုတဲ့ မေးခွန်းကို ဆရာကြီး နည်းနည်းလောက် ဖြေကြားပေးပါ ခင်ဗျ။

Prof: MMH - ကျွန်တော်တို့ ကုသနည်းကတော့ သုံးမျိုး ရှိပါတယ်။ တစ်ကတော့ ဆေးနဲ့ ကုသတာ ရှိပါတယ် ခင်ဗျ။ နောက်တစ်ခုကတော့ သွေးကြောထဲမှာ ဒေါက်တိုင်ထည့်တာပေါ့။ နောက်ဆုံးကတော့ ခွဲစိပ်ကုသတဲ့ အဆင့် ရှိပါတယ်။ ဆေးနဲ့ ကုသတာတော့ နှလုံးဆေးတွေ ဆရာဝန်က ပေးမယ်ဆိုတော့ ဒါကတော့ ရှင်းပါတယ် ခင်ဗျ။ ဒေါက်တိုင်နဲ့ ကုသတာလေးကတော့ ဒီ Video လေးကြည့် ရင် အခု ပြတာလေးတော့ အဆင်ပြေပါတယ် ခင်ဗျ။

မဇ္ဈိမ - ခွဲတဲ့ ဟာလေးကိုလည်း ဆရာကြီး နည်းနည်းလောက် ရှင်းပြပါအုံး ခင်ဗျ။

Prof: MMH - အရင်ဆုံး ရင်ဘတ်ကို ခွဲလိုက်ရတယ်။ နောက်မှာ အရိုးရှိတယ် ။ အရိုးကို ခွဲလိုက်ရတယ်။ ခွဲတယ်ဆိုရင် သွေးကြောပိတ်နေတဲ့ နေရာပေါ့နော်။ ဒီမှာ ရှိတဲ့ သွေးကြောကြီးကနေပြိးတော့ ပိတ်နေတဲ့ နေရာကို ကျော်ပြီးတော့ သွေးကြောတွေနဲ့ နှလုံးကို ရပ်လိုက်တာပေါ့။ ဒီစက်ကနေပြီးတော့ သွားပါတယ်။ သွေးတွေကော စက်ကနေ သွားတယ်။ နှလုံးက ရပ်ထားတဲ့ အချိန်တော့ အခုန ပြောတဲ့ သွေးကြောတွေ ရှိပါတယ်။ ပိတ်နေတဲ့ နေရာရဲ့ အောက်ဖက်မှာ ကျွန်တော်တို့ သွားပြီးတော့ ဆက်တယ်။ ဆက်တော့ ဒါကတော့ ခြေထောက် သွေးကြောက ယူတာပေါ့။ ဒါကတော့ အထဲမှာ ရှိတဲ့ သွေးကြောပေါ့။ အဲကနေပြီးတော့ ကျွန်တော်တို့ သွားပြီးတော့ ပိတ်တဲ့ နေရာကို ကျော်လိုက်ပါတယ်။ ကျော်ပြီးတော့မှ သွားဆက်တာပေါ့။ ဒါကတော့ By Pass Operation ပေါ့။ သွေးကြော သုံကြောပေါ့။ ဒါမှ မဟုတ် အရေးကြီးတဲ့ သွေးကြော ထိတယ်ဆိုရင်တော့ ခွဲစိပ်ကုသဖို့ လိုအပ်ပါတယ်။ အဲတော့ ကုစရာတော့ ကျွန်တော်တို့ သုံးခုရှိပါတယ်။ ဆေးနဲ့ ကုတာ တစ်ခု ရှိပါတယ်။ နောက် ဒေါက်တိုင်ထည့်တာ တစ်ခု ရှိပါတယ်။ နောက်ဆိုးတဲ့ လူနာတွေအတွက်ကတော့ နှလုံးခွဲစိပ်တာပေါ့။

မဇ္ဈိမ - ကျေးဇူးတင်ပါတယ် ဆရာကြီး။ ကျွန်တော် နောက်ထပ် မဇ္စျိမ ပရိသတ်များကို အလှည့်ပေးရအောင် ဆရာ။ နှလုံးက တစ်ခါတလေ မီးစနှင့် ထိုးသလို စူးခနဲ့ စူးခနဲ ဖြစ်တယ်တဲ့။ တစ်လ တစ်ခါလောက်ပါပဲတဲ့။ အမြဲတော့ မဖြစ်ဘူးတဲ့ အဲဒါ ဘာဖြစ်တာလဲဆိုတာ သိချင်ပါတယ်တဲ့။

Prof: MMH - မေးတဲ့ ကိုသက်ကိုဦးပေါ့နော်။ အသက်က မသိတော့ ကျွန်တော်လည်း ပြောရခက်တယ်ပေါ့နော်။ တကယ်လို့ အသက်ငယ်တယ် အဲလို မီးစနဲ့ ထိုးသလို ဆိုရင်တော့ နှလုံးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ နောက် နှလုံးနဲ့ မပတ်သက်တာတွေပေါ့။ ကျွန်တော်တို့ အစာအိမ်တို့ အစာပြွန်တို့ကနေပြီးတော့ ဒီလိုမျိုးလည်း နာတတ်ပါတယ်။ တစ်ခါတလေဆိုရင် Mitral Valve Prolapse လို့ ခေါ်ပါတယ်။ Valve လေးတစ်ခုက အလုပ် ပုံမှန် မလုပ်ရင်လည်း အဲလိုမျိုး ရုတ်တရက် နာတာမျိုး ဖြစ်တတ်ပါတယ်။ သေချာတာ အကောင်းဆုံးကတော့ အသက်အရွယ်လည်း မသိ အခြားဒေတာတွေလည်း မရှိတဲ့ အတွက်ကြောင့်မို့ ဒီဟာတွေ အားလုံး ECGရိုက်တာတို့ECHO ရိုက်တာတို့ အဲတာဆိုလို့ ရှိရင်တော့ အဖြေတစ်ခု ရပါလိမ့်မယ်။

မဇ္ဈိမ - နောက်တစ်ခုက သူလည်း အသက်တော့ မရေးထားပါဘူး ဆရာကြီး၊ တစ်ခါတလေ အောင့်တယ်တဲ့။ အကြိမ်အရေ စိပ်လာလို့တဲ့ ဘာဖြစ်တာလဲ သိချင်ပါတယ်တဲ့။

Prof: MMH -အသက်က ၃၇ နောက်ပိုင်း ဖြစ်တယ်။ ဒီလိုပဲ အောင့်တယ် နောက်အကြိမ်အရေ ပိုများလာတယ်ဆိုရင်တော့ နှလုံးမဟုတ်တဲ့ ရင်ဘတ်အောင့်တာလဲ ဖြစ်နိုင်ပါတယ်။ နှလုံးကြောင့် အောင့်တာဆိုရင်လည်း Stable Chronic Kidney Disease လို့ ခေါ်တဲ့ ကျွန်တော်တို့ ဟိုမှာ ပြသလိုမျိုး သွေးခဲတဲ့ခါ မဟုတ်တဲ့ အဆင့်ပေါ့။ အဲဒီအဆင့်မှာလည်း ဖြစ်နိုင်ပါတယ်။ အခုနက ပြောသလို ECG တို့ ECHOရိုက်ကြည့်ပြီးမှ အခုနက ပြောသလို အဖြေတစ်ခု ရမယ်လို့ ပြောနိုင်ပါတယ်။

မဇ္ဈိမ - နောက်တစ်ယောက်က အသက် ၄၁ နှစ်ရှိပြီ။ မွေးရာပါ နှလုံးအပေါက်ကို ခွဲစိပ်တာက Major လား၊ Minorလား သိချင်ပါတယ်တဲ့။ အသက်က နည်းနည်း ရလာတဲ့ အခါ လှေကား နှစ်ထပ် တက်ရင်တောင် တော်တော်မောတယ်တဲ့။ သမားတော်ကြီးတွေကလည်း ခွဲစိပ်ရမယ်လို့ ပြောပါတယ်တဲ့။ ကျေးဇူးပြုပြီး ခွဲစိပ်ပါက ကုန်ကျစရိတ် ဘယ်လောက် ရှိနိုင်မလဲပေါ့နော်။ ခန့်မှန်းခြေ ပြောပေးပါတဲ့။

Prof: MMH -နှလုံး မွေးရာ အပေါက်ကတော့ နှစ်မျိုး ရှိတယ်ခင်ဗျ။ နံပါတ်တစ်ကတော့ Atrial လို့ ခေါ်တဲ့ အပေါ်ပေါက်မှာ အကန့်မှာ ပေါက်နေတာမျိုး နောက်တစ်ခုကတော့ Ventricular Septal Defect ဆိုတဲ့ အောက် နှစ်ခန်းကို ပေါက်ပါတာမျိုးပေါ့။ ဒီလိုမျိုး ဘယ်ဟာ ပါလဲဆိုတာတော့ ဒီမှာတော့ မပါဘူးနော်။ ကျွန်တော်တို့က ဘာလုပ်လို့ ရလဲဆိုတော့ ပေါင်သွေးကြောကနေ ထည့်မယ် အခုနက အပေါက်ကို ပိတ်လို့ ရပါတယ်။ ပိတ်လို့ ရတယ်ဆိုတော့ အဲလို ပိတ်လို့ ရတဲ့ အခါမှာလည်း ကျွန်တော်တို့က ဘာကို ကြည့်ရလဲဆိုတော့ အဆုတ်ထဲမှာ သွေးတိုးနေလား ကြည့်ရမယ်။ အဆုတ်ထဲမှာ သွေးတိုးတာတွေ များနေတယ် ဆိုရင်တော့ ကျွန်တော် အခုနက ပြောတဲ့ ပိတ်တာတို့ ခွဲတာတို့က နောက်ကျသွားပါ့မယ်။ ဖြစ်နိုင်ရင်တော့ စောစောစီးစီး ခွဲသင့်ပါတယ်။

မဇ္ဈိမ - နောက်တစ်ယောက်ကတော့ နှလုံးမကြာခဏ အောင့်ပြီး ည မအိပ်ပျော်ဘူး အိပ်ဆေး သောက်အိပ်တော့ မနက်ကျ ခေါင်းမူး ခေါင်းကိုက်တယ်တဲ့။ အဲဒါ ဘယ်လို ဆက်ကုသသင့်လဲ။

Prof: MMH - အဲလို အသက်အရွယ်လည်း မပါတော့ ကျွန်တော်ထင်ပါတယ်။ အသက်အရွယ်တော့ ရှိပြီလို့ ထင်တယ်။ အခုနက ပြောသလိုပဲ နှလုံးကြောင့် နာတာလား နှလုံးကြောင့်မဟုတ်ဘဲ နာသလား ဒါကို စစ်ဆေးသင့်ပါတယ်။ အဲတော့ မကြာခဏ အောင့်ပြီးတော့ ညမအိပ်ပျော်ဘူးဆိုတဲ့ အတွက်ကြောင့်မို့လို့ ဖြစ်နိုင်တာ ဘာလဲဆိုတော့ နှလုံး မဟုတ်တဲ့ ဘက်ကို ပိုပြီးတော့ ရောက်နေပါတယ်။ နှလုံးကြောင့် Stable Chronic Kidney Disease ကြောင့် ဖြစ်တာ ဆိုရင် ကျွန်တော်တို့ လှုပ်ရှားတဲ့ အချိန်မှာ နာတာပေါ့နော်။ ရပ်လိုက်လို့ ရှိရင် သက်သာသွားတယ်ပေါ့နော်။ အခုဟာ မကြာခဏ အောင့်တယ် ဒီလို အိပ်မပျော်သည်ထိ ဖြစ်တယ်ဆိုတော့ အခြားရောဂါပေါ့ နှလုံးနှင့် မဟုတ်တာတွေလည်း ရှာဖို့ လိုပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာကြီး။ ဒီမှာ တောသားလေးဆိုတဲ့ အကောင့်ပိုင်ရှင် မေးထားတာကတော့ ဆရာကြီး အခုနက ရှင်းပြခဲ့ပြီ ထင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ နှလုံး ဘယ်အချိန်မှာ စဖြစ်တတ်သလဲ။ နောက် နှလုံးရောဂါ ဖြစ်နိုင်ခြေရှိတဲ့ လူတစ်ယောက်ရဲ့ လက္ခာတွေကိုလည်း ဆရာကြီး ပြောခဲ့ပါတယ်။ အဲတော့ ကျွန်တော်တို့တွေ ဖြေပြီး ဖြစ်တဲ့အတွက် ကျွန်တော် မမေးတော့ပါဘူး။

မဇ္ဈိမ - နောက်ပြီးတော့ ယုယုဆိုတဲ့ တစ်ယောက်ကတော့ ညာဘက်က အောင့်လိုက် ဖြစ်နေတာပေါ့နော်။ ရင်ညွှန့်က အောင့်လိုက်နဲ့ တစ်ခါတလေ စကားတောင် မပြောနိုင်ဘူးတဲ့။ မောတယ်။ စဖြစ်တုန်းကဆိုရင် အိပ်နေတာကနေ မလှုပ်နိုင်အောင် နာတယ်တဲ့။ အတင်းမရမက ထိုင်ပြီးတော့ လေဆေးသောက်တယ် ပြန်ထိုင်တော့ သက်သာလာတယ်။ ဆရာရေ IHD ဆေးတွေ သောက်ဖို့ လိုလား ဆေးဆက်သောက်ရမလားတဲ့။

Prof: MMH - ဦးမျိုးသန့်ရေ ထုံစံအတိုင်းပါပဲ။ ယုယုရဲ့ အသက်ကလည်း မသိဘူးလေ။ တကယ်လို့ အသက်ငယ်မယ်ဆိုရင် ဒါက အစာအိမ်ကြောင့် မဟုတ်တဲ့ ဟာမျိုးပေါ့။ ဒါမျိုးဆိုရင်တော့ ကျွန်တော်တို့က အစာအိမ်နဲ့ မဆိုင်ဘူးပေါ့နော်။ တကယ်လို့ အသက်က အခုနက ပြောသလို ၄၀ ကျော်လာရင်တော့ သတိထားရမှာပေါ့။ ကျွန်တော်တို့ နှလုံးအတွက် စစ်ဆေးသင့်ပါတယ်။ အရေးကြီးက Non Kidney Pain နှင့် Kidney Pain ပေါ့။ ဘယ်ဟာကပိုအရေးကြီးလည်း ဆိုတော့ Non Kidney Pain ကို ကျွန်တော်တို့ Mix ဖြစ်သွားတယ်ဆိုရင် အသက်အန္တရာယ် မရှိဘူး။ Kidney Pain ကို Mix ဖြစ်သွားတယ်ဆိုရင် သူက Heart Attack ရပြီးတော့ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ အဲတော့ ကျွန်တော် အကြံပေးချင်တာက အသက်အရွယ် ရလာပြီဆိုရင် မျိုးရိုး တကယ်လို့ ရှိတယ်ဆိုရင် အသက် ၃၀ လောက် ရှိပြီဆိုရင် ကျွန်တော်တို့ ဒီဟာကို နှလုံး Check-Up လုပ်သင့်ပါတယ်။

မဇ္ဈိမ - အခြေခံကျတဲ့ မေးခွန်းတစ်ခုပါပဲ ဆရာရယ်။ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းက ပျမ်းမျှ ဘယ်လောက် ရှိရပါမလဲတဲ့။ နှလုံးခုန်နှုန်း မမှန်တဲ့ ရောဂါ ဘာကြောင့် ဖြစ်ရပါသလဲတဲ့။

Prof: MMH -နှလုံးကို ကျွန်တော်တို့က ဘယ်လို ပြောသလဲဆိုတော့ နှလုံးနှေးတာနဲ့ နှလုံးမြန်တာပေါ့။ နှလုံးနှေးတာဆိုရင် နှလုံးခုန်နှုန်း ၆၀ အောက် ရောက်သွားရင် သတ်မှတ်တယ်ပေါ့။ နှလုံးခုန်နှုန်း ၁၁၀ ရောက်သွားရင် နှလုံးမြန်တာလို့ သတ်မှတ်တာပေါ့။ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းသည် ၆၁ ကနေပြီးတော့ ၁၀၉ မှာ ရှိနေနိုင်ပါတယ်။ အဲလို ရှိနေမယ်ဆိုရင် ဒါက ပုံမှန်လို့ ပြောလို့ ရပါတယ်။ အဲတော့ နှလုံးခုန် မမှန်တဲ့ ရောဂါတွေကတော့ အမျိုးမျိုး ရှိပါတယ် ခင်ဗျ။ တစ်ခုကတော့ အပေါ်အခန်းကနေပြီးတော့ လာတာတွေ ရှိပါတယ်။ တစ်ချို့က အောက် အခန်းက လာတာတွေ ရှိပါတယ်။ တစ်ချို့က ကြားထဲက လာတာတွေ ရှိပါတယ်။ အဲတာတွေကတော့ တတ်ကျွမ်းနားလည်သူတွေနဲ့ ECD ရိုက်ဖို့ လိုပါတယ်။ ၂၄ နာရီ ECG တပ်ဖို့ လိုပါတယ်။ အဲတော့ လိုအပ်လို့ ရှိရင် EP လို့ ခေါ်တဲ့ Electrophysiology Study ကျွန်တော် အဲဒါမျိုးတွေ ရှာဖွေပြီးတော့ နောက်ဆုံး ဘာဖြစ်သလဲဆိုတာ ကုသင့်ပါတယ်။

မဇ္ဈိမ - ကိုဖိုးဇော်ဆိုတဲ့ တစ်ယောက်ကတော့ ဒီ ကျွန်တော်အစ်မ နှလုံး အရမ်းခုန်တယ်တဲ့ မြို့နယ် ဆရာဝန်က သွေးကြော အပိုပါတယ် ဖြတ်ရမယ်လို့ ပြောပါတယ်။ အခု ဆေးသောက်နေရတယ် နယ်မှာဆိုတော့ ဘယ်လို ဆက်လုပ်ရမလဲလို့ မေးထားပါတယ်။

Prof: MMH - အဲဒါကတော့ လိုတယ်ခင်ဗျ။ လိုတယ်ဆိုတာက အရင်ရိုက်ခဲ့ဖူးတဲ့ နှလုံး အပိုပါတယ်ဆိုတာ အဲတာလေး ပြန်ကြည့်ဖို့ လိုပါတယ်။ နောက်တစ်ခု အဲဒါလေး Review ပြန်လုပ်မယ်ပေါ့။ ကျွန်တော်တို့ လုပ်ပြီးသွားလို့ ရှိရင် အဲဒီနေရာကို ကွိုင်လေးထည့်ပြီး ပေါင်သွေးကြောကနေ ပိတ်လိုက်လို့ ရပါတယ်။ ခွဲစိပ်စရာ မလိုဘူးပေါ့နော်။

မဇ္ဈိမ - နောက်တစ်ခုကတော့ ရင်ဘတ် အရမ်းအောင့်တဲ့ ပြဿနာ ရှိနေတာပေါ့နော်။ ခါးတောင် ကုန်းသွားတယ်တဲ့ နှစ်ခါလောက်ဖြစ်ဖူးတယ်။ ဘာကြောင့်ပါလဲဆိုတာ သိချင်ပါတယ်တဲ့။

Prof: MMH - ရင်ဘတ်က အောင့်တယ် ခါးကုန်းသွားတဲ့ အဆင့်ဆိုရင် နှလုံးရဲ့ နာတာမျိုးနဲ့ သိပ်မတူဘူးခင်ဗျ။ နှလုံးနာတာကတော့ အခုနက ရှင်းပြထားတဲ့ အတိုင်းပဲ။ အပေါ်က ဆွဲညှစ်ထားသလိုမျိုး အခုဟာတော့ ဒီ ကုန်းသွားတယ်ဆိုတော့ ပန်ကရိယလိုဟာမျိုး ၊ အစာအိမ်လို ဟာမျိုး ပိုပြီးတော့ ဖြစ်နေပါတယ်။ သို့သော်လည်း ကျွန်တော် အခုနက ပြောသလိုပါပဲ နှလုံးကြောင့် ဖြစ်တဲ့ နာတာက ပိုအရေးကြီးပါတယ်။ အသက်အရွယ်အရ အသက် ၄၀ လောက် ရောက်နေပြီဆိုရင်တော့ ကျွန်တော်တို့ နှလုံး Chacked  လုပ်လို့ ရပါတယ်လို့ ပြောချင်ပါတယ်။

မဇ္ဈိမ - ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျ။ နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ဌေးနဲ့ တိုက်ရိုက် မေးမြန်းထားတာတွေကို အပိုင်း ၂ အနေနဲ့  ပြန်လည် ထုတ်လွှင့်ပေးခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျ။ နောက်နေ့မှာလည်း အပိုင်း ၃ နဲ့ ၄ ကို ဆက်လက်ထုတ်လွှင့်သွားပါမယ် ခင်ဗျ။

အင်တာဗျုး ပထမပိုင်းအား ကြည့်ရန်-http://www.mizzimaburmese.com/article/30174

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly