ကျောင်းသားများ H1N1 ကူးစက်မည်စိုး၍ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ Tutorial များရွှေ့ဆိုင်း

ကျောင်းသားများ H1N1 ကူးစက်မည်စိုး၍ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ Tutorial များရွှေ့ဆိုင်း
Photo-Yangon University Of Foreign Languages Students' Union

ရန်ကုန်၊ သြဂုတ် ၁ ။            ။ ရန်ကုန်တွင်ဖြစ်ပွားနေဆဲဖြစ်သည့် ပြင်းထန်တုတ်ကွေး H1N1 ဗိုင်းရပ်စ်ကူးစက်မည်ကို စိုးရိမ်၍ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) ရှိ Tutorial များ၊ Presentation များအားလုံးကို ရွှေ့ဆိုင်းပေးလိုက်ကြောင်း YUFL ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုစစ်ထွဋ်မင်းနိုင်ကပြောသည်။

“ ကျောင်းကတော့ မပိတ်ဘူး။ ကျောင်းက Roll Call ကိုပေးလိုက်တဲ့သဘောပေါ့။ မတက်လည်းရတယ် တက်လည်းရတယ်။ Tutorial နဲ့ Presentation တွေအကုန်လုံးကို ရွှေ့ထားပေးလိုက်တာ ”  ဟု ၄င်းက ပြောဆိုသည်။

ယနေ့ ( သြဂုတ် ၁) အင်္ဂါနေ့မှစတင်၍ ရပ်ဆိုင်းမည်ဖြစ်ပြီး ရောဂါ၏ အခြေအနေကိုကြည့်၍ ထပ်မံရွေ့ဆိုင်းရန် လိုအပ်ပါက ရွှေ့ဆိုင်းမည်ြ ဖစ်ကြောင်းသိရသည်။ YUFL ကျောင်း ပါမောက္ခချုပ်သို့ YUFL ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များက တင်ပြခဲ့ရာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း ကိုစစ်ထွဋ်မင်းနိုင်က ပြောသည်။

လူများသောကျောင်းကဲ့သို့နေရာမျိုးကို မလာသင့်ဆုံး အချိန်ဖြစ်ကြောင်း ပါမောက္ခချုပ်မှ ဇူလိုင် ၃၁ ကျောင်းသားသမဂ္ဂများနှင့် တွေ့ဆုံချိန်တွင်ပြောဆိုခဲ့ ကြောင်း YUFL ကျောင်းသားသမဂ္ဂ ထုတ်ပြန်စာတွင်ဖော်ပြထားသည်။

ကျောင်းတက် Roll Call များမှာ ကောက်ယူမှုရပ်ဆိုင်း၍ မရပါသောကြောင့် ဆက်လက်ကောက်ခံမည် ဖြစ်သော်လည်း အရေးပေါ်ကာလအတွင်း အခြေအနေအရ ဖြေလျော့မည်ဖြစ်ကြောင်းသိရသည်။

ထိုအပြင် ကျောင်းသားများအနေဖြင့် အသက်ရှုလမ်းကြောင်းနှင့် ပြဿနာ တစ်ခုခုဖြစ်ပေါ်လာပါက လည်းကောင်း၊ ကိုယ်အပူရှိန်များ ရုတ်တရက် တက်လာလျှင်လည်းကောင်း ကျောင်းသားများသမဂ္ဂ (သို့ ) ဌာနများ (သို့) ကြက်ခြေနီတပ်ဖွဲ့များသို့ အမြန်ဆုံးအကြောင်းကြားကြရန်လည်း သမဂ္ဂအဖွဲ့ဝင်များက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly