နာဂါစကီနျူကလီးယားဗုံးကြဲမှု နှစ် ရ၀ ပြည့် ကျင်းပ

နာဂါစကီနျူကလီးယားဗုံးကြဲမှု နှစ် ရ၀ ပြည့် ကျင်းပ

ဒုတိယကမ္ဘာစစ် အဆုံးသတ်ခြင်းတစ်ရပ်အဖြစ် လူပေါင်း ၇၄၀၀၀ ကျော်ထက်မနည်းသေဆုံးခဲ့သည့် နာဂါစကီနျူကလီးယားဗုံးကြဲမှု နှစ် ၇၀ ပြည့်အထိမ်းအမှတ်ကို ယနေ့ သြဂုတ် ၉ ရက်တွင် ကျင်းပပြုလုပ် သည်။

အဆိုပါ ဗုံးကြဲမှုမှ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ယခုတွင် အသက်ကြီးပိုင်းအရွယ်ရောက်နေသူများနှင့် သေဆုံးခဲ့ကြသူများ၏ ဆွေမျိုးသားချင်းများအပါအဝင် အထိမ်းအမှတ်ပွဲ သို့ထောင်ပေါင်းများစွာသောပြည်သူ များ တက်ရောက်ကြပြီး ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် နာဂါစကီကို အဏုမြူဗုံးကြဲချသည့် ၁၉၄၅ ခုနှစ် သြဂုတ် ၉ ရက် အချိန်အားဖြင့် နံနက် ၁၁ နာရီ ၀၂ မိနစ်ကို အစွဲပြုကာ ယင်းအချိန်အရောက်တွင် တက်ရောက်လာကြသူများက တစ်မိနစ်တိတိ ခေတ္တငြိမ်သက်နေခဲ့ကြသည်။

ဝန်ကြီးချုပ်ရှင်ဇိုအာဘေးကိုယ်တိုင်လည်း တက်ရောက်လာခဲ့ကာ ပန်းခွေချခဲ့သည်။ အမေရိကန်သံအမတ်ကြီး ကာရိုလင်းကနေဒီ အပါအဝင် နိုင်ငံပေါင်း ၇၅ နိုင်ငံမှ ကိုယ်စားလှယ်များလည်း အထိမ်း အမှတ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

”ကျွန်တော်နိုင်ငံက ကမ္ဘာပေါ်မှာ စစ်ပွဲအတွင်း နျူကလီးယားဗုံးနဲ့ တိုက်ခိုက်ခံရတဲ့ တစ်ခုတည်းသောနိုင်ငံပါ။ ဒါကြောင့် ခုလိုလက်နက်မျိုး ကင်းမဲ့တဲ့ ကမ္ဘာတစ်ခုပေါ်ပေါက်ဖို့အတွက် ဂျပန်က တစ်ကမ္ဘာလုံး အားထုတ်မှုမှာ ရှေ့ကဦးဆောင်နေတာပဲဖြစ်ပါတယ်။”ဟု အာဘေးက မိန့်ခွန်းပြောခဲ့သည်။

ထိုပြင် ဂျပန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ကင်းစင်ရေးနိုင်ငံအဖြစ်ရေရှည်ရပ်တည်သွားမည့် မူဝါဒဖြစ်သော ထုတ်လုပ်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ တီထွင်ခြင်းများကို ဂျပန်မြေပေါ်တွင် ခွင့်ပြု ရှိစေမည် မဟုတ်ကြောင်းလည်း ပြောခဲ့သည်။

Ref: ASIA TIMES

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required