အူရီဒူးရဲ့ အစီအစဉ်သစ်တွေနဲ့ ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်ဖို့

အူရီဒူးရဲ့ အစီအစဉ်သစ်တွေနဲ့ ပျော်စရာကောင်းတဲ့ အချိန်လေးတွေ ပိုင်ဆိုင်ဖို့

လစာထုတ်ပြီး လဆန်း ၁ ရက်နေ့မှာ အင်တာနက်စိတ်ကြိုက်သုံးဖို့ ဖုန်းဘေလ်အပြည့် ဖြည့်ချင်တာနဲ့ ဒီကနေ့ သြဂုတ်လ ၁ ရက်နေ့မှာ စတင်တဲ့ အူရီဒူးရဲ့ Package လေး စိတ်ဝင်စားမိတယ်ရှင့်။

ဖုန်းဆိုင်မှာ အူရီဒူးရဲ့ အစီအစဉ်သစ်တွေ ဒီကနေ့ စတင်မိတ်ဆက်ထားတယ်ဆိုလို့ လိုအပ်နေတုန်း အံကိုက်ဖြစ်သွားတာပေါ့။ ဖုန်းဆိုင်က ရှင်းပြတာတွေ နားထောင်ရင်း ကိုယ့်စိတ်ကူးထဲမှာတော့ အင်တာနက် စိတ်ကြိုက်သုံးမယ်၊ သီချင်းတွေ တဝကြီး နားထောင်မယ်ပေါ့ရှင်။

အစီအစဉ်သစ်တွေကို စိတ်ရှည်လက်ရှည်ရှင်းပြတဲ့ ဆိုင်မို့လို့ အတော်လည်း နားရည်ဝပြီး အစီအစဉ်သစ်ကြောင့် ပျော်ခဲ့တာလေးတွေ မျှဝေပေးချင်ပါတယ်။

အူရီဒူးက ၂ ရက်ကြာအသုံးပြုနိုင်သော ဒေတာအစီအစဉ်သစ်ကိုလည်း ၀န်ဆောင်မှုပေးထားပြီး တစ်ရက်တည်း အကုန်မသုံးလိုလျှင်လည်း ၂ ရက်ကြာအသုံးပြုနိုင်မည့် ဒေတာအစီအစဉ်ကို ၁ဝဝ MB လျှင် ၂၉၉ ကျပ်နှုန်းနဲ့ ပေးထားတယ်ဆိုတော့ ရဲ့ဒေတာ အပိုတွေနဲ့ ဖုန်းပိုပြောလို့ရ၊ ရုပ်ရှင် ပိုကြည့်လို့ရ၊ သီချင်းပိုနားထောင်လို့ ရပြီပေါ့။ ၂ရက်စာ ဒေတာအစီအစဉ်တွေအပြင် အပိုငွေဖြည့်လက်ဆောင် အစီအစဉ်၊ ပေါင်းကူးဒေတာ အစီအစဉ်သစ်တွေလည်း ပါတယ်ဆိုတော့ ပျော်စရာပဲပေါ့ရှင်။

ငွေဖြည့်လက်ဆောင်ကြတော့ ငွေဖြည့်ကတ်နဲ့ ငွေဖြည့်ပါက ၃ဝ% အထိ အပိုငွေဖြည့်လက်ဆောင်ရမှာ ဖြစ်သလို Easy Top Up နဲ့ ငွေဖြည့်ပါက ၅ဝ%အထိ အပိုငွေဖြည့်လက်ဆောင် ရဦးမယ်ဆိုတော့ အူရီဒူးUser တွေ အကြိုက်ပဲပေါ့။

နောက်ပြီးတော့ သြဂုတ်လ ၁ ရက်မှ ရ ရက်အတွင်း ဖုန်းငွေဖြည့်လို့ ရရှိတဲ့ ငွေဖြည့်အပိုလက်ဆောင် ရမယ့်အပြင် အဲဒါနဲ့  အူရီဒူး အချင်းချင်းဖုန်းခေါ်တာတို့၊ မက်ဆေ့ချ်ပို့တာ၊ သုံးသလောက်ပေး အင်တာနက် တို့ကိုပါ သုံးလို့ရတယ်လို့ ကြေညာထားတာကြောင့် အဆင်ပြေမှ ပြေပါပဲရှင်။

အားလုံးကြိုက်တဲ့ ပေါင်းကူးအစီအစဉ်ကတော့ အစီအစဉ်သစ် တိုးလာတယ်ရှင့်။ ၈၀၀ MB ကို ၉၉၉ ကျပ်နဲ့ ၀ယ်နိုင်တာနေ အခု အစီအစဉ်သစ်က ၃၅၀ MB အတွက် ၆၉၉ ကျပ်မှ စတင်ဝယ်ယူနိုင်ပြီး တစ်လတာ အသုံးပြုနိုင်ပါတယ်။

၂ GB နှင့် ၃.၅ GB ပေါင်းကူးအစီအစဉ်များအတွက် ၅ဝ% ငွေဖြည့််လက်ဆောင် ထည့်ပေးမည့် အထူးအစီအစဉ် လည်း ပါ ပါတယ်။ဒီငွေဖြည့်လက်ဆောင်ကတော့ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဖို့၊ မက်ဆေ့ချ်ပို့ဖို့၊ သုံးသလောက် ပေးအင်တာနက်တို့မှာ ၃ ရက်ကြာ သုံးနိုင်ပါသေးတယ်။

ထူးခြားချက်ကတော့ အသုံးမပြုရသေးရတဲ့ ဒေတာတွေကို ပေါင်းကူးဒေတာအစီအစဉ်တွေ ဝယ်နေသရွေ့ အသုံးပြုနိုင်မှာမို့  *140# ကိုခေါ်ဆိုလို့ ရပါတယ်ရှင်။

ကဲ ဘာလိုသေးလဲရှင်။ တစ်ခုကျန်ခဲ့ပါသေးတယ်။ အူရီဒူး၏ ဖလန်းဖလန်းအင်တာနက်မှာ ဒေတာအသုံးပြုခနှုန်းထားကိုလည်း  1 MB ကို ၆ကျပ်နှုန်းဖြင့် လျော့ထားပေးတယ်လို့ ပါ ပါသေးတယ်။ အူရီဒူးနဲ့အတူ ဖုန်းတစ်လုံးနဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို အမြဲတမ်း ပိုင်ဆိုင်ပြီပေါ့။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly