ဗင်နီဇွဲလားရှိ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁၂၁ဦးသေဆုံးကာ ၂ထောင်နီးပါးခန့်ဒဏ်ရာရရှိဟု ရှေ့နေချုပ်ပြော

ဗင်နီဇွဲလားရှိ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁၂၁ဦးသေဆုံးကာ ၂ထောင်နီးပါးခန့်ဒဏ်ရာရရှိဟု ရှေ့နေချုပ်ပြော

ကာရာကတ်စ်၊ သြဂုတ် ၁  ။            ။ ဗင်နီဇွဲလားနိုင်ငံ၏ ရှေ့နေချုပ်ဖြစ်သူ လူဝီဆာအော်တီဂါဒီယက်ဇ်က ဧပြီ ၁ ရက်နေ့ကတည်းက စတင်ခဲ့သော အစိုးကိုဆန့်ကျင်သည့် ဆန္ဒပြပွဲများအတွင်း   သေဆုံးသူ ၁၂၁ဦးရှိကာ ဒဏ်ရာရရှိသူ ၁၉၅၈ ဦးခန့်ရှိကြောင်း တနင်္လာနေ့က ကြေညာခဲ့သည်။

“လွန်ခဲ့သော လတွေအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း သေဆုံးသူ ဗင်နီဇွဲလားနိုင်ငံသား ၁၂၁ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၉၅၈ ဦးအထိ ရှိနေတာကို ၀မ်းနည်းစွာဖြင့် တွေ့မြင်နေရပါတယ်။ ဒဏ်ရာရရှိသူတွေဟာလည်း ပြင်းပြင်းထန်ထန်ကို ဒဏ်ရာရခဲ့တာပါ” ဟု သူမက အချက်အလက်များကို ကြည့်ရှု၍ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

သေဆုံးသူအရေအတွက် ၁၂၁ဦးထဲမှ ၁၀ ဦးသည် အခြေခံဥပေဒအသစ်ကို ရေးဆွဲရန်အတွက် ပြီးခဲ့သော တနင်္ဂနွေနေ့က သမ္မတနစ်ကိုးလပ်စ်မာဒူယို ဦးစီးပြုလုပ်သည့် ရွေးကောက်ပွဲအား ဆန့်ကျင်သော ဆန္ဒပြပွဲများ အတွင်း သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း အော်တီဂါက ပြောခဲ့သည်။

ဒါ့အပြင်သူမက ဆန္ဒပြပွဲများ၌ သတိပြုစရာ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ပွားခဲ့ကြောင်းကို ပြောကြားခဲ့သလို လွန်ခဲ့သော ၄နှစ်အတွင်း နိုင်ငံအတွင်းရှိ ပြည်သူများ လုံခြံုမှုမရှိတော့ခြင်းသည် စိုးရိမ်စရာဖြစ်ကြောင်းနှင့် နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်မှုကို နိုင်ငံအတွင်းရှိ လူသတ်မှုများနှင့် နှိုင်းယှဉ်တိုင်းတာခြင်း ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

လူ့အခွင့်အရေးကို စနစ်တကျချိုးဖောက်နေမှုများသည် နိုင်ငံသားအားလုံးအတွက် စိုးရိမ်စရာဖြစ်ကြောင်းကို လည်း သူမကပြောခဲ့ပြီး အထူးသဖြင့် သူမရှေ့နေချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည့်   ပြည်သူ့ရေးရာ ၀န်ကြီးဌာနအနေဖြင့် ထိုလုပ်ရပ်များကို သည်းခံမည်မဟုတ်ကြောင်းနှင့် ဆက်လက်ပြီး ရှုံ့ချသွားမည်ဖြစ် ကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly