ဓာတ်ပုံကောင်းရဖို့အတွက် celebrity တွေရဲ့လျှို့ဝှက်ချက် သူတို့တွေအားလုံးက ဘာကို သုံးကြလဲ သိလား

ဓာတ်ပုံကောင်းရဖို့အတွက် celebrity တွေရဲ့လျှို့ဝှက်ချက် သူတို့တွေအားလုံးက ဘာကို သုံးကြလဲ သိလား

ဓာတ်ပုံဆရာတဖြစ်လဲ မိစန္ဒီရဲ့ဝါသနာအသစ်

ပရိသတ်ရဲ့အသဲကျော် hip-hop အဆိုတော်မိစန္ဒီက သူ့ညီမကို မော်ဒယ်အဖြစ် သုံးပြီးသူ့ရဲ့ဖုန်းအသစ် Huawei P10 Plus ရဲ့ ကင်မရာကို စမ်းထားပါတယ်။

 

Yoko San ပြောပြတဲ့ ဓာတ်ပုံရိုက်နည်း

Photo of the Day ရအောင် ဘယ်လိုရိုက်ရမလဲဆိုတဲ့ အချက် ၁၀ ချက်ကို fashion stylist ဖြစ်တဲ့ Yoko San က သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာ ပရိသတ်တွေသိအောင် ဖော်ပြထားပါတယ်။

Yoko San က iPhone 7 နဲ့ Huawei P10 တို့ရဲ့ flash သုံးပြီး ရိုက်ထားတဲ့ ပုံတွေကို ယှဉ်ပြထားပါတယ်။ ဘယ်ဘက်ကပုံက iPhone 7 နဲ့ ရိုက်ထားတာဖြစ်ပြီး ညာဘက်ကပုံကတော့ Huawei P10နဲ့ ရိုက်ထားတာပါ။ ဘယ်ပုံက ပိုကောင်းလဲဆိုတာကတော့ ရှင်းပါတယ်။

Huawei P10 Plus ကိုသုံးပြီး သျှားထွဋ်အိန္ဒြာရဲ့ အလှကို အမိအရဖမ်းယူထားတဲ့ ဓာတ်ပုံသီဟ

ဓာတ်ပုံဆရာ သီဟကလည်း Huawei P10 Plus ရဲ့ Portrait Mode ကိုသုံးပြီး ၂၀၁၄ခုနှစ်ရဲ့ Miss Universe Myanmar အလှမယ်သျှားထွဋ်အိန္ဒြာရဲ့ အလှကို မှတ်တမ်းတင်တဲ့ အခါ ရလာတဲ့ပုံတိုင်းက cover shot တွေပါပဲ။

ဒါရိုက်တာအာကာရဲ့ရိုက်ချက်

ဒါရိုက်တာအာကာကလည်း Huawei ရဲ့ Facebook အစီအစဉ်တစ်ခုဖြစ်တဲ့ ‘Match & Win’campaign တစ်ခုလုံးအတွက် ပုံတွေရိုက်တုန်းက Huawei P10 Plus ကိုပဲ အသုံးပြုထားပါတယ်။ အလင်းအမှောင်တွေကို လိုသလို ကစားထားပြီး အဖြူအမဲနဲ့ ရိုက်ထားတဲ့ နာမည်ကြီး အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေဟာ အနုပညာမြောက်တဲ့အတွက် ပရိသတ်ကို ပဟေဠိဆန်စေခဲ့ပါတယ်။

Tin String အမည်နဲ့ မြန်မာသရဲကားတစ်ကားကိုလည်း ရိုက်ကူးနေတဲ့ ဒါရိုက်တာအာကာဟာ behind-the-scene ဓာတ်ပုံတွေအားလုံးကို DSLR ကင်မရာအစား Huawei P10 Plus ကိုပဲ အသုံးပြုပြီး ရိုက်ထားပါတယ်။ ရလာတဲ့ဓာတ်ပုံတွေကတော့ ရုပ်ရှင်ရဲ့ ခြောက်ခြားစရာကောင်းတဲ့ရသကို ပေါ်လွင်စေပါတယ်။

ရန်ရန်ချန်းရဲ့ လျှိုထားတဲ့ဓာတ်ပုံလက်စွမ်း

ဇနီးသည်ကို ဓာတ်ပုံရိုက်ပေးရင်း Huawei P10 Plus မှာပါတဲ့ camera effect တွေကို ရန်ရန်ချန်းက စမ်းသပ်ခဲ့ပါတယ်။ သူကိုယ်တိုင်က ဓာတ်ပုံဆရာမဟုတ်ပေမယ့် Huawei P10 Plus ကို ခရီးသွားဘလော့ဂါ၊ ဖက်ရှင်နဲ့ မိတ်ကပ်ဘလော့ဂါတွေ အသုံးပြုဖို့ အကြံပေးထားပါတယ်။ ရိုက်လိုက်တဲ့ ပုံတိုင်းက လိုအပ်တဲ့အတိုင်း ကွက်တိထွက်လာလို့ပါတဲ့။

နန်းဆုဦးရဲ့ Huawei P10 Plus နဲ့ ပထမဆုံးရိုက်တဲ့ Cover Shoot

Cover shoot တွေ ရိုက်တဲ့နေရာမှာ Huawei P10 Plus ဟာ DSLR ကင်မရာတွေရဲ့ ပုံထွက်အရည်အသွေးကို ကောင်းကောင်းယှဉ်နိုင်တဲ့အတွက် MODA မဂ္ဂဇင်းက သရုပ်ဆောင်နန်းဆုဦးနဲ့ cover shoot ရိုက်တဲ့နေရာမှာ DSLR ကင်မရာအစား Huawei P10 Plus ကို အသုံးပြုထားပါတယ်။ သြဂုတ်လမှာ ထွက်ရှိမယ့် MODA မဂ္ဂဇင်းက ဓာတ်ပုံတွေကို စောင့်မျှော်ပြီး အားပေးကြပါဦး။

Huawei P10 ကိုသုံးပြီးသူ့ရဲ့လုပ်ငန်းဆောင်တာများကို မှတ်တမ်းတင်တဲ့ ထွန်းထွန်း

Huawei ရဲ့ အမာခံပရိသတ်ဖြစ်တဲ့ ထွန်းထွန်းကတော့ Huawei P series smart phone တွေရဲ့ နောက်ဆုံးပေါ်ဖြစ်တဲ့ Huawei P10 ကို အသုံးပြုပြီးသူ့ရဲ့ဇာတ်ညွှန်းတွေ၊ behind-the-scene ရိုက်ကွက်တွေကို မှတ်တမ်းတင်လေ့ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly