အိန္ဒိယမှာ ဆင်နင်း၊ ကျားကိုက်ခံရမှုများကြောင့် တစ်နေ့ကို လူတစ်ဦးနှုန်း သေဆုံးနေ

အိန္ဒိယမှာ ဆင်နင်း၊ ကျားကိုက်ခံရမှုများကြောင့် တစ်နေ့ကို လူတစ်ဦးနှုန်း သေဆုံးနေ

သြဂုတ် ၁ ။           ။ အိန္ဒိယနိုင်ငံမှာ ဆင်တွေ၊ကျားတွေရဲ့ ရန်ပြုတိုက်ခိုက်မှုတွေကြောင့် တစ်နေ့ကို လူတစ်ဦးနှုန်း အသက်ဆုံးရှုံးနေရလျက်ရှိကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ယင်းနိုင်ငံမှာ တောရိုင်းတိရိစ္ဆာန်တွေရဲ့ မူလနေထိုင်ကျက်စားရာနေရာတွေကို လူသားတွေက ပိုမိုနယ်ချဲ့ကျူးကျော်မှုတွေ ရှိလာနေတာနဲ့အမျှ ယခုလို တိရိစ္ဆာန်တွေရဲ့ ရန်ပြုမှုတွေဖြစ်ပေါ်နေခဲ့ပြီး လူတွေ အသက်ဆုံးရှုံးမှု များပြားနေရတာဖြစ်ပါတယ်။

ဒါပေမယ့် အပြန်အလှန်အားဖြင့်လည်း လူတွေရဲ့ သတ်ဖြတ်မှုကြောင့် ယင်းနိုင်ငံမှာ တစ်နေ့ကို ကျားသစ် တစ်ကောင်နှုန်း သေဆုံးနေရလျက်ရှိကြောင်းလည်း သိရပါတယ်။

အိန္ဒိယမှာဆိုရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြို့ပြဖော်ဆောင်ထူထောင်မှုအောက်မှာ ကျယ်ပြောလှတဲ့ တောအုပ်တွေ ဆုံးရှုံးပျောက်ကွယ်ခဲ့ရတာနဲ့အမျှ နယ်မြေဆုံးရှုံးလိုက်ရတဲ့ တိရစ္ဆာန်တွေကလည်း လူသားတွေနေထိုင်ရာ အဝန်းအဝိုင်းထဲ မကြာခဏဆိုသလို ရောက်ရှိရန်မူတဲ့ ဖြစ်စဉ်တွေ ရှိနေခဲ့ပါတယ်။

အိန္ဒိယ သဘာဝပတ်ဝန်းကျင် ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရဆိုရင် ပြီးခဲ့တဲ့ ၂၀၁၄ ဧပြီလနဲ ယခုနှစ်မေလအကြား ရက်ပေါင်း ၁,၁၄၃ ရက်မှာ နိုင်ငံတစ်ဝှမ်း လူပေါင်း ၁,၁၄၄ ဦး အဆိုပါ တောရိုင်းတိရိစ္ဆာန်တွေရဲ့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required