ဝန်ကြီးသူရဦးအောင်ကို၏ သမီး Facebook အကောင့်ပိတ်သိမ်းကြောင်း သာသနာရေးဝန်ကြီးဌာနမှ ကြေညာ

ဝန်ကြီးသူရဦးအောင်ကို၏ သမီး Facebook အကောင့်ပိတ်သိမ်းကြောင်း သာသနာရေးဝန်ကြီးဌာနမှ ကြေညာ

ရန်ကုန် ၊ သြဂုတ် ၁ ။             ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၏ သမီးဖြစ်သူ မနှင်းစံပယ်အောင်ကို၏ လူမှုကွန်ယက်စာမျက်နှာကို သုံးစွဲခြင်းမရှိဘဲ ပိတ်သိမ်းလိုက်ပြီး ဖြစ်ကြောင်း ၀န်ကြီးဌာနမှ ဇူလိုင်လ ၂၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

"Facebook Account အတုများစွာဖြင့် ဖခင်ဖြစ်သူနှင့် မနှင်းစံပယ်အောင်ကိုတို့၏ ဂုဏ်သိက္ခာ၊ ဌာန၏ ဂုဏ်သိက္ခာများကို ထိခိုက်စေရန်အပြင် ဘာသာသာသနညှိးနွမ်းစေရန်အတွက်ပါ ရည်ရွယ်ပြီး မလိုလားသူများက နည်းအမျိုးမျိုးဖြင့် လှုံ့ဆော်ရေးသားနေသည်" ဟု ၀န်ကြီးဌာန၏ ကြေညာချက်တွင် ပါ၀င်သည်။

အဆိုပါအချက်များကြောင့် ပြည်ထောင်စုဝန်ကြီး၏ သမီးဖြစ်သူ မနှင်းစံပယ်အောင်ကို၏ လူမှုကွန်ယက်စာမျက်နှာကို သုံးစွဲခြင်းမရှိဘဲ ပိတ်သိမ်းပြီ ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ ၀န်ကြီးဌာနများ၏ တရားဝင် အင်တာနက်စာမျက်နှာများတွင် ယခုကဲ့သို့ ပြည်ထောင်စုဝန်ကြီး သမီးဖြစ်သူ၏ လူမှုကွန်ယက်စာမျက်နှာပိတ်သိမ်းကြောင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly