မန္တလေးတွင် စိတ်ကြွရူးသွပ်ဆေးဝါးများ ဆိုင်ကယ်အတွင်း ဖမ်းမိ

မန္တလေးတွင် စိတ်ကြွရူးသွပ်ဆေးဝါးများ ဆိုင်ကယ်အတွင်း ဖမ်းမိ
(ဓာတ်ပုံ၊မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့)

မန္တလေး၊ သြဂုတ် ၂ ။               ။ မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်၊(စျ)ရပ်ကွက်၊၅၉လမ်းနှင့်သခင်ဖိုးလှကြီးလမ်းထောင့်တွင် မူးယစ်သတင်းအရ သြဂုတ် ၁ ရက်၊ည ၉ နာရီ၊၄၅မိနစ်က မူးယစ်တပ်ဖွဲ့စု(၁၇)မှ တပ်ဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူစောင့်ဆိုင်းနေစဉ် ၄၀ယ/xxxxx Dayang ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူအား ရှာဖွေ စစ်ဆေးရာမှ 88/1 စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၇၀ ပြား၊ အလေးချိန် ၅၇ ဂရမ်(တန်ဖိုး ၂၈၅၀၀၀၀ ကျပ်)ကို ဖမ်းဆီးရမိကြောင်းသိရသည်။

အဆိုပါ ဆိုင်ကယ်စီးလာသည့် စည်သူထွန်း(ခ)မျောက်ကတုံး ၂၈ နှစ်၊ စဉ့်ကိုင်မြို့နယ်နေသူနှင့် သန်းဌေးအောင်(ခ) ကိုရဲ ၁၈ နှစ်၊ (စ) ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူတို့အားရှာဖွေစစ်ဆေးရတွင် သန်းဌေးအောင်(ခ) ကိုရဲ၏ ယာလက် တွင်ကိုင်ထားသည့် စီးကရက်ဘူးခွံအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိသူများကို ပြည်ကြီးတံခွန်မြို့နယ်၊မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly