CL နှင့်အတူ သီချင်းများ ပူးတွဲဖန်တီးလိုသည့် Lorde

CL နှင့်အတူ သီချင်းများ ပူးတွဲဖန်တီးလိုသည့် Lorde

နာမည်ကျော်အဆိုတော် Lorde က သူမအနေဖြင့် တောင်ကိုရီးယားမှ 2NE1 အဖွဲ့ဝင်ဟောင်း CL နှင့်အတူ ပူးတွဲ၍ သီချင်းများ ဖန်တီးလိုကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

နယူးဇီလန်နိုင်ငံမှ တေးရေးနှင့် အဆိုတော်မလေး Lorde သည် ပြီးခဲ့သောဇူလိုင်လ ၂၈ ရက်နေ့က ကိုရီးယား နိုင်ငံတွင်ပြုလုပ်သော Jisan Valley ရော့ခ်ဂီတနှင့် အနုပညာပွဲတော်၌ ပထမဦးဆုံးအကြိမ်အဖြစ် သီဆိုဖျော်ဖြေ ခဲ့သည်။

သူမသည် တောင်ကိုရီးယားမှ နာမည်ကျော်အမျိုးသမီး ဂီတအဖွဲ့များဖြစ်ကြသော 2NE1 နှင့် Girl’s Generation တို့အကြောင်းကို သူမ၏အထက်တန်းကျောင်းမှ သူငယ်ချင်းများကြောင့် စတင်သိရှိခဲ့ရခြင်း ဖြစ်ကြောင်း အီးမေးလ် အင်တာဗျူးတစ်ခု၌ ထုတ်ဖော်ပြောကြားခဲ့သည်။

တောင်ကိုရီးယား ပေါ့ပ်ဂီတလောကအပေါ် သူမ၏စိတ်ဝင်စားမှုနှင့် ပက်သက်၍ “ ကိုရီးယားနိုင်ငံမှာ အလွန်ကို ထူးချွန်တဲ့ အနုပညာရှင်တွေရှိပါတယ်။ အထူးသဖြင့် 2NE1 ဂီတအဖွဲ့ဝင်ဟောင်း CL ကို ကျမအရမ်း ကြိုက်ပါ တယ်။ သူမနဲ့အတူ သီချင်းတွေ ပူးတွဲဖန်တီးချင်ပါတယ်” ဟု Lorde က ပြောကြားခဲ့သည်။

ဒါ့အပြင် “ ဆိုးလ်မြို့ဟာ အရမ်းကိုလှပပါတယ်။ ဒီမြို့ကနေ ကောင်းမွန်တဲ့ ခံစားချက်တွေကို ကျမခံစား ရပါတယ်။ အထူးသဖြင့် ဒီမြို့မှာရတဲ့ ကြက်သားရနံ့ရှိတဲ့ သရေစာတွေကို ကျမကြိုက်နှစ်သက်ပါတယ်။ နောက်တခါကျရင် ဘာစားသင့်လဲဆိုတာကို အကြံပေးပါဦး” ဟုလည်း Lorde က ကိုရီးယားနိုင်ငံ၌ သွားရောက် ဖျော်ဖြေစဉ်အတွင်း ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required