ပြည်​မြို့တွင်​ ​ရေစီးဖြင်​့ ​မျောပါလာသည်​့ ​ပုပ်ပွ​ လူ​သေအ​လောင်​း​တွေ့ရှိ

ပြည်​မြို့တွင်​ ​ရေစီးဖြင်​့ ​မျောပါလာသည်​့ ​ပုပ်ပွ​ လူ​သေအ​လောင်​း​တွေ့ရှိ

ပြည်၊ သြဂုတ် ၁ ။           ။ ပဲခူးတိုင်​း ပြည်​ခရိုင်​ ပြည်​မြို့ နဝင်​း​ချောင်​းအတွင်​း  သြဂုတ်​ ၁ ရက်​ နံနက်​ပိုင်​းက  ​ရေစီးဖြင်​့​မျောပါလာသည်​့ ပုပ်​ပွ​သေဆုံး​နေ​သော လူ​သေအ​လောင်​းတစ်​ခု ​တွေ့ရှိခဲ့ ​ကြောင်​းသိရသည်​။

ထို​နေ့ နံနက်​ ၁၀နာရီက ပြည်မြို့ နဝင်​း​ချောင်​း ကမ်းစပ် နဝင်းရပ်ကွက်ဘက်ခြမ်း နဝင်းတံတား၏ အောက်ဘက် အကျဆုံးနေရာတွင် မှောက်လျှက် ​သေဆုံး​နေ​သော အမျိုးသားအလောင်းကို ​တွေ့ရှိခဲ့ ခြင်​းဖြစ်​သည်​။

​သေဆုံးသူသည်​ ပြည်​မြို့ သစ်​ချီတင်​​ကျေးရွာ အုပ်​စု သစ်​ချီတင်​​ကျေးရွာ မှ အသက်​ ၆၅ နှစ်​အရွယ်​ ​ ဦးသန်းထွန်း ဆိုသူ​ တောင်​သူတစ်​ဦး ဖြစ်​သည်​ဟု သိရသည်​။

၄င်းမှာ ကျန်းမာရေးမကောင်း၍ လမ်းမလျှောက်နိုင်ဖြစ်ကာ ဒရွတ်တိုက်သွား​နေသူဖြစ်​ပြီး  ဇူလိုင်​လ ၃၀ ရက်​ ည​နေပိုင်​းတွင်​  ပျောက်ဆုံးသွားခဲ့​သဖြင်​့ မိသားစုမှ လိုက်​လံရှာ​ဖွေ ​နေသူဖြစ်​သည်​။

နံနက် ၁၀ နာရီခန့်တွင် ဇီးဖြူကုန်း နှင့် ချောင််းနားတန်းကျေးရွာသားများတွေ့ရှိ ၍ သက်ဆိုင်ရာအမှတ် ၁ ရဲစခန်​းသို့ ဆက်​သွယ်​ အကြောင်းကြား၍စစ် ချက်များယူခဲ့သည်။ ထို့နောက် နေ့လည် ၁၂ နာရီခွဲတွင် ယင်းအလောင်း ကို မိုးမေတ္တာနာရေးကူညီမှုအသင်းက ကုတင် ၅၀၀ဆန့် ဆေးရုံကြီး ရင်ခွဲရုံသို့ပိုဆောင်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required