ဘရာဇီးသမ္မတအား ခြစားမှုဖြင့် စွဲဆိုရေး အဆို လွှတ်တော်တွင် ရှုံးနိမ့်

ဘရာဇီးသမ္မတအား ခြစားမှုဖြင့် စွဲဆိုရေး အဆို လွှတ်တော်တွင် ရှုံးနိမ့်

သြဂုတ် ၃ ။              ။ ဘရာဇီးနိုင်ငံမှာ သမ္မတ မိုက်ကယ်တီမာအပေါ် အကျင့်ပျက်ခြစားမှုနဲ့ ရုံးတင်စစ်ဆေးရေးအဆိုပြုချက် ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်က ကွန်ဂရက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာတော့ မအောင်မြင်ဘဲ အဆိုရှုံးနိမ့်သွားခဲ့တယ်လို့ သိရပါတယ်။

ယင်းအတွက်ကြောင့်လည်း ခြစားမှုမကောင်းသတင်းတွေ လှိုင်လှိုင်ထွက်ပေါ်နေတဲ့ လက်ယာယိမ်းသမ္မတ တီမာအနေနဲ့ကတော့ ယခု လွှတ်တော်မဲခွဲမှုမှာ အောင်မြင်သွားခြင်းကြောင့် လက်ရှိရာထူးကနေ ထွက်ပေးရမယ့်အရေးကနေ လွှတ်မြောက်သွားခဲ့ပါတယ်။

ဘရာဇီး အောက်လွှတ်တော်မှာ သမ္မတအပေါ် တရားလွှတ်တော်ချုပ်မှာ ရုံးတင်စစ်ဆေးရေး ကိစ္စကို အတည်ပြုနိုင်ဖို့အတွက်ဆိုရင် အမတ်အရေအတွက် သုံးပုံ ပုံ နှစ်ပုံ ထောက်ခံဖို့ လိုအပ်ပါတယ်။ တစ်ဘက်မှာတော့ သမ္မတ တီမာအတွက်ကတော့ သူ့ပေါ်ထောက်ခံမယ့် အမတ်အရေအတွက် သုံးပုံ ပုံတစ်ပုံသာ လိုအပ်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်တွေ့မဲခွဲဆုံးဖြတ်ခဲ့ရာမှာတော့ သမ္မတ တီမာအနေနဲ့ မဲအရေအတွက် ၅၁၃ မဲအနက် ၂၆၃ မဲအထိ ရရှိခဲ့တဲ့အတွက်ကြောင့် တရားလွှတ်တော်ချုပ် ရုံးတင်စစ်ဆေးခံရမယ့် အရေးကနေ ကင်းလွတ်သွားခဲ့တာဖြစ်ပါတယ်။

ယခု မဲခွဲမှု ကိုတော့ ရှင်းလင်းပြတ်သားပြီး အငြင်းပွားဖွယ်ရာမရှိတဲ့ အောင်ပွဲတစ်ခုဆိုပြီး သမ္မတ တီမာက ပြောသွားပါတယ်။

သမ္မတ တီမာအနေနဲ့ကတော့ နိုင်ငံမှာ အကြီးဆုံး အသားထုတ်ပိုးမှုကုမ္ပဏီ JBS ဆီကနေ လာဘ်ငွေ ဒေါ်လာ ၁၂ သန်း ရယူထားမှုနဲ့ စွပ်စွဲခံထားရသူဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required