ကင်မ်ဂျံုအန်းက ရူးနှမ်းနေသူတစ်ယောက်ပဲ ဆိုပြီး ဒူတာတေး ပြော

ကင်မ်ဂျံုအန်းက ရူးနှမ်းနေသူတစ်ယောက်ပဲ ဆိုပြီး ဒူတာတေး ပြော

သြဂုတ် ၂ ။                      ။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျံုအန်းဟာ တကယ်တမ်းကျတော့ ရူးနှမ်းနေသူတစ်ယောက်ပဲ ဆိုပြီး ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက သြဂုတ်လ ၂ ရက်က တိုက်ခိုက်ပြောကြားလိုက်ပါတယ်။ ပြံုယမ်းခေါင်းဆောင်ဟာ နျူကလီးယားစစ်မီးမွှေးပြီး  အာရှဒေသကို ဖျက်ဆီးပစ်ချင်ပစ်လာနိုင်တဲ့ အရူးအနှမ်းတစ်ယောက်ပဲ ဆိုပြီး ဒူတာတေးက ပြောဆိုလိုက်တာဖြစ်ပါတယ်။

မကြာမီကာလအတွင်း မနီလာမြို့မှာ ဒေသတွင်းလုံခြံုရေးအစည်းအဝေးတစ်ခု ကျင်းပဖို့ ရှိနေပြီး ယင်းမတိုင်ခင် ခုလိုမျိုး ဒူတာတေးက ကင်မ်ဂျံုအန်းကို တိုက်ခိုက်ပြောဆိုလိုက်ခြင်းလည်း ဖြစ်ပါတယ်။

 ဖိလစ်ပိုင်မှာ ကျင်းပမယ့် အဆိုပါ အစည်းအဝေးမှာတော့ မြောက်ကိုရီးယားတို့ရဲ့ ပဲ့ထိန်းဒုံးစမ်းသပ်မှုကိစ္စကို အထူးဦးစားပေးဆွေးနွေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

" သူက အန္တရာယ်ရှိတဲ့ အရုပ်တွေနဲ့ ကစားနေတာပါ" လို့ အသက် ရ၂ နှစ်ရှိပြီ ဖြစ်တဲ့ ဒူတာတေးက ပြောပါတယ်။

" သူတကယ်လို့ အမှားလုပ်လိုက်မယ်ဆိုရင် အာရှဒေသ ကခြောက်ကပ်တဲ့ နယ်မြေကြီး ဖြစ်လာပါလိမ့်မယ်၊ ဒါကြောင့် ဒီလိုနျူကလီးယားစစ်ပွဲကိုတော့ ရပ်တန့်ရပါလိမ့်မယ်" လို့ ၎င်းက ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကင်မ်ဂျံုအန်းရဲ့ ဦးဆောင်မှုအောက်မှာ မြောက်ကိုရီးယားတို့အနေနဲ့ ယင်းတို့ရဲ့ နျူရည်မှန်းချက်တွေကို တိုးမြင့်ဖော်ဆောင်လာနေလျက်ရှိပြီး နိုင်ငံတကာဝေဖန်ပြစ်တင်မှုတွေကို မျက်ကွယ်ပြုနေလျက်ရှိပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required