အသင်းကိုစိတ်ဓါတ်မြှင့်ရန် ကက်ဆေးဘီအန်ရော့ခ်အဖွဲ့ကို ရာနီယေးရီ အသုံးပြု

အသင်းကိုစိတ်ဓါတ်မြှင့်ရန် ကက်ဆေးဘီအန်ရော့ခ်အဖွဲ့ကို ရာနီယေးရီ အသုံးပြု

သြဂုတ် ၉၊ လက်စတာ။       ။ ပရီးမီးယားလိဂ်အဖွင့်ပွဲအဖြစ် ဆန်းဒါးလန်းကို ၄-၂ ဂိုးဖြင့်အနိုင်ရသည့်ပွဲတွင် အသင်းသားများ စိတ်ဓါတ်တက်ကြွစေရန်အတွက် လက်စတာနည်းပြ ရာနီယေးရီက ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သော ကက်ဆေးဘီအန်အဖွဲ့၏ သီချင်းကိုအသုံးပြုခဲ့သည်။

လက်စတာအတွက်ဂိုးများကို တိုက်စစ်မှူး မာရက်ဇ်ကနှစ်ဂိုး၊ ဗာဒီနှင့် အယ်လ်ဘရိုက်တန်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြသည်။

"မင်းတို့ကွင်းထဲကို ဝင်လာကြတဲ့အခါ ကက်ဆေးဘီအန်ရဲ့ Fire သီချင်းကိုကြားရလိမ့်မယ်။ အဓိပ္ပါယ်ကတော့ စစ်သည်တော်တွေကို သူတို့အလိုရှိတယ်ဆိုတာပဲ။ ပရိသတ်တွေအတွက် ကစားသမားတွေကို စစ်သည်တော်တွေအဖြစ် ကျွန်တော်မြင်ချင်ပါတယ်"ဟု ရာနီယေးရီကပြောသည်။

နွေရာသီကာလအတွင်း နီဂျယ်ပီယာဆင်၏နေရာတွင် အစားထိုးတာဝန်ယူ ခဲ့သည့် အသက် ၆၃ နှစ်အရွယ် ရာနီယေးရီက လက်စတာနှင့် အဖွင့်အနိုင်ရလဒ်မှာ ချယ်လ်ဆီးအသင်းကိုကိုင်တွယ်စဉ်က အဖွင့်ပွဲထက် ပိုမိုကောင်းမွန်ခဲ့သည်ဟုပြောသည်။

ရာနီယေးရီသည် ၂၀၀၀ ခုနှစ်တွင် ချယ်လ်ဆီးအသင်းကိုပထမဆုံးကိုင်တွယ်စဉ်က မန်ယူကိုအဝေးကွင်းတွင် ၂-၀ ဂိုးဖြင့်ရှုံးနေရာမှ ၃-၃ ဂိုးစီ သရေကျခဲ့သည်။

၂၀၀၄ တွင်ချယ်လ်ဆီးအသင်းကို ပရီးမီးယားလိဂ်တွင်ဒုတိယ၊ ချန်ပီယံလိဂ် တွင် ဆီမီးသို့ပို့ဆောင်ပေးပြီးနောက် စတမ်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာခဲ့ရသည်။

မော်ရင်ဟိုနှင့်အစားထိုးခံရပြီးနောက် ဗလင်စီယာ၊ ပါးမား၊ ဂျူဗင်တပ်၊ ရိုးမား၊ အင်တာမီလန်နှင့် မိုနာကိုအသင်းများကိုပြောင်းလဲ ကိုင်တွယ်ခဲ့သည်။

"သိပ်ကောင်းတဲ့တာထွက်တစ်ခုဖြစ်ခဲ့ပြီး ပထမဆုံးပွဲမှာ ကစားသမားတွေနဲ့ အတူ သိပ်ပျော်ခဲ့ပါတယ်။ ပရိသတ်တွေရဲ့ရှေ့မှာလည်း အဲဒီရလဒ်က သိပ်ကိုအရေးပါခဲ့ပါတယ်"ဟု ရာနီယေးရီက ပြောသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly