၂၀၁၇ တတိယသုံးလပတ်အတွင်း ဒေါ်လာ ၈.၇ ဘီလီယံ အမြတ်ထွက်ခဲ့ကြောင်း Apple ကြေညာ

၂၀၁၇ တတိယသုံးလပတ်အတွင်း ဒေါ်လာ ၈.၇ ဘီလီယံ အမြတ်ထွက်ခဲ့ကြောင်း Apple ကြေညာ
(ဓာတ်ပုံ - အီးပီအေ)

Apple ကုမ္ပဏီဟာ ၂၀၁၇ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် အမြတ်ငွေဟာ ဒေါ်လာ ၈.၇ ဘီလီယံ မြင့်တက်လာပြီး ၂၀၁၆ ရဲ့ အလားတူကာလထက် ၁၂ ရာခိုင်နှုန်းနီးပါးထိ မြင့်မားလာကြောင်း ၎င်းတို့ရဲ့ ဘဏ္ဍာရေးရလဒ်တွေကို အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ရှယ်ယာ အရောင်းအဝယ်ပြုလုပ်ပြီးနောက် ကမ္ဘာ့တန်ဖိုးအရှိဆုံး နည်းပညာ ကုမ္ပဏီရဲ့ ရှယ်ယာစျေးဟာ ၆ ရာခိုင်နှုန်းထိ မြင့်တက်လာတာက အခုလိုအားကောင်းတဲ့ ရလဒ်တွေဖြစ်စေပါတယ်။

တနင်္လာနေ့က ပြီးဆုံးသွားတဲ့ တတိယသုံးလပတ်အတွင်း ကယ်လီဖိုးနီးယား အခြေစိုက်ကုမ္ပဏီဟာ ရှယ်ယာတစ်ခုလျှင် ဒေါ်လာ ၁.၆၇ အသားတင်ဝင်ငွေရရှိပြီး ၂၀၁၆ ခုနှစ် မေလနှင့် ဇူလိုင်လအကြား စုစုပေါင်း ရ.၇၉ ဘီလီယံ ဝင်ငွေရရှိခဲ့ချိန်က ရှယ်ယာတစ်ခုလျှင် ဒေါ်လာ ၁.၄၂ ဖြစ်ပါတယ်။

ယခုတတိယသုံးလပတ်မှာ Apple ရဲ့ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၄၅.၄ ဘီလီယံရှိပြီး ဒါဟာ ၂၀၁၆ တုန်းက အလားတူကာလမှာ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၄၂.၃ ဘီလီယံ ရရှိခဲ့ချိန်ကထက် ရ ရာခိုင်နှုန်း တိုးလာပါတယ်။

ဝင်ငွေအများစုဟာ iPhone ရောင်းချရာမှ ဝင်လာတာဖြစ်ပြီး မေလနှင့် ဇွန်လအကြား အလုံးရေ ၄၁ သန်း ရောင်းချရာမှာ ဒေါ်လာ ၂၄.၈ ဘီလီယံ ရရှိခဲ့ပါတယ်။

ကုမ္ပဏီရဲ့ ဒီဂျစ်တယ် content နှင့် Apple Pay app အပါအဝင် အခြားဝန်ဆောင်မှုများမှ ရရှိတဲ့ဝင်ငွေဟာ ဒေါ်လာ ရ.၂၆ ဘီလီယံထိဖြစ်တာကြောင့် ၂၀၁၆ ရဲ့ တတိယသုံးလပတ်တုန်းက ဝင်ငွေ ဒေါ်လာ ၅.၉၇ ဘီလီယံ ရရှိခဲ့တာထက် ၂၁ ရာခိုင်နှုန်းထိ ခုန်တက်ကြောင်း ပြသနေပါတယ်။

Apple ဟာ လက်ရှိ ငွေသားဖြင့် ဒေါ်လာ ၂၆၁.၅ ဘီလီယံ ရှိပြီး ၎င်းရဲ့ ၉၄ ရာခိုင်နှုန်းမှာ အမေရိကန်နိုင်ငံရဲ့ ပြင်ပက ဖြစ်ပါတယ်။ ဒီကိန်းဂဏာန်းဟာ မေလကုန်က ထုတ်ပြန်လိုက်တဲ့ ဒေါ်လာ ၂၅၆ ဘီလီယံထက် ၁၃ ရာခိုင်နှုန်းထိ မြင့်မားနေတယ်လို့ ဆိုပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags