အာဖရိကဒေသမှာ ပထမဆုံးသော နိုင်ငံရပ်ခြားစစ်အခြေစိုက်စခန်းတစ်ခု တရုတ်တို့ ဖွင့်လှစ်

အာဖရိကဒေသမှာ ပထမဆုံးသော နိုင်ငံရပ်ခြားစစ်အခြေစိုက်စခန်းတစ်ခု တရုတ်တို့ ဖွင့်လှစ်

သြဂုတ် ၁ ။                     ။ အာဖရိကဒေသ ဂျီဘူတီနိုင်ငံမှာ ပထမဆုံးသော ပင်လယ်ရပ်ခြား ရေတပ်အခြေစိုက်စခန်းတစ်ခုကို တရုတ်တို့ တရားဝင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယင်း စခန်းဖွင့်လှစ်မှုဟာ တရုတ်တို့ရဲ့ နိုင်ငံပြင်ပ စစ်အင်အားတိုးချဲ့ဖြန့်ကျက်မှုအတွက် အဓိကကျတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်လာခဲ့ပါတယ်။

အဆိုပါ အာဖရိကဒေသ စစ်စခန်းသစ် ဖွင့်လှစ်ခြင်းအထိမ်းအမှတ် အလံတင်အခမ်းအနားတစ်ခုကိုတော့ တရုတ်စစ်ဘက်အရာရှိတွေ၊ တာဝန်ရှိသူတွေနဲ့ ဖိတ်ကြားထားတဲ့ ဧည့့်သည်တွေ တက်ရောက်ခဲ့ကြပြီး စစ်ရေးပြအခမ်းအနားတစ်ခုပါ ကျင်းပပြုလုပ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် သတင်းအေဂျင်စီ ဆင်ဟွာမှာ ဖော်ပြပါတယ်။

တရုတ်စစ်တပ် ထူထောင်မှု နှစ် ၉၀ ပြည့်မြောက်တဲ့အထိမ်းအမှတ်နဲ့ ယခု နိုင်ငံရပ်ခြား စစ်စခန်းသစ် ဖွင့်လှစ်မှုက အချိန်ကိုက်နေလျက်ရှိပါတယ်။

ဂျီဘူတီနိုင်ငံမှာ ထားရှိမယ့် တရုတ်တို့ရဲ့ ယင်းရေတပ်စခန်းကိုတော့ အာဖရိကဒေသ၊ အနောက်တောင်အာရှဒေသတို့မှာ ရေတပ်ဆိုင်ရာ ကင်းလှည့်စောင့်ကြည့်မှုတွေကို ထောက်ကူပေးနိုင်ဖို့၊ ကုလ ငြိမ်းချမ်းရေးစောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်းနဲ့ အတူ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးတို့မှာ ထောက်ကူလုပ်ကိုင်ပေးနိုင်ဖို့အတွက် အသုံးချသွားမှာဖြစ်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required