HBO ရုပ်သံကုမ္ပဏီ ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် Game of Thrones ဇာတ်ညွှန်းအခိုးခံရ

HBO ရုပ်သံကုမ္ပဏီ ဆိုက်ဘာတိုက်ခိုက်ခံရမှုတွင် Game of Thrones ဇာတ်ညွှန်းအခိုးခံရ

ဟက်ကာအုပ်စုတစ်စုက ၄င်းတို့သည် HBO ရုပ်သံကုမ္ပဏီ၏ အချက်အလက်များကို ထိုးဖောက်ဝင်ရောက်ကာ ရယူခဲ့ပြီး Game of Thrones ဇာတ်လမ်းတွဲ၏ ဇာတ်ညွှန်းကိုလည်း ခိုးယူခဲ့ကြောင်း အခိုင်အမာပြောကြားခဲ့ သည်။

ထိုအုပ်စုက ၄င်းတို့ထံတွင် ရုပ်သံကုမ္ပဏီ၏ ၁.၅ TB ပမာဏရှိသော အချက်အလက်များကို ပိုင်ဆိုင်ထား ကြောင်း ပြောကြားခဲ့ပြီး အွန်လိုင်းပေါ်သို့ Ballers နှင့် Room 104 ဇာတ်လမ်းတွဲ၏ ဇာတ်လမ်းအပိုင်းများကို တင်ခဲ့သည်။

ဒါ့အပြင် အခြားအချက်အလက်များကိုလည်း မကြာမီတွင် အွန်လိုင်းပေါ်သို့ ထုတ်ပြန်သွားမည့်အကြောင်းကို လည်း ၄င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။

HBO ကလည်း ၄င်းတို့သည် ဆိုက်ဘာနှောင့်ယှက်မှု ဖြစ်ရပ်ကိုကြံုတွေ့ခဲ့ရကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ သည်။

ဒါ့အပြင် အခိုးခံလိုက်ရသည့် Game of Thrones ဇာတ်ညွှန်းမှာ လက်ရှိတွင် ထုတ်လွှင့်နေသည့် ခုနှစ်တွဲမြောက် ဇာတ်လမ်းတွဲ၏ အပိုင်း ၄ ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ HBO က “ ကျနော်တို့ဟာ ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှုတွေကို စတင်ပြုလုပ်နေ ပြီး ဆိုက်ဘာလုံခြံုရေးကုမ္ပဏီတွေနဲ့ ဥပေဒအကျိုးတော်ဆောင်တွေနဲ့အတူ တိုင်ပင်နေပါတယ်” ဟု ပြောကြားခဲ့ သည်။

“အချက်အလက်တွေကို ကာကွယ်ထိန်းသိမ်းတာဟာ HBO ရဲ့ ပထမဦးစားပေးပါ။ ကျနော်တို့ထိန်းသိမ်းထားတဲ့ အချက်အလက်တွေကို ကာကွယ်ဖို့ ကျနော်တို့ရဲ့ဝတ္တရားအတိုင်း အပူတပြင်းဆောင်ရွက်နေပါတယ်” ဟုလည်း HBO မှ ဖြည့်စွက်ပြောကြားခဲ့သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required