ထိုင်ဝမ် လမ်းမပေါ်မှာ မောင်းသူမဲ့ဘတ်စ်ကား စတင်စမ်းသပ်

ထိုင်ဝမ် လမ်းမပေါ်မှာ မောင်းသူမဲ့ဘတ်စ်ကား စတင်စမ်းသပ်

ထိုင်ဝမ်နိုင်ငံဟာ ကျောင်းပရဝုတ်များ၊ လေဆိပ်များနှင့် စက်မှုဇုန်များကဲ့သို့ ထိန်းချုပ်လို့ရတဲ့ နေရာများရှိ လမ်းမများပေါ်မှာ မောင်းသူမဲ့ဘတ်စ်ကားများကို စတင်စမ်းသပ် မောင်းနှင်နေပြီဖြစ်ပါတယ်။

တနင်္လာနေ့က ထိုင်ဝမ်မြို့တော်ရှိ လမ်းမတစ်ခုကို ပိတ်လိုက်ပြီး မောင်းသူမဲ့ ဘတ်စ်ကားရဲ့ ကွန်ပျူတာစနစ်က လမ်းရဲ့ မြေပုံကို ရေးဆွဲရန်၊ လမ်းအနေအထား ရင်းနှီးကျွမ်းဝင်းမှု ရရှိရန်နှင့် ဖြစ်လာနိုင်တဲ့ ထိခိုက်မှုတွေ တုံ့ပြန်သင်ယူရန် မနက် ၁ မှ ၄ နာရီအထိ၊ ၅ ရက်ကြာ စမ်းသပ်မှုကို ပြလုပ်မှာဖြစ်ပါတယ်။

မောင်းသူမဲ့  EZ10 အသေးစားဘတ်စ်ကားဟာ ခရီးသည် ၁၂ ဦး (၆ ဦးထိုင်၊ ၆ ဦးမတ်တပ်ရပ်စီး) တင်ဆောင်နိုင်ပြီး ဘက်ထရီအားနဲ့ ပြေးဆွဲနိုင်မှာဖြစ်ပါတယ်။ တစ်ကြိမ် အားသွင်းခြင်းဖြင့် ၎င်းဟာ ၁၄ နာရီအထက် အသုံးပြုနိုင်ပြီး ၁ နာရီလျှင် အမြင့်ဆုံး ၄၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

အဆိုပါဘတ်စ်ကားကို ပြင်သစ် Easymile ကုမ္ပဏီက ထုတ်လုပ်ပြီး အမေရိကန်လုပ် အလင်းအာရုံခံကိရိယာများနှင့် ထိုင်ဝမ်လုပ် ကွန်ပျူတာစနစ်ကို အသုံးပြုထားပါတယ်။

EZ10 မောင်းသူမဲ့ဘတ်စ်ကားဟာ ဘတ်စ်ကားများ၊ ဆိုင်ကယ်များနှင့် လမ်းသွားလမ်းများ ပိတ်ဆို့ပြည့်ညပ်နေတဲ့ ပုံမှန်အသုံးပြု လမ်းမများမှာ အသုံးပြုလို့ မရသေးပေမယ့် ထုတ်လုပ်သူများကတော့ အများသုံး မောင်းသူမဲ့ဘတ်စ်ကားများ တစ်နေ့မှာ အမှန်တကယ်ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

Ref; & Photos: EFE, EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly