ယူရို ၂၂၂ သန်းတန် စာချုပ်နှင့်ပတ်သက်ပြီး ပီအက်စ်ဂျီကို တိုင်ကြားရန် ဘာစီလိုနာစဉ်းစားနေ

ယူရို ၂၂၂ သန်းတန် စာချုပ်နှင့်ပတ်သက်ပြီး ပီအက်စ်ဂျီကို တိုင်ကြားရန် ဘာစီလိုနာစဉ်းစားနေ

သြဂုတ် ၁၊ ဘာစီလိုနာ။                 ။ ဗုဒ္ဓဟူးနေ့တွင် နေမာလေ့ကျင့်ခန်းပြန်ဆင်းရန်မျှော်လင့်ထားသည့် ဘာစီလိုနာအသင်းသည် အကယ်၍ပီအက်စ်ဂျီအသင်းက နေမာ၏စာချုပ်ဖျက်သိမ်းကြေး ယူရို ၂၂၂ သန်း (ပေါင် ၁၉၈) သန်းကိုပေးရန်သဘောတူခဲ့မည်ဆိုပါက ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းအရ စုံစမ်းခံရစေရန် တွန်းအားပေးသွားရန် အဆင်သင့်ဖြစ်နေသည်။

လိဂ် ၁ ကလပ်နှင့်သတင်းများအဆက်မပြတ်ထွက်ပေါ်နေသည့် အသက် ၂၅ နှစ်အရွယ်ကစားသမားသည် အင်္ဂါနေ့တွင် တရုတ်မှပြန်ရောက်လာမည်ဖြစ်သည်။

ကစားသမားအနေဖြင့် ယခုပတ်အတွင်း ကာတာနိုင်ငံတွင် ပီအက်စ်ဂျီအသင်းနှင့်ဆေးစစ်မည်ဟုလည်း သတင်းများထွက်ပေါ်နေ သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမီယူကမူ အသင်းတွင်နေမာဆက်နေဖွယ်ရှိသည်ဟု ပြီးခဲ့သည့်အပတ်က ပြောဆိုထားသည်။

ပီအက်စ်ဂျီအသင်းက ယူရို ၂၂၂ သန်းဖြင့်ကမ်းလှမ်းလာခဲ့ပါက ဘဏ္ဍာရေးညီမျှမှုစည်းမျဉ်းကိုချိုးဖောက်ရာရောက်၊ မရောက်ကို ဆုံးဖြတ်ပေးရန် ဥရောပဘောလုံးအဖွဲ့ချုပ်ထံ ဘာစီလိုနာအသင်းက   တောင်းဆိုသွားမည်ဖြစ်သည်။

လာလီဂါဥက္ကဋ္ဌ ဟာဗီးယား တီဘက်စ်ကလည်း အကယ်၍ဥရောပဘောလုံးအဖွဲ့ချုပ်က အရေးယူရန်ပျက်ကွက်ခဲ့ပါက ပြင်သစ် ချန်ပီယံအသင်းဟောင်းကို ဥပဒေအရပြန်လည်တုန့်ပြန်သွားမည်ဟု ပြီးခဲ့သည့်အပတ်က မန်ဒိုဒီပို့တီဗိုသတင်းစာနှင့် အင်တာဗျူးတွင် ခြိမ်းခြောက်ပြောဆိုထားသည်။

Ref; BBC
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags