မန်စီးတီးကွင်းလယ်လူဖာနန်ဒို ဂါလာတာစာရေးသို့ ပြောင်းမည်

မန်စီးတီးကွင်းလယ်လူဖာနန်ဒို ဂါလာတာစာရေးသို့ ပြောင်းမည်

သြဂုတ် ၂၊ မန်ချက်စတာ။            ။ မန်စီးတီးအသင်းမှ ဘရာဇီးကွင်းလယ်ကစားသမား ဖာနန်ဒိုသည် တူရကီကလပ်ဂါလာတာစာရေးအသင်းသို့ ပြောင်းရွှေ့မည် ဖြစ်သည်။

ဗီလာနိုဗာအသင်းတွင်ကစားသမားဘဝစတင်ခဲ့သည့် အသက် ၃၀ အရွယ်ကစားသမားသည် ၂၀၁၄ တွင် ပေါ်တိုမှ မန်စီးတီးသို့ ပေါင် ၁၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

မန်စီးတီးအသင်းအတွက် ၁၀၁ ပွဲကစားထားပြီး ၂၀၁၆ တွင် လီဗာပူးလ်အသင်းကိုအနိုင်ရခဲ့သည့် EFL ဖလားဗိုလ်လုပွဲတွင်လည်း ပွဲထွက်ကစားခဲ့သည်။

ယမန်နှစ်က ၂၇ ပွဲကစားခဲ့သော်လည်း တစ်ပွဲသာပွဲထွက်ကစားသမားဖြစ်ခွင့်ရခဲ့ပြီး လက်ရှိရာသီကြိုအမေရိကန်ခြေစမ်းခရီးစဉ် တွင်လည်းလိုက်ပါခွင့်မရခဲ့ဘဲ အနားပေးခံခဲ့ရသည်။

လက်ရှိနွေတွင် နောက်တန်းအစွန်ကစားသမားသုံးဦးအတွက် ပေါင်သန်း ၁၂၀ သုံးထားပြီး စုစုပေါင်းပေါင်သန်း ၂၀၀ သုံးထားသည့် မန်စီးတီးနည်းပြဂွာဒီယိုလာသည် ဗဟိုနောက်ခံလူသစ်တစ်ဦး ရှာဖွေလျှက်ရှိသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly