အာဏာရပါတီက နိုင်ငံတော် တိုးတက်အောင် လုပ်သွားစေချင်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ပြော

အာဏာရပါတီက နိုင်ငံတော် တိုးတက်အောင် လုပ်သွားစေချင်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ပြော

ရန်ကုန် (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ အနိုင်ရသည့်ပါတီသည် အရည်အချင်းရှိသည့်ပါတီ ဖြစ်စေလိုပြီး အာဏာရပါတီသည် နိုင်ငံတော် တိုးတက်အောင် လုပ်ဆောင်သွားစေချင်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက သြဂုတ် ၈ ရက်တွင် ပြောကြားလိုက်သည်။

ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မဇ္ဈိမရုပ်သံ နှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

"ပါတီတွေကို တွေ့တိုင်း တွေ့တိုင်း ကျွန်တော် ပြောပါတယ်။ ကျွန်တော်က အမျိုးသား နိုင်ငံရေးလုပ်မှာပါ။ အမျိုးသား နိုင်ငံရေးဖြစ်တဲ့အတွက် Next Generation (နောက် မျိုးဆက်သစ်) ကို ကြည့်ပါတယ်။ ခင်ဗျားတို့က ပါတီ နိုင်ငံရေး ဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို ကြည့်ပါ။ ရွေးကောက်ပွဲနိုင်တဲ့ ပါတီကတော့ အရည်အချင်းရှိတဲ့ ပါတီ ဖြစ်စေချင်တယ်။ အာဏာရ ပါတီက အရည်အချင်းရှိတဲ့ပါတီဖြစ်ပြီး နိုင်ငံတော်ကြီး တိုးတက်အောင် လုပ်သွားစေချင်တယ်။ ရှုံးတဲ့ပါတီကလည်းပဲ အရည်ချင်းရှိတဲ့ ရှုံးတဲ့ပါတီ ဖြစ်ရမယ်’ ဟု ဦးတင်အေးက ပြောသည်။

(ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် မဇ္ဈိမ မီဒီယာ၏ သီးသန့်ရုပ်သံ အင်တာဗျူး အစီစဉ်ကို သြဂုတ် ၈ ရက်က မဇ္ဈိရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်ကို လာမည့်ရက်များတွင် အပိုင်းလိုက်ခွဲ၍ မဇ္ဈိမတွင် ဖော်ပြပေးသွားမည် ဖြစ်သည်။)

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနှင့် တွေ့ဆုံမေးမြန်းမှုတွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲဖြစ်လာမလား၊ တပ်မတော်တွင်း မဲပေးမှုတွေက လွှတ်လပ်ပြီး တရားမျှတမှုကို ထိခိုက်နိုင်မလား၊ နိုင်ငံခြားရောက် မဲဆန္ဒရှင်တွေရဲ့ ကြိုတင်မဲ ကိစ္စ ဘယ်လိုဆောင်ရွက်မလဲ၊ ရွေးကောက်ပွဲအပြီး ကော်မရှင်ဥက္ကဋ္ဌ အနေနဲ့ ဘာဆက်လုပ်သွားဖို့ရှိမလဲ စသည့် မေးခွန်းများကို မေးမြန်းထားပြီး ဆက်လက် ဖော်ပြသွားမည် ဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags