ဖိလစ်ပိုင်မှာ HIV ကူးစက်မှုဖြစ်စဉ်တွေ မြန်မြန်ဆန်ဆန် တိုးပွားလာနေဟု ကုလ သတိပေး

ဖိလစ်ပိုင်မှာ HIV ကူးစက်မှုဖြစ်စဉ်တွေ မြန်မြန်ဆန်ဆန် တိုးပွားလာနေဟု ကုလ သတိပေး

သြဂုတ် ၁ ။             ။ အာရှဒေသတွင်းက ဖိလစ်ပိုင်နိုင်ငံမှာ HIV ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်တွေ လျင်လျင်မြန်မြန်နဲ့ တိုးပွားဖြစ်ပေါ်နေလျက်ရှိကြောင်း ကုလသမဂ္ဂက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်သတိပေးလိုက်ပါတယ်။

အဆိုပါ အရှေ့တောင်အာရှနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၇ ကြားကာလတွင်း ရောဂါပိုးကူးစက်မှုဖြစ်စဉ်သစ် ဖြစ်ပွားမှု ရာခိုင်နှုန်း ၁၄၀ ထိ တိုးမြင့်ဖြစ်ပေါ်ခဲ့ကြောင်း ကုလ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

" ဖိလစ်ပိုင်တို့အနေနဲ့ ဒီအခြေအနေမှာ ချက်ချင်းတုန့်ပြန်ဆောင်ရွက်ရပါလိမ့်မယ်၊ အဓိက ကူးစက်မှုဖြစ်စဉ်တွေ ထပ်မဖြစ်အောင် တားဆီးရပါလိမ့်မယ်" လို့ ကုလသမဂ္ဂ UNAIDS ဒေသဆိုင်ရာ   ထောက်ပံ့မှုအဖွဲ့ ဒါရိုက်တာ Eamonn Murphy က ပြောပါတယ်။

အလားတူ HIV ကာကွယ်တားဆီးရေး အားထုတ်မှုတွေကို အလေးထားလုပ်ဆောင်သွားဖို့ ဖိလစ်ပိုင်အစိုးရကို တိုက်တွန်းကြောင်း ၎င်းက ပြောကြားသွားခဲ့ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အဆိုပါ ဗိုင်းရပ်စ်ပိုးကူးစက်မှုဖြစ်စဉ် ၁၀ ခုအနက် ၈ ခုက အမျိုးသားတွေအချင်းချင်း လိင်ဆက်ဆံမှုတွေကြောင့် အဓိကဖြစ်နေရတာကို တွေ့ရကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Genesis Samonte ကလည်း ပြောသွားပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required